ယောက်ျားတွေ ချစ်သူနဲ့လမ်းခွဲချင်ပြီဆို ဘာတွေလုပ်တတ်ကြလဲ

ယောက်ျားတွေ ချစ်သူနဲ့လမ်းခွဲချင်ပြီဆို ဘာတွေလုပ်တတ်ကြလဲ google.com

သမီးရည်းစား Relationship တစ်ခုမှာ ကိုယ့်ချစ်သူကကိုယ့်ကို စိတ်ကုန်လာပြီလားဆိုတဲ့ စိုးရိမ်စိတ်က မိန်းကလေးတွေမှာပိုတွေ့ရတတ်ပါတယ်။

စစ်တမ်းတွေအရဆိုရင် Relationship တွေမှာ မိန်းကလေးတွေဘက်ကနေအရင်စပြီး လမ်းခွဲတာများပါတယ်။ ယောက်ျားအများစုက လမ်းခွဲရအောင်ဆိုတဲ့စကားကို သူတို့ဘက်ကနေ အရင်စပြီး ဖွင့်မပြောပေမယ့် တစ်ဖက်မိန်းကလေး သူ့အပေါ်စိတ်ပျက်ပြီးလမ်းခွဲချင်လာအောင် လုပ်ပြ၊နေပြတတ်ကြပါတယ်။ နှုတ်ကနေထုတ်မပြောပေမယ့် သူကိုယ့်ကိုလမ်းခွဲချင်နေပြီဆိုတာကို ဘယ်လိုသိနိုင်လဲ။ ချစ်သူကောင်လေးကလမ်းခွဲချင်လာပြီဆိုရင် (လမ်းခွဲရအောင်လို့တော့ ဖွင့်မပြောပေမယ့်) လုပ်ပြတတ်တဲ့အပြုအမူတွေကို ဖော်ပြပေးချင်ပါတယ်။

 

အေးစက်လာတာ

ဒါကတော့ပြတဲ့လက္ခဏာတွေထဲမှာမှ အသိသာဆုံးတွေထဲကတစ်ခုပါ။ဒီလူကိုယ့်အပေါ်နွေးထွေးလား (သို့) ဒါမှဟုတ် အေးစက်နေလားဆိုတာ တကယ်တော့ ကိုယ်ကိုင်တိုင်အသိဆုံးပါ။ဥပမာ ကိုယ်ကပဲပြောနေရပြီး သူ့ဘက်ကတော့ စိတ်မပါလက်မပါနဲ့ ဝတ်ကျေတန်းကျေပုံစံမျိုးဖြစ်နေတာ၊ ကိုယ့်အပေါ်မှာ အာရုံမရှိတာ၊ အာရုံမစိုက်တာမျိုးပါ။ အေးစက်စိမ်းကားလာတယ်ဆိုတာမျိုးကတော့စိတ်နဲ့ပဲ ခံစားပြီးသိနိုင်တဲ့အရာမျိုးပါ။

 

နေရာတကာအပြစ်လိုက်ပြောတာ

ဒါမျိုးကလည်း အရမ်းကိုသိသာပါတယ်။ စတွဲလာတည်းက ကိုယ့်ရဲ့မကောင်းတဲ့အကျင့်တွေကိုရော၊ ကောင်းတဲ့အကျင့်တွေကိုပါ အားလုံးကိုသိထားလက်ခံလာခဲ့ပြီး နောက်ပိုင်းကျမှထဖောက်လာတာမျိုးပါ။ ဟိုဟာလုပ်ရင်လုပ်ပြန်ပြီ။ ဒီဟာ လုပ်ရင် လုပ်ပြန်ပြီနဲ့ အသေးအဖွဲလေးကအစလိုက်ပြီး အပြစ်တင်ပြောဆိုနေတာမျိုးပါ။

 

ဒီလူ့အနားမှာနေနေကာမှ ပိုအထီးကျန်သလိုခံစားလာရတာ

ကိုယ်ချစ်တဲ့သူ ကိုယ့်ကိုချစ်တဲ့သူရဲ့အနားမှာနေနေရင် တကယ်တော့ပျော်ရွှင်နေရမှာပါ။ ဒါပေမယ့် ကိုယ့်အပေါ်လုံးဝဂရုမစိုက်တဲ့၊ မချစ်တဲ့သူအနားမှာရှိနေရရင်တော့ ကိုယ့်ရဲ့စိတ်ခံစားချက်တွေဟာ နာကျင်ရတတ်ပါတယ်။ တစ်ယောက် တည်းနေရထက် သူ့ရဲ့အနားမှာနေနေရတာက သင့်အတွက်ပိုပြီးတော့အထီးကျန်၊ ဝမ်းနည်းမှုတွေကို ခံစားနေရရင်တော့သေချာပါတယ်။သူ သင့်ကိုမချစ်တော့ပဲလမ်းခွဲချင်နေလို့ပါ။

 

ရှောင်ဖယ်စပြုလာတာ

ဒါကလည်းသိသာတဲ့ sign တစ်ခုပါ။ သင်နဲ့တွေ့ဖို့အရေးကို အရင်လောက်မတတ်ကြွတော့ပဲအလုပ်များတယ်ဆိုပြီး အကြောင်းပြရှောင်နေတာမျိုးပါ။ သူငယ်ချင်းတွေနဲ့အလုပ်ကပဲ သူ့အတွက်နံပါတ်တစ်ဖြစ်နေပြီး သင့်အတွက်ကတော့ အချိန်မပေးတော့ပဲ အမြဲတမ်းဖယ်ခွာ၊ ရှောင်ကျဉ်စပြုလာတာမျိုးပါ။

 

သင်နဲ့တွေ့တိုင်းအမြဲစိတ်ရှုပ်ပြ၊ဒေါသထွက်ပြတတ်ပါတယ်

သင့်ကိုရှောင်ခွာချင်တဲ့သူဖြစ်နေတာကြောင့် သင်နဲ့တွေ့တိုင်း သူ့ရဲ့မျက်နှာနဲ့အမူအရာတွေက ဘယ်လိုမှရွှင်လန်းနေမှာမဟုတ်ပါဘူး။ ဒါကသဘာဝပါ။ လူတစ်ယောက်က ကိုယ်မကြိုက်တဲ့အရာ၊ ကိုယ်သဘောမကျတဲ့အရာကို မြင်နေ တွေ့နေရင် မျက်နှာကဘယ်လိုမှ ကြည်ကြည်လင်လင်ရှိနိုင်မှာမဟုတ်ပါဘူး။ စိတ်ညစ်စရာပြဿနာရယ်လို့ သူ့မှာထွေထွေထူးထူးမရှိပဲ သင်နဲ့တွေ့တိုင်း အမြဲစိတ်ရှုပ်ပြ၊ စိတ်တို၊ ဒေါသထွက်ပြနေရင်လည်း ဒါသင့်ကိုလမ်းခွဲချင်နေတယ် ဆိုတာကို အမူအယာနဲ့ပြနေတာပါ။

 

သူ့မိသားစုအသိုင်းအဝိုင်းနဲ့သူငယ်ချင်းတွေကပါ သင့်အပေါ်ပြောင်းလဲတာ

သူ့မိသားစုအသိုင်းအဝိုင်း၊ သူနဲ့အရမ်းကိုရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဆက်ဆံပုံကိုကြည့်ရင်လည်း ဒီလူကိုယ့်အပေါ်လမ်းခွဲချင်နေပြီလားဆိုတာကို သိနိုင်ပါတယ်။ သင့်အပေါ်မှာထားတဲ့ သူ့ရဲ့စိတ်နဲ့ပတ်သက်ပြီး သူနဲ့အရမ်းကို ရင်းနှီးတဲ့သူငယ်ချင်းတွေကို ရင်မဖွင့်ပဲမနေပါဘူး။ သေချာပေါက်ရင်ဖွင့်မှာပါ။ ချစ်သူကောင်လေးရဲ့မိသားစု၊ အသိုင်းအဝိုင်းနဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေက သင့်အပေါ်ဆက်ဆံတဲ့ အမူအရာပြောင်းလဲလာပြီဆိုရင်တော့ သင့်ချစ်သူက သင်နဲ့ လမ်းခွဲချင်နေပြီဆိုတာကို ပြနေတာပါ။

 

ခြေလှမ်းတွေပျက်လာတာ

ဒီရက်ပိုင်းမှာ သူ့ရဲ့အမူအယာတွေက ပုံမှန်မဟုတ်ပဲ ခြေရှုပ်လာနေတာမျိုးပါ။ တခြားကောင်မလေးတွေနဲ့ဘာဘာညာညာ အသံတွေထွက်လာတာမျိုး၊ တခြားကောင်မလေးတွေနဲ့တွဲနေပြီဆိုတဲ့သတင်းတွေ သင့်နားကို ရောက်လာတာ ဒီလိုမျိုးခြေလှမ်းပျက်တဲ့အမူအရာတွေပြနေပြီဆိုရင်လည်း ဒါဟာ တစ်ဖက်လှည့်နည်းနဲ့ သူသင့်ကိုလမ်းခွဲချင်တယ်ဆိုတာကို ပြနေတာပါ။

 

Source : Auntymay

Myanmar Wedding Guide

Read times Last modified on Tuesday, 12 March 2019 14:01
Rate this item
(1 Vote)