အင်္ဂါသားသမီးများအတွက် ဖေဖော်ဝါရီလတစ်လစာ ကံကြမ္မာဟောစာတမ်း...
အင်္ဂါသားသမီးများအတွက် ဖေဖော်ဝါရီလတစ်လစာ ကံကြမ္မာဟောစာတမ်း... google
အင်္ဂါသားသမီးများ
အင်္ဂါသားသမီးများအတွက်ယခု၂လပိုင်းလသည်ကောင်းသောလဆိုလျှင်မမှားပါ။အတိတ်ကံကိုအကြောင်းပြုပြီးငွေအစုလိုက်အပုံလိုက်ရခြင်း၊ အိမ်ပြောင်း၊ အခန်းသစ်ပြောင်းခြင်းတို့ပြုလုပ်ရတတ်သည်။
ဝန်ထမ်းဖြစ်လျှင် ရာထူး တတ်ခြင်း၊အခြေအနေ အဆင့်အတန်း မြင့်မားခြင်းများကြုံမည်။လုပ်ငန်း၊အလုပ်အကိုင်များ မိတ်ဆွေတစ်ဦးအကူညီကြောင့် လည်ပတ်လာပါမယ်။အောက်လက်ငယ်သားရော အထက်
လူကြီးပါ သင့်ကိုကူညီမှုတွေ ပေးပါလိမ့်မည်။ငွေကြေးရလမ်း ရှိပေမယ့် ထင်သလို မရိုးရှင်းဘူး။
အများနဲ့ တွဲလုပ်ရတဲ့ အလုပ်တွေဆို ပိုလို့တောင် ဂရုစိုက်ရမယ်။ဘုရားတည်၊ထီးတင်၊ ဘုရားပင့်ဆောင်ခြင်း၊ ဝိဝါဟမင်္ဂလာပြုလုပ်ခြင်း၊လှေကားတင်၊အိမ်ပြောင်း၊အခန်းသစ်ပြောင်းခြင်း၊နာမည်မှည့်၊ထီထိုးခြင်းတို့ကောင်း၏။
သက်ရှိသက်မဲ့အားလုံးနှင့် ကံတရား၏ မျက်နှာသာပေးခြင်းကို ခံရခြင်း အလှူ တန်းနှင့် ဝိဝါဟမင်္ဂလာကိစ္စများဖြစ်ပေါ်လာနိုင်သည်။
ဆင်းတုတော်၊ဘုရားပုံတော်များဝင်လာခြင်းနှင့် မမြင်ဖူး၊မမက်ဖူးသော ရဟန်းမဏေ အိမ်မက်နှင့် ရပ်ဝေးရဟန်း
အိမ်တွင်ကြွလာလျှင် အလှူ ပြုပါ။ ထီးထိုးပါ။၃စ.၅အလယ်.၂အပိတ် ထီးထိုးပါ။
စီးပွားရေး -ကုမ္ပဏီလုပ်ငန်းများလုပ်ဆောင်ခြင်းနှင့်စပ်တူရှယ်လုပ်ငန်းပူပေါင်းဆောင်ရွက်ခြင်း၊စာချုပ်ချုပ်ဆိုခြင်း
ဖက်ရှင်၊ဒီဇိုင်းသစ်ရှိုးပွဲများပြုလုပ်ခြင်း၊အလှကုန်ပစ္စည်များဖြန့်ချီခြင်း၊ စက်ပစ္စည်းရောင်းဝယ်ခြင်းတို့ အမြတ်အစွန်းရရှိမည်။
အထူးအားဖြင့် ရောင်းဝယ်ဖောက်ကားသူများ ရန်တွေ့ခြင်း၊ အရောင်းအဝယ်၌ ပြဿနာအကြီးအကျယ်နှင့် ဥပဒေငြိစွန်းသောပစ္စည်းတွေ့ရှိခြင်း၊ ချောက်တွန်ခြင်း ဖြစ်ပေါ်လာတတ်သည်။
အချစ်ရေးနှင့်အိမ်ထောင်ရေး - ချစ်ရေးရာ မိမိရည်ရွယ်ထားသူ ချစ်သူကို အချစ်ရေးဆိုခြင်းအောင်မြင်ခြင်းနှင့် ချစ်သူနှင့်အပန်းဖြေခရီးဝေးသွားရ ပျော်ရွှင်ရပါလိမ့်မည်။အိမ်ထောင်ရေး အသင့်တင့်ကောင်းမွန်ပြီး သားသမီး
ကြောင့်စိတ်ချမ်းမြေ့ရမည်။ ရွှေဝင်လိမ့်မည်။ဘုရားဖူးခရီးများ စိတ်ချမ်းသာရသောခရီးများ ပြည်တွင်းပြည်ပ
ခရီးများသွားရတတ်၏။
အထူး- ၃၊၁၂၊၂၁၊၃၀ ရက်မွေးဖွားသူများ နှင့်အသက်အားဖြင့် ၂၁နှစ်၊ ၃၀နှစ်၊ ၃၉နှစ်၊ ၄၈နှစ်၊ ၅၇နှစ်၊ ၆၆
နှစ် ကံဇာတာ အညံ့ထဲရှိနေပါတယ်။
ကျန်းမာရေး အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်ပွားနိုင်သည်။ ကိုယ်ခန္ဓာနွမ်းပန်းနေတတ်သည်။
မိတ်ဆွေရင်း လူရင်းများက သစ္စာဖောက်ခြင်းနှင့် အောက်လက်ငယ်သား ဆန့်ကျင်တော်လှန်ခြင်းတို့ ကြုံတွေ့ရမည်။
အချစ်ကံခေမည်။ ချစ်သူကြောင့် စိတ်ဆင်းရဲငိုကြွေးနေရမည်။ ချစ်သူရဲ့ အပြစ်ပြောဆိုခြင်း၊ မိမိအချစ်ကို ဥပေက္ခာပြူ ခံရမည်။
အိမ်ထောင်ရေးကို မကြိုက်နှစ်သက်ဘဲ မိဘ၊အဖေအရာအကိုတွေရဲ့ စီစဉ်မှုဖြင့် စေ့စပ်မင်္ဂလာပြုရခြင်းနှင့် လျှင်မြန်စွာလက်ထက်ပေးခြင်းတို့ ကြုံတွေ့ရတတ်သည်။
အိမ်မနေချင်ဘဲ အဝေဆုံးထွက်ပြေးချင်စိတ်ဖြစ်နေတတ်သော်လည်း မိမိကံတရားအရ အိမ်ပိတ်လှောင် ထိန်းချုပ်ခံရမှုဖြစ်ပေါ်လာတတ်သည်။ကံနိမ့်နေတဲ့ ကာလ ဖြစ်လို့ အစစအရာရာ သတိထားပါ။
ငွေရေးကြေးရေးမှာ စိတ်ညစ်စရာလေးတွေ ပေါ်လာတတ်တယ်။ ပြောရဆိုရ ရှင်းရမယ်။ စက်ယာဉ်အဖမ်းအဆီး
ခံရတတ်။ယုံကြည်ရာ ဘာသာတရား၊ ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်ပြုလုပ်ပါ။
ကျန်းမာရေး ထွေထွေထူးထူး မရှိပါ။
အင်္ဂါသားသမီးများ သတိထားရမည့် အချက်တွေကတော့...
မိမိ အာဏာအခွင့်အရေးကို အလွဲသုံးစား မပြုမိစေရန်သာ အရေးကြီးသည်။သတိပြုရမှာက အပေးအယူတွေမရှုပ်ဖို့၊ လူလိမ် သတိထားဖို့ပါပဲ။ကျောက်အတု၊ ရွှေရည်စိမ်စတာတွေ အဝင်မခံပါနဲ့။ လာဘ်
ပိတ်သွားတတ်ပါတယ်။2D/3D လောင်းကစားမလုပ်ပါနဲ့။ အရဲစွန့်မိမိဥစ္စာပစ္စည်း ပုံအောခြင်းရှောင်။
အထူးသဖြင့် ခရီးသွားရာတွင် ညအချိန်မတော် အသိသတိလွတ်ပြိး မသွားသင့်မလုပ်သင့်သောနေရာမှာ အပေါ့အပါးသွားခြင်း သတိပြုပါ။ အပမှီခြင်း၊ ထိခိုက်ဒဏ်ရာ ကြုံတွေ့ရတတ်သည်။
၁၃၈၁-ခု တပို့တွဲလဆုတ်(၃)ရက် အင်္ဂါနေ့ ရက်ရာဇာ ယနေ့ နနံက်(၁၀း၀၀)နာရီလွန် ရှင်ပြု၊နားသ၊ စေ့စပ်၊
လက်ထပ်၊ ထီးတင်၊ နာမည်မှည့်၊ ကင်းပွန်တပ်ခြင်းများ၊
ညစက်(၈း၄၆)နာရီအတွင်း ဝိဝါဟမင်္ဂလာ၊ ထီထိုး၊ငွေကြေးချေးငှားခြင်း၊ ကျန်းမာရေးကုသမှုခံယူခြင်း၊ခရီးသွား
ခြင်း၊ မေတ္တာရေးစကားပြောခြင်းတို့ကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုလတွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် နေအိမ်မှမထွက်မှီ အလင်းတန်းတစ်ခုကြည့်ခြင်းဆောင်ရွက်ပြီးသွား၊
မီးခိုးရောင်၊ကြက်သွေးရောင်အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြု နိုင်သည်။
ခရီးသွားရကိန်းရှိလျှင် အထူး ရက်တွေ့ကတော့...
(၄) ရက်နေ့ ည ရး၇ နောက်ပိုင်း
(၁၁) ရက်နေ့ ညနေ ၆း၄၅ မတိုင်မီ
(၁၈) ရက်နေ့ နံနက် ၁ဝနာရီ မတိုင်မီ
ထိုရက်တွေခရီးသွားရှောင်သင့်၏။
အကျိုးပေးဂဏန်း - (၃.၅.၈.)
အကျိုးပေးအရပ် - အရှေ့တောင်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်မြောက်
ယတြာ - အိမ်ဘုရားမှ ဂန္ဓမာပန်းဝေဝေဆာဆာနှင့် ဖရဲသီးစိပ်(၈)သပ်သပ်ရပ်ရပ်စိပ်ပြိး ကပ်လှူ ပါ။
ဘုရားမှ အင်္ဂါဂြိုလ်ထောင့်တွင် အောင်သပြေ(၈)ညွန့်၊ဖယောင်းတိုင်(၈)တိုင်၊ အမွှေးတိုင်(၈)တိုင်ထွန်းညှိ
ပူဇော်ပြီးလိုရာဆုတောင်းပါ။
Restaurants ပေါင်း(၁၄၀၅)ဆိုင်ကို သိရှိလိုပါက နှိပ်ပါ။
Zawgyiဖြင့်ဖတ်ရန်...
အင်္ဂါသားသမီးများ
ခရီးများသွားရတတ်၏။
အကျိုးပေးဂဏန်း - (၃.၅.၈.)
Myanmar Wedding Guide
jjjj
Read times Last modified on Saturday, 01 February 2020 09:13
Rate this item
(0 votes)
Tagged under