အောင်မြင်ပျော်ရွှင်သော အိမ်ထောင်ရေးတည်ဆောက်ဖို့ လိုအပ်ချက်များ

အောင်မြင်ပျော်ရွှင်သော အိမ်ထောင်ရေးတည်ဆောက်ဖို့ လိုအပ်ချက်များ google

အောင်မြင်ပျော်ရွှင်နေတဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်နေတဲ့သူတိုင်း ကံကောင်းလို့မဟုတ်ပါဘူး။

အဲ့ဒီလိုဖြစ်လာဖို့အတွက် လိုအပ်ချက်တွေကို သူတို့တတ်နိုင်သမျှ သိအောင် လုပ်ကြပြီး ဖြစ်အောင် ကြိုးစားကြလိုပါ။ ကဲ ဘာတွေလိုအပ်ကျသလဲဆိုတာ နည်းနည်းပြောကြည့်ကြရအောင်ဗျာ။

 

 

() တစ်ယောက်နဲ့တစ်ယောက် ဂရုတစိုက်ရှိကြတယ်

 

လူတစ်ယောက်စီတိုင်းမှာ သူ့လိုအပ်ချက်နဲ့သူ ရှိကြတယ်ဗျ။ သူဖြစ်စေချင်တဲ့အရာတွေရှိကြတယ်ဗျ။ အဲ့ဒီအချက်တွေကို လျစ်လျူရှုတာ အရေးမစိုက်တာ လုပ်သင့်လို့လားလို့ မေးခွန်းထုတ်တာထက် သိပြီး တလေးတစားလုပ်ပေးသင့်တာပေါ့။ပျော်ရွှင်စရာကောင်းတဲ့စုံတွဲတိုင်းက တစ်ယောက်လိုအပ်ချက်တစ်ယောက်သိပြီး ဖြည့်ဆည်းပေးဖို့ကြိုးစားကြပါတယ်။

 

 

() သူတို့တွေက ညှိနှိုင်းစရာမလိုပဲ အချိန်ကို အတူတကွကုန်ဆုံးစေတယ်

 

ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်ထားတဲ့သူတိုင်းက သူတို့အိမ်ထောင်ရေးအတွက် တစ်ဦးနဲ့တစ်ဦးအချိန်ပေးဖို့ အလုပ်ကိစ္စကို ခဏရွှေ့နိုင်ကြတယ်ဗျ။ သူ့အိမ်ထောင်ရေးကို အလေးထားဖို့ စဉ်းစားထားကျတဲ့စုံတွဲတိုင်းက နှစ်ယောက်ကြားက အခက်အခဲတွေကို နားလည်ပြီးတော့ သူတို့နှစ်ဦးရဲ့ ကိုယ်ပိုင်အချိန်လေးတွေကို ခဏဖြစ်ဖြစ်ဖန်တီးကျတယ်လေ။ အဲ့ဒီလိုစုံတွဲတွေက အတူတူနေရတဲ့အချိန်လေးတွေက တန်ဖိုးရှိတယ်ဆိုတာကို ပိုနားလည်ကြပြီးတော့ ခဏတာပဲ တူတူရှိရတယ်ဆိုရင်တောင် ပျော်ရွှင်စွာ ကုန်ဆုံးစေကျတယ်ဗျ။

 

 

() တစ်ယောက်နဲ့တစ်ယောက် ရိုရိုသေသေနဲ့ စည်းကမ်းရှိရှိ ဆက်ဆံကျတယ်

 

အပြင်လောကမှာ အများသူငါနဲ့ဆက်ဆံရင် တရိုတသေနဲ့ ဆက်ဆံပြောဆိုသလိုပဲ သူတို့ရဲ့ အိမ်တွင်းမှာလည်း တလေးတစားဆက်ဆံပြောဆိုလေ့ရှိကြတယ်ဗျ။ တစ်ယောက်နဲ့တစ်ယောက် ချီးကျူးစရာရှိရင်လည်း ပွင့်ပွင့်လင်းလင်းချီးကျူးပြောဆိုလေ့ရှိကြပါတယ်။အဲ့ဒီတော့ အချင်းချင်းရဲ့စိတ်ထဲမှာ စေတနာကို နားလည်သွားပြီလေဆိုတဲ့ ကြည်နူးဝမ်းသာတာတွေ ဖြစ်ရတာပေါ့။

 

 

() ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ပွေ့ဖက်မှုကို အိပ်ရာထဲမှာပဲ မထားခဲ့ကျဘူး

 

ကလေးထိန်းရမယ့်ကိစ္စလိုမျိုး အလုပ်လုပ်နေရတာမျိုး စိတ်ဖိအားတွေများနေတာမျိုး ကျန်းမာရေးမကောင်းတာမျိုးတို့လို့ အခြေအနေတွေ ကြုံနေရရင်တောင်မှ သူတို့တွေက တစ်ယောက်ကိုပွေ့ဖက်ကြတယ်။တစ်ယောက်ကိုတစ်ယောက် အနမ်းတွေပေးကျတယ်။တစ်ယောက်နဲ့တစ်ယောက် ပူးပူးကပ်ကပ်ထိုင်ကျတယ်။ တစ်ယောက်လက်ကိုတစ်ယောက်က ကိုင်ထားကြတယ်။ လိင်ဆက်ဆံမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အိပ်ရာထဲမှာရော အိပ်ရာအပြင်မှာပါ သူတို့က တစ်ယောက်နဲ့တစ်ယောက်ထွေးပွေ့နေကျတတ်တယ်လေ။

 

 

() သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် မျှမျှတတတွေးပေးကြတယ်

 

ဘယ်သူက ဘာလုပ်တယ် ဘယ်သူက ဘာမလုပ်ဘူးဆိုတာကို ငြင်းခုံအပြစ်တင်ပြောဆိုနေကျမယ့်အစား သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် တာဝန်သိစိတ်နဲ့ မျှမျှတတလုပ်ပေးကြတယ်လေ။

 

 

() သူတို့က တစ်ယောက်ရဲ့စိတ်သဘောထားကို အတွင်းကျကျသိကျတယ်

 

နားလည်မှုရှိတဲ့စုံတွဲတွေက အမှတ်တမဲ့လွဲသွားတဲ့ အလွဲတွေအပေါ်မှာတောင် စေတနာပျက်သွားပြီထင်တယ်ဆိုတဲ့ အတွေးမျိုးကို တွေးလေ့မရှိကြတဲ့သူတွေလေဗျာ။သူတို့အတွက် တစ်ယောက်နဲ့တစ်ယောက် အကောင်းတွေကိုပဲ လုပ်ပေးချင်စိတ်ရှိတယ်ဆိုတာသိကြပြီးသားပဲ။ စိတ်ထဲမှာ နည်းနည်းလေး ခံစားရရင်တောင်မှ ဒါမျိုးကိစ္စလေးတွေက သူတို့အတွက် ပြသာနာအကြီးကြီးမဟုတ်ပါဘူး။

 

 

() သူတို့တွေက ပျော်ရွှင်တဲ့ဘဝတစ်ခုရဖို့ ကြိုးစားရမယ်ဆိုတာကိုသိကျပြီး ကြိုးစားကျတဲ့သူတွေဖြစ်ပါတယ်

 

သူတို့တွေက သူတို့အပျော်ကို တစ်ယောက်နဲ့တစ်ယောက်ဝေမျှနေကျတဲ့သူတွေလေဗျာ။ခင်ဗျားသိတဲ့အတိုင်းပဲ ပျော်ရွှင်စရာဆိုတာက ကိုယ်ကရွေးချယ်ရတာလေ။ သူတို့စုံတွဲတွေက ပျော်ရွှင်စရာကောင်းတဲ့ကိစ္စတွေ ဖြစ်လာအောင် အတူတူရွေးချယ်ကြပြီး အတူတူအကောင်အထည်ဖော်ကျရတာပါ။

 

 

Credit;GentleMan Magazine

Read times Last modified on Thursday, 27 December 2018 16:30
Rate this item
(1 Vote)