စနေသားသမီးများအတွက် ဖေဖော်ဝါရီလတစ်လစာ ကံကြမ္မာဟောစာတမ်း..

စနေသားသမီးများအတွက် ဖေဖော်ဝါရီလတစ်လစာ ကံကြမ္မာဟောစာတမ်း.. google

စနေသားသမီးများသည် အခုလအစ (၁)ရက် မှာ (၇)ရက်အတွင်းနှင့် (၁၅) ရက် မှာ ၂၀ရက် အတွင်း "ဒွန်းစဏ္ဍား"အဆိုးနှင့်အကောင်း သုခနဲ့ဒုက္ခ ဒွန်းတွဲရှိသည်မို့ အလုပ်ခွင်မှာနားရတယ်ဆိုတာမရှိနိုင်ပါဘူး။

အလုပ်တစ်ခုပြီးတစ်ခုလုပ်နေရလို့ အလွန်ကိုပင်ပန်းတတ်ပါတယ်။အလုပ်နဲ့ပတ်သက်ရင် အနစ်နာခံလိုက်ပါ။

အနစ်နာခံမှုကြောင့် အကျိုးခံစားရမည်။ ဒွန်းစဏ္ဍားနေ့မို့လုပ်ငန်းသစ်များ စတင်လုပ်ကိုင်မည်ဆိုပါက လုံးဝမလုပ်ပါနှင့်။အရှုံးပေါ်တတ်သည်။

အဖိုးတန်ဥစ္စာပစ္စည်း၊ ပိုက်ဆံအိတ်များ၊ဖုန်းများမေ့ကျန်ပျောက်ရှတတ်ပါတယ်။

မော်တော်ယာဉ်၊ လျှပ်စစ်နှင့်ပတ်သက်သောအန္တရာယ် မတော်တဆ ထိခိုက်မိတာတွေကြုံရတတ်ပါတယ်။

ပြည်ပအလုပ်အကိုင်များ သူဌေးနှင့်အဆင်မပြေ၍နေရာအပြောင်းအရွှေ့နှင့် မိမိလစာ လရှည်မရဘဲအခက်တွေကြုံတွေ့ရတတ်ပါတယ်။

(၈)ရက် မှာ (၁၄)ရက်အတွင်းနှင့် (၂၁) ရက် မှာ (၂၈)ရက်အတွင်း ထိုရက်တွေစိတ်ချမ်းသာ၍ ဒုက္ခနည်း။သုခရမည်။

လုပ်ငန်း နှေးပေမယ့် အရင်ထက် တိုးတက်လာမယ်။စိတ်ကူးထားတာတွေ လက်တွေ့ လုပ်နိုင်ပြီး အလုပ်တွေလည်း ကောင်းလာမယ်။

အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ထောက်ခံမှုကြောင့် လူကြီးမြှောက်စားခြင်းခံရမည်။

နိုင်ငံတကာပညာရေးအခွင့်အလမ်းကောင်းများရရှိမည်။အလုပ်စီးပွားတိုးတက်အဆင်ပြေမယ်။

စပ်တူအလုပ်၊ ရှယ်ယာအလုပ်အကျိုးဖြစ်ထွန်းမည်။သင်တန်းတက်ရခြင်း ပညာရပ်တစ်ခုခုကို လေ့လာရခြင်းသုတေသနပြုရခြင်းများပြုလုပ်ရပါမည်။

နှလုံးသားရေးမှာတော့ ရာသီဥတုနဲ့အပြိုင် အေးချမ်းသာယာနေမယ်။

ပညာရေးပျိုရွယ်သူများနှင့်လူငယ်လူရွယ်များအပျော်အပါးလိုက်စားခြင်းများရှောင်ပေးပါ။မိမိဘဝဆုံးရှုံးမှုများကြုံတွေ့ရတတ်သည်။

စီးပွားရေး - အထူး ဆိတ်အရောင်းအဝယ်၊ အိမ်တိုက်တာအရောင်းအဝယ်၊အိမ်ဆောက်ပစ္စည်းလုပ်ငန်းနှင့်ရတနာရောင်းဝယ်ခြင်း၊ အကျိုးဖြစ်၍ ကျောက်မျက်ရတနာလုပ်ငန်းများ အထူးငွေအမြောက်အများဝင်လာတတ်သည်။

စပ်တူရှယ်ယာလုပ်ငန်းများ အမြတ်အစွန်းရရှိမည်။

အထူး - ပြည်ပအလုပ်အကိုင်အင်ဂျင်စီလုပ်ငန်းများအခက်အခဲတွေ့မည်။ သင့်ယုံကြည်ရသော သူတွေကလည်းသင့်ကို မကောင်းကြံတတ်သည်။ သတိထားပါ။

အချစ်ရေးနှင့်အိမ်ထောင်ရေး - အပျို၊လူပျိုများ မိမိစိတ်ကြိုက်ရွေးချယ်ရန်အတွက် အခွင့်အလန်းများရှိသည်။

ချစ်သူရည်းစားမရှိသေးသူများ ချစ်သူရရှိမည်။ခရီးသွားလာခြင်း ချစ်သူသစ်တွေ့မည်။

ဝန်ထမ်းလောက ချစ်သူတွေ့တတ်ပြီး ချစ်သူနှစ်ဦးငယ်ဟောင်း၊ ချစ်ရေးကွဲကွာသူ၊အိမ်ထောင်အဆက်အဟောင်းနှင့် တနေရာတချီမှာ မမျော်လင့်ထားဘဲတွေ့ဆုံတစ်ဦးပေါ်တစ်ဦး နာလည်းပေးပြီ ပေါင်းသင့်ရတတ်တာတွေရှိပါတယ်။

သို့သော် အချစ်ရေးမှာ မိမိအားဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့် အမျိုးသား၊အမျိုးသမီးအချို့ ချဉ်းကပ် လာတတ်သည်။

အိမ်ထောင်ရှင်မများ အမျိူ းသားများ ဂရုစိုက်မှုရခြင်း ဘုရားဖူးသွားရတတ်ပါတယ်။

မြေယာအမွေအနှစ်ရတတ်၊အထက်လူကြီးများ၏ ချီးမြှင့်မြှောက်စားမူခံရတတ်ပါသည်။

ဘိုးဘွားအမွေအနှစ်၊ မိဘမောင်နှမဆွေမျိုးအမွေအနှစ်ရရှိအိမ်ယာ၊တိုက်ခန်း၊ မြေယာ၊ခြံကွက်များရရှိတတ်သည်။

နှစ်ဖက်မိဘဆွေးမျိုးများ၏ကျန်းမာရေးကိစ္စရပ်များတွင်ကူညီပံ့ပို့ရခြင်းကြုံတွေ့ရမည်။အိမ်ထောင်သည်များစုတ်ကိစ္စ အထူးရှောင်လိုက်ပါ။

အထူး ၇၊၁၆၊၂၅ ရက်မွေးဖွားသူများကတော့ ငယ်ရွယ်ပျိုရွယ်သူများ အချစ်ရေးကံဇာတာကောင်းစန်းကောင်းပြီး မိမိတို့၏မေတ္တာရေး၊နှလုံးရေးရာလေးလေးနက်နက်တန်ဖိုးထားသူများနှင့် တွေ့ကြုံရမည်။

ဂုဏ်ရှိန်ကြီးမားသော အသိုင်းအဝိုင်းမှ ဖူးစာဆုံတွေ့မည်။

စနေသားသမီးများ သတိထားရမည့်အညံများ...ငွေကြေးကိစ္စရင်းနှီးသောသူများနှင့် မိမိအကြားအယူအဆသဘောထားမကိုက်ညီမှုများကြံတွေ့ရမည်။

အထူး မိမိပိုင်ပစ္စည်းများ တစ်ပါးသူကို ငှားရမ်းခြင်းများတတ်နိုင်သမျှရှောင်ပါ။ငွေကြေးအာမခံတော့မပေးပါနှင့် ပြဿနာပေါ်တတ်ပါသည်။

စာရင်းဇယားကိစ္စတွေလည်း လွှဲချော်စာရင်းရေးရာအမှားတွေကြောင့် ပြဿနာတွေဖြေရှင်းရတတ်ပါသည်။အလုပ်ပြုတ်တတ်သည်။

အထူးငွေစာရင်းဇယား ငွေယူလိမ်လည်ထားမှု အထူးသတိထား၍ အလုပ်တွင် ရန်သူရှိအတိုက်အခိုက်ပေါ်မည်။

စိတ်မတည်ငြိမ်၊စိတ်လေလွင့်မှုကို မိမိကစိတ်ကိုသေချာထိန်းပြီး အလုပ်လုပ်လျင် အဆင်ပြေသွားပါလိမ့်မည်။

ကျန်းမာရေးမှာ အနည်းငယ်ညံ့နေတတ်ပါသည်။ သွေးအားနည်းခြင်း ရောဂါဖြစ်တတ်ပါသည်။

ဆောင်ရွက်စရာကိစ္စ ယခုလတွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ခရေညွန့်(၃)ညွန့်

ဘုရားလှူ ပြီးသွား၊ အဖြူ ရောင်အစိမ်းရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။

ခရီးသွားရကိန်းရှိလျှင် အထူးရက်တွေကတော့...

(၁) ရက်နေ့ နံနက် ရး၃၈ မတိုင်မီ၊ (၈) ရက်နေ့ ည ၁၀း၅၀ မတိုင်မီ၊(၂၁) ရက်နေ့ နံနက် ၃နာရီ ခရီးသွားကောင်း၏။

(၂၂) ရက်နေ့ နေ့ ၁၂း၅၁ မတိုင်မီ ခရီးသွားမကောင်းပါ။

အကျိုးပေးဂဏန်း - (၆.၈.၇)

အကျိုးပေးအရပ် - အနောက်တောင်

အကျိုးမပေးရှောင်ရန်အရပ် - အရှေ့မြောက်

ယတြာ - ဘုရားမှ မိမိနေနံစနေဂြိဟ်ထောင့်တွင် နှင်းဆီအနီရောင်၊ အောင်သပြေ(၁ဝ)ညွန့် အမွေးတိုင်(10)တိုင်ဖယောင်းတိုင်(10)တိုင်ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းပါ။

ပဌာန်း(၂၄)ပစ္စည်း ရွတ်ပြီး လိုရာဆုတောင်းပါ။

ဆရာ မင်းသူရ

Hairdressers ဆံပင်ညှပ်ဆိုင်များကိုရှာရန် နှိပ်ပါ။

 

Zawgyi ျဖင့္ဖတ္ရန္

စေနသားသမီးမ်ားသည္ အခုလအစ (၁)ရက္ မွာ (၇)ရက္အတြင္းႏွင့္ (၁၅) ရက္ မွာ ၂၀ရက္ အတြင္း "ဒြန္းစ႑ား"အဆိုးႏွင့္အေကာင္း သုခနဲ႔ဒုကၡ ဒြန္းတြဲရွိသည္မို႔ အလုပ္ခြင္မွာနားရတယ္ဆိုတာမရွိႏိုင္ပါဘူး။

အလုပ္တစ္ခုၿပီးတစ္ခုလုပ္ေနရလို႔ အလြန္ကိုပင္ပန္းတတ္ပါတယ္။အလုပ္နဲ႔ပတ္သက္ရင္ အနစ္နာခံလိုက္ပါ။

အနစ္နာခံမႈေၾကာင့္ အက်ိဳးခံစားရမည္။ ဒြန္းစ႑ားေန႔မို႔လုပ္ငန္းသစ္မ်ား စတင္လုပ္ကိုင္မည္ဆိုပါက လုံးဝမလုပ္ပါႏွင့္။အရႈံးေပၚတတ္သည္။

အဖိုးတန္ဥစၥာပစၥည္း၊ ပိုက္ဆံအိတ္မ်ား၊ဖုန္းမ်ားေမ့က်န္ေပ်ာက္ရွတတ္ပါတယ္။

ေမာ္ေတာ္ယာဥ္၊ လွ်ပ္စစ္ႏွင့္ပတ္သက္ေသာအႏၲရာယ္ မေတာ္တဆ ထိခိုက္မိတာေတြႀကဳံရတတ္ပါတယ္။

ျပည္ပအလုပ္အကိုင္မ်ား သူေဌးႏွင့္အဆင္မေျပ၍ေနရာအေျပာင္းအေ႐ႊ႕ႏွင့္ မိမိလစာ လရွည္မရဘဲအခက္ေတြႀကဳံေတြ႕ရတတ္ပါတယ္။

(၈)ရက္ မွာ (၁၄)ရက္အတြင္းႏွင့္ (၂၁) ရက္ မွာ (၂၈)ရက္အတြင္း ထိုရက္ေတြစိတ္ခ်မ္းသာ၍ ဒုကၡနည္း။သုခရမည္။

လုပ္ငန္း ေႏွးေပမယ့္ အရင္ထက္ တိုးတက္လာမယ္။စိတ္ကူးထားတာေတြ လက္ေတြ႕ လုပ္ႏိုင္ၿပီး အလုပ္ေတြလည္း ေကာင္းလာမယ္။

အလုပ္ထဲမွာ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ ေထာက္ခံမႈေၾကာင့္ လူႀကီးေျမႇာက္စားျခင္းခံရမည္။

ႏိုင္ငံတကာပညာေရးအခြင့္အလမ္းေကာင္းမ်ားရရွိမည္။အလုပ္စီးပြားတိုးတက္အဆင္ေျပမယ္။

စပ္တူအလုပ္၊ ရွယ္ယာအလုပ္အက်ိဳးျဖစ္ထြန္းမည္။သင္တန္းတက္ရျခင္း ပညာရပ္တစ္ခုခုကို ေလ့လာရျခင္းသုေတသနျပဳရျခင္းမ်ားျပဳလုပ္ရပါမည္။

ႏွလုံးသားေရးမွာေတာ့ ရာသီဥတုနဲ႔အၿပိဳင္ ေအးခ်မ္းသာယာေနမယ္။

ပညာေရးပ်ိဳ႐ြယ္သူမ်ားႏွင့္လူငယ္လူ႐ြယ္မ်ားအေပ်ာ္အပါးလိုက္စားျခင္းမ်ားေရွာင္ေပးပါ။မိမိဘဝဆုံးရႈံးမႈမ်ားႀကဳံေတြ႕ရတတ္သည္။

စီးပြားေရး - အထူး ဆိတ္အေရာင္းအဝယ္၊ အိမ္တိုက္တာအေရာင္းအဝယ္၊အိမ္ေဆာက္ပစၥည္းလုပ္ငန္းႏွင့္ရတနာေရာင္းဝယ္ျခင္း၊ အက်ိဳးျဖစ္၍ ေက်ာက္မ်က္ရတနာလုပ္ငန္းမ်ား အထူးေငြအေျမာက္အမ်ားဝင္လာတတ္သည္။

စပ္တူရွယ္ယာလုပ္ငန္းမ်ား အျမတ္အစြန္းရရွိမည္။

အထူး - ျပည္ပအလုပ္အကိုင္အင္ဂ်င္စီလုပ္ငန္းမ်ားအခက္အခဲေတြ႕မည္။ သင့္ယုံၾကည္ရေသာ သူေတြကလည္းသင့္ကို မေကာင္းႀကံတတ္သည္။ သတိထားပါ။

အခ်စ္ေရးႏွင့္အိမ္ေထာင္ေရး - အပ်ိဳ၊လူပ်ိဳမ်ား မိမိစိတ္ႀကိဳက္ေ႐ြးခ်ယ္ရန္အတြက္ အခြင့္အလန္းမ်ားရွိသည္။

ခ်စ္သူရည္းစားမရွိေသးသူမ်ား ခ်စ္သူရရွိမည္။ခရီးသြားလာျခင္း ခ်စ္သူသစ္ေတြ႕မည္။

ဝန္ထမ္းေလာက ခ်စ္သူေတြ႕တတ္ၿပီး ခ်စ္သူႏွစ္ဦးငယ္ေဟာင္း၊ ခ်စ္ေရးကြဲကြာသူ၊အိမ္ေထာင္အဆက္အေဟာင္းႏွင့္ တေနရာတခ်ီမွာ မေမ်ာ္လင့္ထားဘဲေတြ႕ဆုံတစ္ဦးေပၚတစ္ဦး နာလည္းေပးၿပီ ေပါင္းသင့္ရတတ္တာေတြရွိပါတယ္။

သို႔ေသာ္ အခ်စ္ေရးမွာ မိမိအားဂုဏ္သိကၡာ က်ဆင္းေစရန္ ရည္႐ြယ္ခ်က္ျဖင့္ အမ်ိဳးသား၊အမ်ိဳးသမီးအခ်ိဳ႕ ခ်ဥ္းကပ္ လာတတ္သည္။

အိမ္ေထာင္ရွင္မမ်ား အမ်ိဴ းသားမ်ား ဂ႐ုစိုက္မႈရျခင္း ဘုရားဖူးသြားရတတ္ပါတယ္။

ေျမယာအေမြအႏွစ္ရတတ္၊အထက္လူႀကီးမ်ား၏ ခ်ီးျမႇင့္ေျမႇာက္စားမူခံရတတ္ပါသည္။

ဘိုးဘြားအေမြအႏွစ္၊ မိဘေမာင္ႏွမေဆြမ်ိဳးအေမြအႏွစ္ရရွိအိမ္ယာ၊တိုက္ခန္း၊ ေျမယာ၊ၿခံကြက္မ်ားရရွိတတ္သည္။

ႏွစ္ဖက္မိဘေဆြးမ်ိဳးမ်ား၏က်န္းမာေရးကိစၥရပ္မ်ားတြင္ကူညီပံ့ပို႔ရျခင္းႀကဳံေတြ႕ရမည္။အိမ္ေထာင္သည္မ်ားစုတ္ကိစၥ အထူးေရွာင္လိုက္ပါ။

အထူး ၇၊၁၆၊၂၅ ရက္ေမြးဖြားသူမ်ားကေတာ့ ငယ္႐ြယ္ပ်ိဳ႐ြယ္သူမ်ား အခ်စ္ေရးကံဇာတာေကာင္းစန္းေကာင္းၿပီး မိမိတို႔၏ေမတၱာေရး၊ႏွလုံးေရးရာေလးေလးနက္နက္တန္ဖိုးထားသူမ်ားႏွင့္ ေတြ႕ႀကဳံရမည္။

ဂုဏ္ရွိန္ႀကီးမားေသာ အသိုင္းအဝိုင္းမွ ဖူးစာဆုံေတြ႕မည္။

စေနသားသမီးမ်ား သတိထားရမည့္အညံမ်ား...ေငြေၾကးကိစၥရင္းႏွီးေသာသူမ်ားႏွင့္ မိမိအၾကားအယူအဆသေဘာထားမကိုက္ညီမႈမ်ားႀကံေတြ႕ရမည္။

အထူး မိမိပိုင္ပစၥည္းမ်ား တစ္ပါးသူကို ငွားရမ္းျခင္းမ်ားတတ္ႏိုင္သမွ်ေရွာင္ပါ။ေငြေၾကးအာမခံေတာ့မေပးပါႏွင့္ ျပႆနာေပၚတတ္ပါသည္။

စာရင္းဇယားကိစၥေတြလည္း လႊဲေခ်ာ္စာရင္းေရးရာအမွားေတြေၾကာင့္ ျပႆနာေတြေျဖရွင္းရတတ္ပါသည္။အလုပ္ျပဳတ္တတ္သည္။

အထူးေငြစာရင္းဇယား ေငြယူလိမ္လည္ထားမႈ အထူးသတိထား၍ အလုပ္တြင္ ရန္သူရွိအတိုက္အခိုက္ေပၚမည္။

စိတ္မတည္ၿငိမ္၊စိတ္ေလလြင့္မႈကို မိမိကစိတ္ကိုေသခ်ာထိန္းၿပီး အလုပ္လုပ္လ်င္ အဆင္ေျပသြားပါလိမ့္မည္။

က်န္းမာေရးမွာ အနည္းငယ္ညံ့ေနတတ္ပါသည္။ ေသြးအားနည္းျခင္း ေရာဂါျဖစ္တတ္ပါသည္။

ေဆာင္႐ြက္စရာကိစၥ ယခုလတြင္ခရီးသြားျခင္းႏွင့္လုပ္ငန္းေဆာင္တာကိစၥမ်ားအတြက္ ခေရၫြန႔္(၃)ၫြန႔္

ဘုရားလႉ ၿပီးသြား၊ အျဖဴ ေရာင္အစိမ္းေရာင္ အဝတ္အထည္မ်ားဝတ္ဆင္ျခင္းႏွင့္ထိုအေရာင္မ်ားကိုအေဆာင္အျဖစ္အသုံးျပဳႏိုင္သည္။

ခရီးသြားရကိန္းရွိလွ်င္ အထူးရက္ေတြကေတာ့...

(၁) ရက္ေန႔ နံနက္ ရး၃၈ မတိုင္မီ၊ (၈) ရက္ေန႔ ည ၁၀း၅၀ မတိုင္မီ၊(၂၁) ရက္ေန႔ နံနက္ ၃နာရီ ခရီးသြားေကာင္း၏။

(၂၂) ရက္ေန႔ ေန႔ ၁၂း၅၁ မတိုင္မီ ခရီးသြားမေကာင္းပါ။

အက်ိဳးေပးဂဏန္း - (၆.၈.၇)

အက်ိဳးေပးအရပ္ - အေနာက္ေတာင္

အက်ိဳးမေပးေရွာင္ရန္အရပ္ - အေရွ႕ေျမာက္

ယၾတာ - ဘုရားမွ မိမိေနနံစေနၿဂိဟ္ေထာင့္တြင္ ႏွင္းဆီအနီေရာင္၊ ေအာင္သေျပ(၁ဝ)ၫြန႔္ အေမြးတိုင္(10)တိုင္ဖေယာင္းတိုင္(10)တိုင္ကပ္လႉပူေဇာ္ၿပီး လိုရာဆုေတာင္းပါ။

ပဌာန္း(၂၄)ပစၥည္း ႐ြတ္ၿပီး လိုရာဆုေတာင္းပါ။

ဆရာ မင္းသူရ

Hairdressers ဆံပင္ညွပ္ဆုိင္မ်ားကိုရွာရန္ ႏွိပ္ပါ။

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under