ယောက်ျားကောင်းတွေတကယ်ချစ်ရင်လုပ်ပေးမယ့်အရာများ

ယောက်ျားကောင်းတွေတကယ်ချစ်ရင်လုပ်ပေးမယ့်အရာများ google.com

ကောင်လေးတွေဟာသူ့ချစ်သူကောင်မလေးကိုတကယ်ချစ်ရင်ဒီလိုအချက်လေးတွေမလွဲမသွေလုပ်ပေးပါလိမ့်မယ်...

 

()ကိုယ့်ချစ်သူကိုချစ်ခင်လေးစားမှုအပြည့်အဝပေးတယ်

 

ချစ်သူဟာဘယ်လောက်နိမ့်ကျနေပါစေတကယ်ချစ်တဲ့ယောက်ျားတစ်ယောက်ဟာဘယ်တော့မှချစ်သူအပေါ်ပြီးစလွယ်မဆက်ဆံပါဘူး ။ ယုတ်စွ အဆုံး ချစ်သူဟာ အပျော်မယ်ဖြစ်နေရင်တောင် ချစ်သူကိုလေးစားမြတ်နိုးမှု အပိုင်းကတစက်ကလေးမှလျော့မသွားပါဘူး ။

 

 

()ချစ်သူရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးလိမ့်မယ်

 

ကိုယ့်ချစ်သူရဲ့ဆန္ဒကဘာဆိုတာအမြဲအလေးထားသူတွေဖြစ်တဲ့အတွက်ချစ်သူ့မျက်နှာကိုတချက်ကလေးမညိုးစေချင်တဲ့သူတွေဖြစ်ပါတယ် ။ ဒါပေမဲ့သူဖြည့်ပေးနိုင်တာမျိုးတော့ဖြစ်ရမယ်ပေါ့ ။

 

 

()ချစ်သူကိုလုံခြုံမှုအပြည့်အဝပေးလိမ့်မယ်

 

ချစ်သူကိုလုံခြုံမှုပေးနိုင်တဲ့နေရာမှာလည်းပြောစရာမလိုပါဘူး ။ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုကိုအသာထား ၊ သူကိုချစ်မိတဲ့ချစ်သူကိုစိတ်ပိုင်းဆိုင်ရာလုံခြုံမှုအပြည့်အဝပေးနိုင်စွမ်းတဲ့သူတွေဖြစ်ပါတယ် ။

 

 

()ချစ်သူကိုသူ့စိတ်ထဲမှာရှိတဲ့အတိုင်းဖွင့်ပြောတယ်

 

ဒီလိုယောက်ျားတွေဟာကိုယ့်ချစ်သူအပေါ်ဘာကိုမှလျှို့ဝှက်ဖို့စဉ်းစားတဲ့သူတွေမဟုတ်ပါဘူး ။ လုပ်စရာရှိရင်လည်းချစ်သူနဲ့တိုင်ပင်တယ် ၊ ပြောစရာရှိရင်လည်းချစ်သူကိုဖွင့်ပြောတယ် ။ ရိုးသားတဲ့ချစ်သူတွေမှာသာတွေ့ရတဲ့ အမူအကျင့်ဖြစ်ပါတယ်။

 

 

()ကိုယ့်ရဲ့ဆုံးဖြတ်ချက် ၊ အပြုအမူတွေနဲ့ပတ်သက်ပြီးတာဝန်ယူမှုအပြည့်ရှိတယ်

 

ချစ်သူနဲ့ပတ်သက်ရင်သူ့ရဲ့ဆုံးဖြတ်ချက်တွေ ၊ အပြုအမူတွေ ၊ ဖြစ်လာရင်တာဝန်ယူမှုအပြည့်ရှိပါတယ် ။ အနီးစပ်ဆုံးဥပမာပြောရရင်လွန်ကျူးမိလို့မဖုံးနိုင်မဖိနိုင်ဖြစ်လာရင်ဘယ်လိုအခက်အခဲရှိပါစေချစ်သူကိုပစ်မထားဘဲသူရဲ့ တာဝန်သိစိတ်ကိုပြတတ်သူတွေဖြစ်ပါတယ် ။ ဒီထက်ပိုနိုင်သေးတာကတော့ချစ်သူဟာတပါးသောယောက်ျားနဲ့မှောက်မှားမိတယ်ဆိုရင်တောင်သူ့မှာချစ်စိတ်နဲ့တာဝန်ယူစိတ်ရှိပါတယ် ။

 

 

()အရာရာတိုင်းအတွက်မားမားမတ်မတ်ရပ်တည်တယ်

 

ချစ်သူနဲ့ပတ်သက်လာရင်ကောင်းသည် ဆိုးသည် ပဓာနမဟုတ် ။ သူ့ဘက်က မားမားမတ်မတ် ရပ်တည်ပါတယ် ။ ရင်ဆိုင်ဖြေရှင်းဖို့ပြဿနာတွေပေါ်လာရင်လည်းချစ်သူရှေ့ကနေ ရဲရဲရင့်ရင့် ရင်ဆိုင်ဖြေရှင်းတတ်သူတွေ ဖြစ်ပါတယ်။

 

 

()သူ့ချစ်သူကိုအခက်အခဲကြားကနေကယ်တင်တယ်

 

ကိုယ့်ချစ်သူဟာအခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်နေရရင်လည်း ဘေးကနေပါးစပ်နဲ့တင်ပူပင်ပြတဲ့သူမဟုတ်ပါဘူး ။ သူလုပ်နိုင်တဲ့ရှု့ထောင့်ကနေဝင်ရောက်ရုန်းကန်ပေးသူဖြစ်ပါတယ်။ စံချိန်မှာလည်းအတူတူ ခံချိန်မှာလည်း အတူတူဆိုတဲ့ စိတ်ဓာတ်မျိုးရှိသူတွေဖြစ်ပါတယ် ။

 

 

Credit;loveshortnotes

Read times Last modified on Tuesday, 18 September 2018 15:50
Rate this item
(4 votes)