ကောင်မလေးတွေသ၀န်တိုတဲ့အခါဘယ်လိုအပြုအမူတွေလုပ်တတ်လဲ

ကောင်မလေးတွေသ၀န်တိုတဲ့အခါဘယ်လိုအပြုအမူတွေလုပ်တတ်လဲ google.com

မိန်းကလေးတွေကတော့ ယောင်္ကျားလေးတွေထက်စာရင် အများကြီးပိုပြီးသ၀န်တိုတတ်ကြပါတယ်။ ကိုယ့်ချစ်သူကို

တခြားကောင်မလေးတွေကြည့်ရင်မကြိုက်တတ်ကြပါဘူး။ ဒီတော့ ကောင်မလေးတွေ သူတို့ချစ်သူကောင်လေးအပေါ်သ၀န်တိုတဲ့အခါ ဘယ်လိုအပြုအမူလေးတွေလုပ်တတ်လဲဆိုတာကြည့်လိုက်ရအောင်နော်။

 

-       အားရင်အားသလို သင့်ဖုန်းကို ခိုးကြည့်တာတစ်မျိုး၊ ပေါ်တင်စစ်တာတစ်ဖုံလုပ်ပါလိမ့်မယ်။ ဖုန်းကောတွေ၊ မက်ဆေ့ခ်ျတွေကို စစ်ပြီး မသင်္ကာစရာတွေ့ရင်တော့ စရစ်ပြီပေါ့။

-       သင်မသိတဲ့အကောင့်တစ်ခုဖွင့်ပြီး အွန်လိုင်းမှာသင့်ကို ချက်ကင်လိုက်နေပါလိမ့်မယ်။ အီစီကလီ လာလုပ်ကောင်းလုပ်နိုင်ပါတယ်။ ပြန်ပြီး အီစီကလီလုပ်မိရင်တော့ တော်တော်ကိုဖြေရှင်းယူရတော့မှာပေါ့။

-       ဘယ်တွေရောက်နေလဲ ဘာတွေလုပ်နေလဲ ဖုန်းဆက်ပြီး ခဏခဏမေးပါလိမ့်မယ်။ သင့်ကိုတွေ့နေရက်နဲ့လည်း မသိချင်ယောင်ဆောင်ပြီး ဘယ်ရောက်နေလဲဖုန်းဆက်မေးလို့ လိမ်လိုက်မိရင်တော့ မတွေးရဲစရာပါပဲ။

-       သင်အိမ်ပြန်နောက်ကျရင် ဒေါသထွက်ပြီး ရစ်ပါလိမ့်မယ်။ သင်က အမှန်အတိုင်းပြောပြနေရင်တောင် ယုံမှာမဟုတ်ပါဘူး။ ဘယ်တွေဝင်နေတာလဲ .. ဘယ်သူနဲ့တွေ့နေလို့နောက်ကျနေတာလဲ စသဖြင့်ရစ်ပါလိမ့်မယ်။

-       သင့်ရဲ့ငွေအ၀င်အထွက်ကိုလည်း စစ်ပြီး ဘာကြောင့်ငွေတွေကုန်နေတာလဲ .. ဘယ်ကောင်မကိုထောက်ပံ့နေလို့ ပိုက်ဆံတွေမရှိတော့တာလဲ စသဖြင့် မေးမြန်းစုံစမ်းမှုတွေလည်း ပြုလုပ်လာနိုင်ပါတယ်။

 

Source – Shwemom

 

Read More: တက္ကသိုလ်ကျောင်းသားဘ၀ရဲ့အချစ်ဇာတ်လမ်းလေးတွေ
macho tomando foto con amigos de la universidad en el parque 13339 21684

Read times Last modified on Wednesday, 19 September 2018 10:47
Rate this item
(1 Vote)