ကိုယ့်အိမ်ထောင်ဖက်အပေါ်ထားသင့်တဲ့ကျေးဇူးတရား

ကိုယ့်အိမ်ထောင်ဖက်အပေါ်ထားသင့်တဲ့ကျေးဇူးတရား google

ချစ်သူဘ၀မှ အိမ်ထောင်ဘက်ရောက်သွားပြီဆိုရင်တော့ ကိုယ်နဲ့ပတ်သက်ရတော့မယ့်သူအပေါ်ဂရုစိုက်သင့်ပါတယ်။

 

 

 

ဒါမှလည်း နှစ်ဦးစလုံးအတွက် အပြန်အလှန် ကောင်းကျိုးများ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

 

အိမ်ထောင်ကျပြီးတဲ့ အမျိုးသမီးက ယခင် အပျိုတုန်းကထက် ပိုလှပနေတယ်ဆိုရင် ယင်းအမျိုးသမီးအတွက် အိမ်ထောင်ဘက်ကောင်းကို ရရှိတယ်လို့ ဆိုရပါမယ်။

 

ထို့အပြင် အိမ်ထောင်ကျပြီးတဲ့ အမျိုးသားကလည်း ယခင်လူပျိုတုန်းကထက် ပိုပြီး ကြည့်ကောင်းနေမယ်ဆိုရင် ယင်းအမျိုးသားအတွက် အိမ်ထောင်ဘက်ကောင်းကို ရရှိတယ်လို့ ဆိုရပါမယ်။

 

အိမ်ထောင်သည်ဘ၀ရောက်သည့်အခါတွင်လည်း ယခင် လူပျို၊ အပျိုတုန်းကထက် ပိုပြီးကြည့်ကောင်းနေမယ် ဆိုရင်တော့ ဘ၀ပေးကုသိုလ်ကံကောင်းခြင်းကြောင့်လို့ပဲ ဆိုရပါမယ်။

 

ဒီလိုကံကောင်းခြင်းကတော့ ကိုယ့်အိမ်ထောင်ဘက်ရဲ့ အရည်အချင်းနှင့်လည်း သက်ဆိုင်ပါတယ်။ ကံမကောင်းရင်တော့ ယခင် မိဘအရိပ်မှာခုံလှုံခဲ့စဉ်အခါကလိုမျိုးနဲ့ တခြားစီဖြစ်သွားတတ်ကြပါတယ်။

 

ဒီလိုမှမဟုတ်ဘဲ အိမ်ထောင်ပြုလိုက်ပြီးကာမှ အခန့်မသင့်ရင် နောက်တစ်ယောက်နောက် လိုက်သွားတယ်ဆိုတာလည်း ရှိနိုင်ပါတယ်။ ကိုယ့်ကို ပိုက်ဆံအကုန်မအပ်ဘဲ တစ်နေ့ဘယ်လောက်နှုန်းပေးတဲ့လူတွေလည်း ရှိတတ်ပါတယ်။

 

အဲဒီလိုအပြုအမူက အိမ်ထောင်ဘက်၏ အရည်အချင်းကို ပြသနေခြင်းဖြစ်ပါတယ်။ ယင်းအိမ်ထောင်ဘက်မျိုးဆိုရင်တော့ ကံမကောင်းတဲ့အိမ်ထောင်ဘက်ကိုရထားတယ်လို့ပဲဆိုရပါမယ်။

 

အဲဒီလိုဆိုရင် အိမ်ထောင်ရေးဟာ သိပ်သာယာမှာမဟုတ်ပါဘူး။ ကိုယ်ချစ်လို့ယူထားတဲ့သူကို သူစိတ်ချမ်းသာအောင်ထားမယ်ဆိုရင်တော့ သူရောကိုယ်ပါ စိတ်ပျိုကိုယ်နုနေစေမှာဖြစ်ပါတယ်။

 

အိမ်ထောင်ပြုလိုက်တယ်ဆိုရင်လည်း ကိုယ့်အတွက် အကောင်းတွေချည်း ဆိုတာမရှိပါဘူး။ အဆိုးနဲ့အကောင်းဆိုတာ ဒွန်တွဲနေတတ်ပါတယ်။ ဒါမှလည်း နှစ်ဦးစလုံး ဘ၀လောကဓံကို ကြံ့ကြံ့ခံနိုင်မှာဖြစ်ပါတယ်။

 

အိမ်ထောင်ဘက်ကောင်းရရှိထားတဲ့သူ၊ အိမ်ထောင်ဘက်မကောင်းသူနဲ့ရေစက်ဆုံပြီဆိုကတည်းက ယခင်ဘ၀ ကုသိုလ်၊ အကုသိုလ် အတူတူပြုခဲ့ဖူးတဲ့သူတွေ ဖြစ်တတ်ကြပါတယ်။

 

 

 

Myanmar Wedding Guide 

 

Wedding banner design 03 1

Read times
Rate this item
(0 votes)
Tagged under