ယောက်ျားလေးတွေ စိတ်ကုန်သွားတတ်တဲ့ မိန်းကလေးအမျိုးအစား (၅) မျိုး

ယောက်ျားလေးတွေ စိတ်ကုန်သွားတတ်တဲ့ မိန်းကလေးအမျိုးအစား (၅) မျိုး google.com

မိန်းကလေးတွေဟာ အရမ်းကို အချစ်ကြီးသလို၊ တစ်ခါတလေ ကိုယ့်ကိုယ်ကို ထိန်းချုပ်လို့မရလောက်အောင် အလွန်အကျွံတွေ ဖြစ်မှန်းမသိ ဖြစ်တတ်ကြပါတယ်။

 

တစ်ခါတလေ ဆိုရင်တော့ ကိစ္စမရှိပေမယ့် အမြဲတမ်းဒီလိုဖြစ်နေရင်တော့ ကိုယ့်ချစ်သူ၊ ကိုယ့်ရဲ့လက်တွဲဖော်က ငြီးငွေ့စိတ်ပျက်ပြီး နောက်ဆုံးမှာတော့ ထားသွားတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ ယောက်ျားလေးတွေ စိတ်ကုန်သွားတတ်တဲ့ မိန်းကလေးအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ တကယ်လို့ ဒီအထဲသင်ပါနေရင်တော့ အမြန်ဆုံးကိုယ့်ကိုယ်ကို ပြင်ဆင်လိုက်ပါ။ သင်ချစ်တဲ့သူကို လက်မလွှတ်လိုက်ရခင်ပေါ့။

 

 

() နားပူနားဆာလုပ်တဲ့ မိန်းကလေးမျိုး

 

နားပူနားဆာလုပ်တဲ့ မိန်းကလေးဆိုတာ ချစ်သူကို ထမင်းစားရေသောက်ကအစ အမြဲတမ်းလိုက်ပြောနေပြီး တစ်ခုခုအလိုမကျရင်လည်း ဗျစ်တောက်ဗျစ်တောက်နဲ့ အမြဲတမ်း မပြီးနိုင်မစီးနိုင် ပူညံပူညံ လုပ်နေတတ်တဲ့ သူတွေပါ။ ယောက်ျားလေးတွေဟာ ကျောပူတာသာ ခံနိုင်မယ်၊ နားပူတာ မခံနိုင်ကြပါဘူး။ ကြာလာတဲ့အခါ စိတ်တွေမွန်းကျပ်ပြီး သင့်အပေါ်မှာ စိတ်ကုန်သွားပါလိမ့်မယ်။ ဒါကြောင့် သင်မကျေနပ်တာ၊ ဒေါသထွက်တာတွေကို တိုတိုပြတ်ပြတ်၊ ရှင်းရှင်းလေးနဲ့ ထိထိမိမိလေးပြောတတ်ဖို့ လေ့ကျင့်သင်ယူလိုက်ပါ။

 

 

() အကျယ်ချဲ့တဲ့ မိန်းကလေးမျိုး

 

ပြဿနာသေးသေးလေးတွေ၊ ဘာမဟုတ်တဲ့ အသေးအမွှားလေးတွေကအစ လိုက်ပြီး ပုံကြီးချဲ့တတ်တဲ့ မိန်းကလေးမျိုးတွေကို ယောက်ျားလေးတွေက စိတ်ကုန်သွားတတ်ပါတယ်။ နှစ်ကိုယ်ကြားက တောက်ကဆ ဖြစ်တာတွေကို တစ်ေလာကလုံးသိအောင် ထုတ်ပြောတာမျိုး၊ အတွင်းရေးတွေကို ထုတ်ပြောတာမျိုး၊ အကြောင်းကိစ္စတိုင်းကို ပုံကြီးချဲ့ပြီး လူသိရှင်ကြားလုပ်တတ်တဲ့ မိန်းကလေးမျိုးကို ယောက်ျားလေးတွေ စိတ်ကုန်သွားတတ်ကြပါတယ်။

 

 

() နားလည်မှုမရှိတဲ့ မိန်းကလေးမျိုး

 

မိန်းကလေးတွေဟာ အချိန်တိုင်း အနိုင်လိုချင်တဲ့သူတွေပါ။ ဒါဟာ လုံးဝသဘာဝမကျပါဘူး။ သင်မှန်တဲ့ အချိန်လည်းရှိသလို၊ မှားတဲ့အချိန်တွေလည်း ရှိမှာပါ။ သင်နိုင်ခဲ့သလို၊ အရှုံးပေးသင့်တဲ့ အချိန်တွေလည်း ရှိပါတယ်။ အမြဲတမ်းအနိုင်ပဲလိုချင်ပြီး ကိုယ်လုပ်တာ၊ ကိုယ်ပြောတာ၊ ကိုယ်တွေးတာပဲ မှန်တယ်လို့ ထင်နေရင်တော့ သင်မှားနေပါပြီ။ ကိုယ့်စိတ်တစ်ခုပဲကြည့်ပြီး အမြဲတမ်း စိတ်ဆိုးစိတ်ကောက်၊ ပြဿနာရှာနေရင်တော့ ကြာလာတဲ့အခါချစ်သူက စိတ်ကုန်သွားမှာပါ။

 

 

() မမှန်ကန်သော မာနတရား

 

မာနက ရှိသင့်တဲ့နေရာရှိရင်တော့ လေးစားမှုကိုခံရပေမယ့် တလွဲမာနရှိနေရင်တော့ စိတ်ကုန်ခြင်းကိုသာ ခံရမှာပါ။ ဘယ်လိုမျိုးလဲဆိုတော့ ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်လို့ မာနရှိတာ အရမ်းကိုကောင်းပါတယ်။ စောင့်ထိန်းသင့်တာကိုစောင့်ထိန်းရမှာပါ။ ဒါဆိုရင်တော့ ချစ်သူရဲ့လေးစားတန်ဖိုးထားမှုကို ခံရမှာပါ။ ဒီလိုမာနမျိုးမဟုတ်ပဲ ကိုယ်မှားနေတာတောင် မတောင်းပန်ချင်၊ ကိုယ့်ဖက်ကဘယ်တော့မှ ပြန်ချော့ဖို့ မစဉ်းစားဘူး၊ သူမလျှော့မချင်း ကိုယ်လည်းမလျှော့ဘူးဆိုတဲ့ စိတ်ရှိနေရင်တော့ ချစ်သူရဲ့ စိတ်ကုန်ခြင်းသာ ရလဒ်အဖြစ်ခံစားရမှာပါ။

 

 

() မယုံကြည်ခြင်း

 

ယောက်ျားလေးတွေဟာ သူဘာမှမဟုတ်ရင်တောင် ချစ်သူရဲ့ယုံကြည်မှုကို ရရှိချင်တဲ့သူမျိုးတွေပါ။ သူတို့ဟာ လက်တွေ့မှာသာ ဘာမှ ဖြစ်ဖြစ်မြှောက်မြှောက် မဖြစ်သေးဘူးဆိုရင်တောင်၊ သူတို့မှာ ကောင်းမွန်တဲ့စိတ်ကူးတွေ၊ ကြီးမားတဲ့အိပ်မက်တွေ ရှိပါတယ်။ ဒီအရာတွေကို အကောင်အထည်မဖော်နိုင်သေးခင် သူတို့ကိုသူတို့ အရမ်းသိမ်ငယ်ကြပါတယ်။ ဒီလိုအချိန်မှာ ချစ်သူက အားမပေးပဲ မယုံကြည်တာတွေ၊ အပြစ်တင်တာတွေလာလုပ်ရင် အရမ်းကို စိတ်ကုန်သွားပြီး ဘယ်လောက်ချစ်ချစ် ယောက်ျားမာနတစ်ခုကြောင့် လမ်းခွဲသွားတတ်ပါတယ်။

 

 

Credit;Aunty May

Read times Last modified on Friday, 19 October 2018 13:09
Rate this item
(2 votes)