ဘယ်လိုယောက်ျားလေးမျိုးကိုချစ်သင့်လဲ???

ဘယ်လိုယောက်ျားလေးမျိုးကိုချစ်သင့်လဲ??? google

မိန်းကလေးတိုင်းက ကိုယ့်ချစ်တဲ့သူကိုသာလက်တွဲချင်ကြတာပါ။

 

ကိုယ်ကချစ်နေရုံနဲ့ပြီးရောလားဆိုတော့ မဟုတ်ပါဘူး။

 

ကိုယ့်ဘေးနားမှာရှိတဲ့ ကိုယ့်ချစ်သူကောင်လေးက ကိုယ်ချစ်သင့်တဲ့လူမျိုးဟုတ်မဟုတ်ဆိုတာ စဉ်းစားချင့်ချိန်ဖို့လိုပါတယ်။

 

ကိုယ့်ချစ်သူကောင်လေးက ချစ်သင့်တဲ့သူဟုတ်မဟုတ်ကြည့်ရအောင်နော်…

 

(၁) သူဘေးနားမှာ ရှိနေတိုင်း လုံခြုံနွေးထွေးတဲ့ ခံစားမှုကို ပေးစွမ်းနိုင်တဲ့သူ


(၂) အားငယ်စိတ်ပျက်နေတဲ့အခါတိုင်းမှာ စိတ်ဓာတ်ခွန်အားတွေ မြှင့်တင်ပေးတဲ့သူ


(၃) ကိုယ့်ရဲ့စိတ်ခံစားမှုတွေတိုင်းကို မကွယ်မဝှက်ထုတ်ဖော်ပြောနိုင်တဲ့သူ


(၄) သူနဲ့ပတ်သက်ပြီး အရာရာတိုင်းကို မကွယ်မဝှက်ပြောပြတတ်တဲ့သူ

 

(၅) သင့်အားနည်းချက်တွေတိုင်းကို လက်ခံပွေ့ဖက်ပေးတတ်သူ

 

(၆) သင့်ရဲ့ စိတ်ဆိုး၊ စိတ်ကောက်တာတွေ ဒေါသထွက်တာတွေအားလုံးကို မငြီးမငြူတတ်တဲ့သူ


(၇) ကမ္ဘာလောကကြီးကို သူ့ရဲ့အမြင်တွေကို သင်နဲ့အတူဝေမျှတဲ့သူ


(၈) သူ့ရှေ့မှာဆို ဟန်ဆောင်စရာမလိုဘဲ အရှိအတိုင်းနေလို့ရတဲ့သူ


(၉) သင့်ရဲ့အရည်အချင်းတွေကို မြင်တတ်ပြီး သင့်ရဲ့ဘဝကို တန်ဖိုးတွေမြှင့်တက်လာအောင် ပဲ့ကိုင် ထိန်းမတ်ပေးတဲ့သူ

 

ကိုယ့်ချစ်သူကောင်လေးဆီမှာရောဒီလိုအချက်တွေရှိနေပြီလား

 

အဲ့ဒါဆိုရင်တော့ သင်ကအရမ်းကိုကံကောင်းတဲ့ကောင်မလေးလို့ ယူဆနိုင်ပါတယ်နော်…

 

Myanmar Wedding Guide

 

3

Read times
Rate this item
(0 votes)
Tagged under