မိန်းကလေးများအိမ်ေထာင်ဖက်ရွေးချယ်တော့မယ်ဆိုရင်

မိန်းကလေးများအိမ်ေထာင်ဖက်ရွေးချယ်တော့မယ်ဆိုရင် google.com

ရည်းစားတစ်ထောင်၊ လင်ကောင်တစ်ယောက်ဆိုတဲ့ စကားပုံ ကြားဖူးကြမှာပါ။မိန်းကလေးများ ရည်းစားတစ်ထောင်ထားရမယ်လို့ မဆိုလိုပါဘူး။

 

ဒါပေမဲ့ယောကျာ်းတစ်ယောက်ရဲ့အကြောင်းကိုကောင်းကောင်းမသိသေးခင်မှာအချစ်ကိုယုံပြီး ဘဝကိုမပုံအပ်သင့်ပါဘူး။ အချစ်ဦးဆိုတာ ရုပ်ရှင်ထဲမှာ ဇာတ်လမ်းထဲမှာ အလွန်လှပသလောက်တကယ်ညားသွားရင် သာယာတာကနည်းပါတယ်။

ဘယ်လိုယောကျာ်းမျိုးကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်သင့်ပါသလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက်အကြိုက်ချင်းမတူကြပါဘူး။ ဒါပေမဲ့အောက်ပါအကျင့်များ ငြိစွန်းနေတဲ့ယောကျာ်းများကိုတော့ အိမ်ထောင်ဖက်ရွေးမယ်ဆိုရင်ရှောင်ရှားသင်ပါတယ်နော်။

 

 

() ကပ်စေးနှဲလွန်းတဲ့ ယောကျာ်း

 

အရပ်စကားနဲ့နှပ်ချေးလို့လည်းခေါ်တာကြားဖူးကြမှာပါ။ ဒီလိုယောကျာ်းမျိုးနဲ့ ဆိုင်မှာတစ်ခုခုစားရင် ပိုက်ဆံပေးဖို့လက်တွန့်တတ်တာကိုတွေ့ရတတ်ပါတယ်။ သူဟာဘယ်လောက်ချမ်းသာတယ်။ ဘယ်လို Brand တွေကိုဝတ်ဆင်တယ်စသည်ဖြင့်သိသိသာသာဖြစ်ဖြစ်၊ မသိမသာဖြစ်ဖြစ်ကြွားတတ်ပေမဲ့ပိုက်ဆံရှင်းရပြီဆိုရင်မသိသလိုနေတတ်တဲ့ ယောကျာ်းမျိုးဖြစ်ပါတယ်။ ဒီလိုမျိုးယောကျာ်းကို ရှောင်ရှားသင်ပါတယ်။

 

 

() သံသယများတဲ့ယောကျာ်း

 

တအားချစ်လို့သံသယများတယ်။ အရမ်းချစ်လို့သဝန်တိုတယ်စသည်ဖြင့်ပြောနိုင်ပေမဲ့ သံသယများတဲ့ ယောကျာ်းများဟာ ကိုယ့်ကိုယ်ကိုယုံကြည်ချက်မရှိတာ သေချာပါတယ်။ ဒီလိုယောကျာ်းမျိုးနဲ့တစ်သက်လုံး နေထိုင်ဖို့မလွယ်ပါဘူး။ ကိုယ်ဘာပဲပြောပြော သူလိုချင်တဲ့ အဓိပ္ပါယ်ကိုကောက်ယူသွားတတ်ပါတယ်။ ပြီးရင်မထင်မှတ်တဲ့ အချိန်အခါမှာ စိတ်ဆိုးတယ်။ ဒါပေမဲ့အိမ်ထောင်ကျပြီးရင်တော့ သံသယကင်းပြီး စိတ်ချသွားတဲ့ ယောကျာ်းတွေလည်း ရှိပါတယ်။

 

 

() မျိုးချစ်လွန်းတဲ့ ယောက်ျား

 

သူ့အမျိုးဆိုရင်အကုန်ကောင်းတယ်။ နည်းနည်းမှထိလို့မရဘူး၊ သူများမိသားစု၊ သူများအမျိုးဆိုရင်လူမထင်ဘူး။ ဘာမဆိုသူတို့ဆိုရင်အကောင်းချည်းပဲ။ စဉ်းစားကြည့်လေ ဘယ်လိုပေါင်းမလဲ။

 

 

() စိတ်များတဲ့ ယောကျာ်း

 

စိတ်များတဲ့ယောကျာ်း၊ ရည်းစားကို အထည်လဲသလိုထားတဲ့ ယောကျာ်းမျိုးကိုရှောင်ပါ။ ဒီလိုယောကျာ်းမျိုးနဲ့ညားသွားတာ ရည်းစားလုဘက်တွေကိုအနိုင်ရလိုက်ပြီ မထင်လိုက်ပါနဲ့၊ကိုယ်နဲ့ညားပြီးရင်နောင်အသစ်ပေါ်လာတတ်ပါတယ်။

 

 

() လောင်းကစားတတ်ခြင်း

 

အစားအသောက်မက်တဲ့ ယောကျာ်းထက်လောင်းကစားဝါသနာပါတဲ့ ယောကျာ်းက ပိုကြောက်စရာကောင်းပါတယ်။ ပိုင်ဆိုင်သမျှ အကုန်ပြောင်သွားတတ်လို့ပါ။ လောင်းကစားဆိုရာမှာ နှစ်လုံးထီ၊ သုံးလုံးထီလည်းပါဝင်ပါတယ်။

 

 

() လက်ပါတတ်ခြင်း

 

လက်ပါတတ်တဲ့ ယောက်ျားမျိုးကို ရှောင်ကျဉ်ပါ။ တစ်ခါခွင့်လွတ်လိုက်ရင် နောက်တစ်ခါ ပြန်လာတတ်ပါတယ်။

 

 

() အတ္တဆန်လွန်းခြင်း

 

အတ္တဆန်လွန်းရင်ရှောင်ကျဉ်သင့်ပါတယ်။ ဘာမဆိုသူမှန်တယ်။ဘာမဆိုသူ့ကိုအလိုလိုက်မှဆိုရင်တစ်သက်လုံး ဘယ်လိုမှအဆင်ပြေနိုင်မှာမဟုတ်ပါဘူး။

 

 

() ယောကျာ်းဝါဒ လွန်ကဲခြင်း

 

ဒီလိုယောကျာ်းမျိုးဟာ အရည်အချင်းရှိတတ်ပါတယ်။ ယုံကြည်မူအပြည့်ရှိနေတတ်ပါတယ်။ ပြသနာက တစ်ချက်လွတ်အမိန့်ပြောသလိုစကားပြောတတ်ပါတယ်။ သူဟာ သင်ကိုစိတ်တွင်းကနေ အထင်သေးနေတတ်ပါတယ်။ မိန်းကလေးများ အားလုံးကိုအထင်သေးနေတာလည်း ဖြစ်နိုင်ပါတယ်။ သူ့ရဲ့အမြင်မှာ ဒီကမ္ဘာကြီးကိုယောကျာ်းများက ပိုင်ဆိုင်ပါတယ်။ မိန်းမဆိုတာ အဖြည့်ခံလို့သဘောထားပါတယ်။

 

 

Credit;သမီးလေးဖတ်ဖို့

Read times Last modified on Wednesday, 17 October 2018 13:07
Rate this item
(1 Vote)