ကြာသပတေးသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း...
ကြာသပတေးသားသမီးများအတွက် ၂၀၂၀ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း... google
ကြာသပတေးသားသမီးများတို့သည်မည့်သည်အခက်အခဲ မည်မျှရှိစေ ဆောက်ရွက်စရာများ ရှေ့တိုး၍ ဆောင်ရွက်သင့်၏။ (၁၄.၁.၂၀၂၀) မှ စ၍ (၁၅.၄.၂၀၂၀)အထိ မိမိစီပွားရေးများ အောင်မြင်တိုးတတ်အောင် ဆောင်ရွက်ရမည့်နှစ်ဖြစ်သည်။
ခရီးတို၊ခရီးရှည်များသွားရကိန်းရှိသည်။ ယခုနှစ် ကံဇာတာ အကျိုးပေးနိုင်ရန် မလျျှော့သောဇွဲ၊ လုံ့လ၊ ဝိရိယဖြင့် လုပ်ကိုင်ရပါမည်။
ဘာသာရေး လောကဖြင့် ဘဝရပ်တည်နေသူများ၊ မိမိတို့၏သီလဂုဏ်ကြောင့် ဘုန်းတန်ခိုးများ သိသာထင်ရှားစွာထွက်ပေါ်လာမည်။
သံထည်ပစ္စည်း၊ ထီး၊ ဖိနပ်၊ အထည်အလိပ် ရောင်းဝယ်ခြင်း၊ စက်ပစ္စည်းများရောင်းဝယ်ခြင်း၊ အစုရှယ်ယာဝင်ခြင်း၊ ရေသန့်ထုတ်လုပ်ခြင်းများ အထူးအကျိုးအမြတ် ခံစားရမည်။
စီးပွားရေး လုပ်ကိုင်နေသူများအတွက်လည်း၊ ရိုးသားမှန်ကန်စွာ စီးပွားရှာဖွေနေသူများ ဝင်ငွေလာဘ်လာဘပေါများသည်။
လူမှုရေးရာ
ရပ်ရေး၊ရွာရေး၊ တခြားဌာနအဖွဲ့အစည်းများတွင် လုပ်ကိုင်နေသူဖြစ်ပါက ရာထူး၊ ရာခံတိုးတက်မည်။ သို့သော် မိမိယုံကြည်ကိုးကွယ်ရာ ဘာသာတရားကိုလက်ကိုင်ထားရန်လိုအပ်ပါမည်။
အပြစ်မကင်းသော အမှုကိစ္စများ ကျူးလွန်ဖောက်ပျက်မှုမရှိရလေအောင် သတိပြုနေထိုင်ပါ။
(၁၆.၇.၂၀၂၀) မှ စ၍ (၁၆.၉.၂၀၂၀)အထိ အထက်အကြီးအကဲပုဂ္ဂိုလ်များနှင့် ဆက်ဆံရာတွင် အထူးဂရုစိုက်ရမည်။ မင်းစိုးရာဇာများနှင့် စကားအငြင်းအခုန် ပြောရခြင်း၊ စိတ်သောကဝင်ခြင်းများရှိမည်။
ဘာပဲလုပ်လုပ် အထစ်အငေါ့၊ အနှောက်အယှက်များနှင့် ကြုံတွေ့ရတတ်ပါသည်။ မော်တော်ယာဉ်၊ လျှပ်စစ် နှင့်ပတ်သတ်သော အန္တရာယ်မတော်တဆ ထိခိုက်မိတာတွေ ကြုံရတတ်ပါတယ်။
လုပ်ငန်းကိစ္စများအတွက် တနင်္လာ၊ ဗုဒ္ဓဟူးသားသမီးများနှင့် တွဲဖက်ဆောင်ရွက်ခြင်းများ ဂရုစိုက်ပေးပါ။ငွေကြေးခက်ခဲမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရတတ်ပါသည်။
စီးပွားရေး အဆင်မပြေ၍ လုပ်ငန်းများ အရှုံးများနှင့် ကြုံရတတ်ပါသည်။ စိတ်ဖိစီးမူများ၍ ကျန်းမာရေးညံ့ခြင်းလည်းကြုံရတတ်ပါတယ်။ မိမိယုံကြည်ကိုးကွယ်ရာ ဘာသာတရားကို လက်ကိုင်ထားရန် လိုအပ်ပါမည်။
ပညာရေး အထူးတိုးတက်အောင်မြင်နိုင်သည်ကိုတွေ့ရပါမည်။ စာပေပညာရှင်ဖြစ်ပါက ယခုနှစ်အတွက် ဆုချီးမြှင့်ခြင်းခံရတတ်သည်။
ပြည်ပ ပညာသင်သွားရကိန်းရှိ၊ ဆရာကောင်းများနှင့် တွေ့ဆုံပြီးမိမိရည်မှန်းထားသော ပန်းတိုင်ကို ဆွတ်ခူးနိုင်မည်။
အချစ်ရေးတွင် မျက်နာပွင့်လန်းသော နှစ်ဖြစ်သည်။ လူငယ်လူရွယ်များဖြစ်ပါက အိမ်ထောင်ပြု ရတတ်သည်။ သို့မဟုတ် မထင်မှတ်ဘဲ ကိုယ်စိတ်နှစ်ပါးလွန်ကျူး မိတတ်သည်။
အထူးသဖြင့် ပျိုရွယ်မိန်မပျိုများ မိမိချစ်သူအပေါ် ကိုယ်ချစ်မြတ်နိုးသလောက် ကိုယ်ပေါ်တုန်ပြန်မှု အားနည်းမည်။ အချစ်အတွက် ပေးဆပ်နေရသော သူဖြစ်နေတတ်သည်။
အိမ်ထောင်ရှင်များ သည်းခံခြင်းဖြင့် သာယာသော အိမ်ထောင်မှုကို ဖန်တီးယူရမည်။
ငွေကြေးကိစ္စရပ်များအတွက် စကားများတတ်သော်လည်း မိတ်ဆွေနှင့် ဆွေမျိုးသားချင်းတို့၏ ကူညီထောက်ပံ့မှုတို့ကြောင့် အဆင်ပြေချော့မွေ့သွားတတ်၏။
ကျန်းမာရေးအတွက် ခန္ဓာကိုယ် အောက်ပိုင်းတို့တွင် ရောဂါဝေဒနာများ ဆီးနှင့်ကျောက်ကပ် အင်္ဂါစပ်၊ စအိုတို့တွင်အနာ ပေါက်တတ်သည်။
သွေးလေဖောက်ပြန်မှုကြောင့် လေလံထိုင်းမှိုင်း ဆေးဝါးကုသ ခံရတတ်သည်။ တစ်နှစ်ပတ်လုံး ဝေဒနာအမျိုးမျိုး ဖိစီးနှိပ်စက်တတ်သည်။ ကျန်းမာရေးကို ကြိုတင်ကာကွယ်သင့်ပါသည်။
ထီထိုးရန် အကျိုးပေးအက္ခရာနှင့် ဂဏန်း-{သ၊ဟ၊ဖ၊မ} ၅ အစ, ၅ အဆုံး ၅အပူးများ ထီထိုးပေးပါ။ကြာသပတေးသားသမီများတို့သည် အရှေ့မြောက်အရပ်သို့ ရေလမ်းခရီးသွားခြင်း၊ ရှောင်ကျဉ်ပေးပါ။
အထူးသဖြင့် ဤနှစ် ကြာသပတေးသားသမီးများတို့သည် လုပ်ငန်းကိစ္စရပ်များအတွက်တော့ “တနလာၤ”,”ဗုဒ္ဓဟူး” ထိုနေနံသားသမီးများနှင့် ဆောင်ရွက်ခြင်းများ၊ ခရီးသွားရာတွင် အထူးသတိထားသင့်သည်။
အကျိုးပေးအက္ခရာ -{သ၊ဟ၊ဖ၊မ}
အကျိုးပေးဂဏန်း -{၅၊၉၊၁၊၆}
အကျိုးမပေးနေနံ- {“တနလာၤ,ဗုဒ္ဓဟူး”}
အကျိုးပေးအရောင်- အဝါ၊အဖြူ ၊လိမ္မော်
အကျိုးမပေးအရောင်- ခရမ်း၊ငွေ၊ရွှေရောင်
ဆောင်ရန်- အဝါရောင်အဆင်းရှိသောဥဿဖရားရတနာ
ယတြာ – သီးညွန့်၊ သရက်ညွန့်၊ ပေါက်ညွန် (၁၅)ညွန့်စီနှင့် အဝါရောင်သစ်ခွ၊ မြလေပန်းများ ဝေဝေဆာဆာ ဘုရားတွင် ကပ်လှူ ၊ ပုတီးစိပ် အဓိဌာန်ဝင်ခြင်းများ မိမိမွေးနေ့အပတ်တိုင်းဆောင်ရွက်ပါ။
အနောက်တောင်အရပ်မှာ ဇရပ်ဆောက်ယူခြင်း အမိုးအကာပြုပြင်ခြင်း ဘုရားစေတီဟောင်းပြုပြင် ဆေးသုတ်ခြင်းများ ပြုလုပ်ပါ။
ဆရာသန်းလင်းအောင်
ဆရာဇော်
Zawgyi ဖြင့်ဖတ်ရန်...
လူမှုရေးရာ
အထူးသဖြင့် ဤနှစ် ကြာသပတေးသားသမီးများတို့သည် လုပ်ငန်းကိစ္စရပ်များအတွက်တော့ “တနလာင်္”,”ဗုဒ္ဓဟူး” ထိုနေနံသားသမီးများနှင့် ဆောင်ရွက်ခြင်းများ၊ ခရီးသွားရာတွင် အထူးသတိထားသင့်သည်။
အကျိုးပေးအက္ခရာ -{သ၊ဟ၊ဖ၊မ}
အကျိုးပေးဂဏန်း -{၅၊၉၊၁၊၆}
အကျိုးမပေးနေနံ- {“တနလာင်္,ဗုဒ္ဓဟူး”}
ဆရာသန်းလင်းအောင်
ဆရာဇော်
Myanmar Wedding Guide
jjjj
.
Read times Last modified on Friday, 07 February 2020 11:25
Rate this item
(0 votes)
Tagged under