ကြာသပတေးသားသမီးများအတွက် ဖေဖော်ဝါရီလတစ်လစာ ကံကြမ္မာဟောစာတမ်း..
ကြာသပတေးသားသမီးများအတွက် ဖေဖော်ဝါရီလတစ်လစာ ကံကြမ္မာဟောစာတမ်း.. google
ကြာသပတေးသားသမီးများ ယခုလအချိန်မဖြုန်းသင့်သောကာလဖြစ်သည်။အလုပ်အကိုင်တွေအလွန်အကောင်းဘက်သို့ ဦးတည်နေပါသည်။
အောက်လက်ငယ်သားကိုလည်းမျက်နှာသာမပေးပါနှင့်။သင့်ကိုဒုက္ခပေးတတ်ပါသည်။
စိတ်ကူးဉာဏ်ပေါ်သလောက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပါ။
လုပ်ငန်းသစ်စတင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများကိုစုံစမ်းလျှောက်ထားခြင်း၊ အင်တာဗျူးဝင်ခြင်းတို့ကောင်း၏။
အောင်မြင်မည်။လာဘ်ငွေကြေးအစုလိုက်အပုံလိုက်ရခြင်း၊ငွေကြေးကံ အထူးကောင်းနေပြီးငွေကြေးကိစ္စများ
မိမိရည်မှန်းထားတာထက် ပိုမိုအောင်မြင်လိမ့်မည်။လူချစ်လူခင်ကတော့ အလွန်များပါတယ်။ စန်းလဲအလွန်ပွင့်နေပါလိမ့်မည်။
အိမ်သို့အတောင်ပေါက်သော သတ္တဝါဝင်လာတက်၏။ဝင်လျှင် နမိတ်ကောင်း၏။
ပညာရေးမှာတော့ ကောင်းနေပါသည်။ ပညာရေးကံ ကြိုးစားပါ။အကောင်းဆုံးကာလပါပဲ။ ပြည်တွင်းပြည်ပခရီးကိစ္စမှာလည်းကောင်းပါသည်။
အထူးအားဖြင့် အသီးအနှံလုပ်ငန်းနှင့်အသီးအနှံဆေးဝါးရောင်းဝယ်လုပ်ငန်း၊ မီးသွေး၊ဂတ်မီးဖိုလုပ်ငန်း၊ရွှေဆိုင်လုပ်ငန်း၊ စိန်လုပ်ငန်း၊ စက်ယာဉ်လုပ်ငန်း၊ စက်မှုလုပ်ငန်းဆိုင်ရာလုပ်ငန်းများ အကျိူးမြတ်ရရှိမယ်။
ဗုဒ္ဓဟူးသားသမီးများအကျိူးမပေးအပြင်"ယရလဝ"နာမည်ပါသူများ ငွေပေးချေးငှား၊မိမိအလုပ်ပရောဂျက် ဖိုင်များယုံကြည်စွာမအပ်နှင့်။
ထို့နောက် မိမိ၏အရင်က ရန်ငြိုး၊ရန်ကြွေးရှိသူ မိတ်ဆွေဟောင်းတွေအမျိုးတော်သူဖြစ်၍မိမိဘဝကို အစမပေါ်နိုင်အောင် ဒုက္ခပေးရန် အကြံအစည်းများရှိတတ်ပြီး
မိမိကိုယ်တိုင်လည်အနည်းရိပ်မိပြီးယုံကြည်မှုများ၍ သိသိနဲ့ အသိသတိနှင့် အမှားတစ်ခုရင်ဆိုင်ရလိမ့်မည်။
အချစ်ရေးနှင့်အိမ်ထောင်ရေး - အချစ်ရေးမှာလည်း ကြည်နူးပျော်ရွှင်ရပါလိမ့်မည်။ ချစ်သူကိုလည်းမိသားစုက လက်ခံကာအတူတကွပျော်ရွင်စွာ ခရီး၊ဘုရားဖူးသွားရတတ်သည်။
အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ရေးသုခ အပြည့်အဝရရှိလိမ့်မည်။
အိမ်ထောင်ဖက်၊ရာထူး၊ဂုဏ်ထူးများ တိုးခြင်းခံရမည်။မိသားစုတွေ ပြန်လည်ဆုံဆည်းခွင့်ကြုံတွေ့ရမည်။ဆွေမျိုးသားချင်းတို့၏ ကူညီမစခြင်းခံရမည်။
ခြေနှစ်ချောင်းဝင်ကိန်းရှိ၊ဆွေမျိုးဘက်က အမျိုးထဲကကလေးမွေးစားကိန်းကြုံတွေ့ရမည်။အိမ်ဆောက်၊အိမ်ပြောင်း နေရာအလုပ်ပြောင်းခြင်း ရှောင်ပါ။
ဤလ အထူး ၁၃ရက်ကနေ့ ၁၉ရက်အတွင်း ကိုယ်ပိုင်အလုပ်များ စာသောက်ကုန်၊ ငွေဝန်ဆောင်မှုလုပ်ငန်း၊
အလုပ်အော်ဒါတွေများပြီး မအားလပ်နိုင်အောင်ဖြစ်ရတတ်ပါတယ်။ ထို့ပြင် အလုပ်အကိုင်မှာ စိတ်အနှောက်အယှက်တော့ကြုံတွေ့ရမည်။
အထူး ကျောက်လောကသားများ ကျောက်နှင့်ပတ်သက်ပြီးစကားပြောအငြင်းအခုံပြုရသလိုမိမိကိုလိမ်လည်လှည့်စားရှောင်ပြေးခြင်းကြုံတွေ့ရတတ်သည်မို သတိထားပါ။
အထူးသဖြင့် ၅၊၁၄၊၂၃/၇၊၁၆၊၂၅/၈၊၁၇၊၂၆ ရက်မွေးဖွားသူများ နှင့် အသက် ၁၄နှစ်၊ ၁၆၊၁၇နှစ်၊ ၂၃နှစ်၊၂၅နှစ်၊၂၆နှစ်
ထိုနှစ်များ ငယ်ရွယ်သူများအဖို့ အချစ်ရေးတွင် လမ်းခွဲရလောက်အောင် ပြသနာဖြစ်ရတတ်သော ကာလဖြစ်သည်။
အချစ်ရေးမှာ အပြောအဆိုလေးတွေသတိထားရလိမ့်မယ်။လူပျိုလူရွယ်တွေအနေနဲ့ စီးပွားတွက်နေသူတွေကချစ်သူကြောင့့််စိတ်ညစ်ရမယ်။
ချစ်သူကိုအချိန်ပေးဖို့ထက်ငွေနောက်ပဲလိုက်နေပါလိမ့်မယ်။ အချစ်ကိစ္စတွေရှုပ်ထွေးမှုတွေဖြစ်နိုင်ပါတယ်။ ချစ်သူကို နှုတ်မဆက်ပဲ ရုတ်တရက်လမ်းခွဲရခြင်းမျိုးကြုံရတတ်ပါသည်။
ကျန်းမာရေး အလွန်ညံ့နေတတ်သည်။ အလုပ်အကိုင်တွေ၊အင်တာဗျူး၊ ပြည်ပခရီးကြန့်ကြာခြင်းနှင့် ပညာရေးဆိုင်ရာကိစ္စများ မပြောင်းချင်သောနေရာ တာဝန်ထမ်းဆောင်ခြင်း၊ အဆင်မပြေမှု ကြုံတွေ့ရမည်။
ကျန်ရက်မွေးဖွားသူများ နှင့် အသက်ပိုင်းတွေက ကံအသင့်တင့်ကောင်းပါတယ်။ကျန်းမာရေး ဆီး၊ အစာမှားဆေးမှား၊ သွေးနှင့်ပက်သက်သောရောဂါဝေဒနာများဖြစ်ပွားတတ်သည်။သတိထားသင့်။
ကြာသပတေးသားသမီးများ ယခုလ သတိထားသင့်အချက်ကတော့...
ငွေကြေးများနှင့်ပတ်သက်ပြီး စနေ၊ကြာသပတေး၊ ရာဟုသားသမီးများနှင့် ရင်းနှီးမြုပ်နှံပူပေါင်းလုပ်ခြင်းနဲ့ ငွေပေး
လွယ်၊ ငွေကြေးများအချေးအငှားမလုပ်သင့်ပေ။ဝန်ထမ်းလောက လုပ်ကိုင်နေပါက မိမိဆုံးဖြတ်ချက်ကိုဦးစားပေး လုပ်ကိုင်ရန် အကြံပြုပါသည်။
၁၃၈၁-ခု တပို့တွဲလဆုတ်(၅)ရက် ကြာသပတေးနေ့ရက်ရာဇာ ယနေ့ ပဉ္စင်းခံ၊ စေ့စပ်၊ လက်ထက်၊ မြေသန့်
မင်္ဂလာ၊ နာမည်မှည့်၊ ဆေးခန်းဖွင့်၊ အစုရှယ်ယာဝင်ခြင်း၊ကြေးသွန်းလောင်းခြင်း၊ ကျန်းမာရေးကုသမှုခံယူခြင်း
တို့ကောင်း၏။(တနင်္ဂနွေဂြိဟ် ညစက်၇နာရီ၁၀မိနစ်လွန် ကုမ်ရာသီပြောင်းဖြစ်၍ ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထက်မင်္ဂလာအခါရ၍အိမ်ဆောက်၊ အိမ်တတ်မင်္ဂလာအခါရှောင့်ရန်)
၁၃၈၁-ခု တပို့တွဲလဆုတ်(၁၂)ရက် ကြာသပတေးနေ့ရက်ရာဇာ ယနေ့ ဘုရားတည်၊ စေတီပုထိုးပြုပြင်ခြင်း၊
ရှင်ပြု၊နားသ၊ စေ့စပ်၊ လက်ထက်၊ ဝိဝါဟမင်္ဂလာနံနက်(၁၀း၂၀)နာရီ၊ ပန္နက်ရိုက်၊ တိုင်ထူ၊ အုတ်မြစ်ချလှေကားတင်၊
အိမ်ပြောင်း၊ ဆိုင်သစ်ဖွင့်ခြင်း၊ ဧည့်ခန်းပွဲစတင်ခြင်း၊ ကျန်းမာရေးကုသမှုခံယူခြင်း၊ ယာဉ်ကားဝယ်ယူခြင်းတို့ကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုလတွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် တောင်အရပ်မျက်နှာမှုကာနှင်းဆီပန်း(၅)ပွင့်ဘုရားလှူ ပြီးသွား၊
နို့နှစ်ရောင်၊ အဝါရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။
ခရီးသွားရကိန်းရှိလျှင် အထူး ရက်တွေကတော့(၁၇) ရက်နေ့ ညနေ ၃း၂၂ မတိုင်မီ ခရီးသွားကောင်း၏။
(၂ဝ,၂၇) ရက်နေ့ တနေ့လုံး ခရီးသွားမကောင်းပါ။
အကျိုးပေးဂဏန်း - (၂.၈.၆)
အကျိုးပေးအရပ် - မြောက်
အကျိုးမပေးရှောင်ရန်အရပ် - တောင်
ယတြာ - နို့နှစ်ရောင်၊ အဝါရောင်ဝတ်ဆင်ပြီး ကြာသပတေးဂြိဟ်ဘုရားမှာ တောင်အရပ်မျက်နှာမှုကာ နှင်းဆီပန်း(၅)ပွင့်ဘုရားလှူပြီးလိုရာဆုတောင်းပါ။ငါးအစားကျွေး ကုသိုလ်ပြုပါ။
ဆရာ မင်းသူရ
Silk Wear ပိုးထည်ဆိုင်များကိုရှာရန် နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
စိတ်ကူးဥာဏ်ပေါ်သလောက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပါ။
အထူးအားဖြင့် အသီးအနှံလုပ်ငန်းနှင့်အသီးအနှံဆေးဝါးရောင်းဝယ်လုပ်ငန်း၊ မီးသွေး၊ဂတ်မီးဖိုလုပ်ငန်း၊ရွှေဆိုင်လုပ်ငန်း၊ စိန်လုပ်ငန်း၊ စက်ယာဉ်လုပ်ငန်း၊ စက်မှုလုပ်ငန်းဆိုင်ရာလုပ်ငန်းများ အကျိုးမြတ်ရရှိမယ်။
ဗုဒ္ဓဟူးသားသမီးများအကျိုးမပေးအပြင်"ယရလဝ"နာမည်ပါသူများ ငွေပေးချေးငှား၊မိမိအလုပ်ပရောဂျက် ဖိုင်များယုံကြည်စွာမအပ်နှင့်။
အကျိုးပေးဂဏန်း - (၂.၈.၆)
အကျိုးပေးအရပ် - မြောက်
ဆရာ မင်းသူရ
Myanmar Wedding Guide
1we
Read times Last modified on Thursday, 27 February 2020 16:26
Rate this item
(0 votes)
Tagged under