အဝါရောင်ကိုမှကြိုက်တဲ့သူတွေရဲ့ထူးခြားချက်များ

အဝါရောင်ကိုမှကြိုက်တဲ့သူတွေရဲ့ထူးခြားချက်များ google

အဝါရောင်ဟာ နွေးထွေးမှုနဲ့ပျော်ရွှင်မှုတွေကို ကိုယ်စားပြုတဲ့အရောင်လေးပါ။

 

အဝါရောင်ကိုကြိုက်နှစ်သက်တဲ့သူတွေဟာ ပွင့်လင်းတယ်၊ ခင်ဖို့ကောင်းတယ်လို့ သတ်မှတ်ခြင်းခံထားရသူတွေပါ။ ခုဖော်ပြပေးမှာကတော့ အဝါရောင်ကို ကြိုက်တဲ့သူတွေရဲ့ ပင်ကိုစိတ်နေစိတ်ထားနဲ့ သူမတူတဲ့ အားသာချက်လေးတွေပဲဖြစ်ပါတယ်နော်

 

(၁) အဝါရောင်ကိုကြိုက်နှစ်သက်တဲ့သူတွေဟာ လွတ်လပ်မှုကို အထူးခုံမင်တဲ့သူတွေပါ။ ဘဝမှာ ဘယ်လိုအချုပ်အနှောင်မျိုးးကိုမှ မလိုချင်ပါဘူး။ စည်းတွေဘောင်တွေအားလုံးကို ကျော်ပြီး ဘဝကို လွတ်လွတ်လပ်လပ်ဖြတ်သန်းချင်တဲ့သူတွေဖြစ်တယ်။

 

(၂) အဝါရောင်ကို ကြိုက်နှစ်သက်တဲ့သူတွေဟာ ထင်ပေါ်ကျော်ကြားမှုကို ပိုပြီးနှစ်သက်ပါတယ်။ အရမ်းကြိုးစားတယ်၊ ပြောင်မြောက်အောင် အရာရာကို လုပ်ဆောင်တယ် အဲ့ဒီ့အတိုင်းပဲ ကြိုးစားမှုနဲ့ထိုက်တန်တဲ့ အောင်မြင်မှု၊ အသိအမှတ်ပြုခြင်းမျိုးကို လိုချင်သူတွေပါ။

 

ခွဲခြားတာလုံးဝကိုမကြိုက်ပါဘူး။

 

(၃) အဝါရောင်ကိုကြိုက်နှစ်သက်သက်တဲ့သူတွေဟာ မာန်မာနတွေ မရှိတဲ့သူတွေပါ။ ကိုယ့်ဖက်ကမှားသွားတဲ့အခါ ကိုယ့်ထက်ဘယ်လောက်နိမ့်ကျနေပါစေ တောင်းပန်ဖို့ ဝန်လေးနေမယ့်သူတွေလဲ မဟုတ်ပါဘူး။

 

(၄) အဝါရောင်ကိုကြိုက်နှစ်သက်တဲ့သူတွေဟာ စွန့်စားရတာမျိုးတွေကိုအရမ်းကြိုက်ပါတယ်။ နေရာစုံအောင် ခရီးတွေသွားတာ၊ အသစ်အဆန်းတွေကို စမ်းသပ်ကြည့်ရတာမျိုးကို အရမ်းဝါသနာပါကြပါတယ်။ ဒါကြောင့် သူတို့ဘဝဟာ အမြဲလိုလို စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေပါတယ်။

 

(၅) အဝါရောင်ကိုကြိုက်နှစ်သက်တဲ့သူတွေရဲ့ ထူးခြားချက်ကတော့ အဝါရောင်အဝတ်အစားတွေဝတ်လိုက်တဲ့အခါမှာ အလိုလိုကံကောင်းနေတာပါပဲ။ ဒါကြောင့် အဝါရောင်ကိုရွေးချယ်ဝတ်ဆင်ပေးခြင်းဖြင့် လုပ်သမျှမှာ အဆင်ပြေမှာဖြစ်ပါတယ်နော်

 

 

Zawgyi ဖြင့်ဖတ်ရန်...

 


 


 


 

yellow2

 


 

 


 


 

yellow3

 


 


 

(Unicode ဖြင့်ဖတ်ရန်)

 

Read More <<<ဆရာစံဇာဏီဘို၏ (နိုဝင်ဘာ ၁၆ ရက်နေ့ မှ ၃၀ ရက်နေ့ )အထိ ၁၂ လရာသီဟောစာတမ်း (၁) >>>

 

Read More <<<ဆရာစံဇာဏီဘို၏ (နိုဝင်ဘာ ၁၆ ရက်နေ့ မှ ၃၀ ရက်နေ့ )အထိ ၁၂ လရာသီဟောစာတမ်း (၂ )>>>

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Wednesday, 19 February 2020 16:59
Rate this item
(0 votes)
Tagged under