(23-3-2020 မှ 29-3-2020အထိ) တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောစာတမ်း
(23-3-2020 မှ 29-3-2020အထိ) တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောစာတမ်း google
တနင်္ဂနွေသားသမီးများ 
ဘာပဲလုပ်လုပ် မိမိအလုပ်နှင့် မသက်ဆိုင်သူများနှင့် မတိုင်ပင်သင့်ပါ။ဆုံးဖြတ်ချက်များ မှားယွင်းတတ်ပြီး လုပ်ငန်းများရှေ့ဆက်မတိုးနိုင်ဘဲ နှောင့်နှေးနေလိမ့်မည်။
အိမ်ထောင်ဘက်ခရီးကိစ္စပေါ်လိမ့်မည်။ကျန်းမာရေး ဒူးအဆစ်များညောင်းညာ၍ မလှုပ်ချင်မကိုင်ချင် ဖြစ်နေလိမ့်မည်။
ငယ်ရွယ်သူများအချစ်ရေးတွင် မတည့်အတူနေအခြေအနေပါ။ထီ၅၇ပါသောထီထိုးပါ။
ယတြာ ငါးကြီးကြီးနှစ်ကောင်လွှတ်ပေးပါ။
တနင်္လာသားသမီးများ
သင့်အတွက် ကံကြမ္မာကောင်းများ စတင်ဝင်ရောက်လာမည့် အချိန်ပါ ဤအချိန်တွင် သင်ဘာပဲလုပ်လုပ် အောင်မြင်မူများ ရရှိနေပါလိမ့်မည်။
မိဘဘက်မှဆွေမျိုးများ ညအိပ်ရောက်ရှိလာတတ်ပါသည်။ဘိုးဘွားပိုင်အမွေအနှစ်များ ရရှိခံစားနိူင်မည့် အခွင့်အရေးများ ပေါ်ပေါက်လာပါလိမ့်မည်။
အိမ်ခြံမြေအကျိုးပေးပါလိမ့်မည်။ကျန်းမာရေးတွင် ခါးမကြာခဏနာနေလိမ့်မည်။ငယ်ရွယ်သူများ ချစ်သူထံမှ လက်ဆောင်ပစ္စည်းရရှိလိမ့်မည်။
ထီ၁၉ပါသောထီထိုးပါ။
ယတြာ မိမိအိမ်ရှေ့တွင် ငွေပန်းပင်နှစ်ပင်စိုက်၍ ငွေအကြွေစေ့စိမ်ထားသောရေဖြင့် မကြာခဏလောင်းပေးပါ။
အင်္ဂါသားသမီးများ
ပညာရေးလုပ်ငန်း ပွဲစားလုပ်ငန်းများ အကျိုးပေးမည့်အချိန်ကာလပါ။မိမိရသင့်ရထိုက်သော ငွေကြေးအပြင် အပိုထပ်ဆောင်းဆုကြေးများပါ ရရှိပါလိမ့်မည်။
ကျန်းမာရေး မကြာခဏချူချာနေလိမ့်မည်။အထူးသဖြင့် အသေးအမွှားလေးတွေ မကြာခဏဖြစ်နေတတ်ပါသည်။အနက်ရောင်အသုံးအဆောင်များရှောင်ပါ။
အစိမ်းရောင်အသုံးအဆောင်များ များများသုံးစွဲပေးပါ။ငယ်ရွယ်သူများ အချစ်ရေးတွင် အနေနီးသူနှင့် သံယောဇဉ်တွယ်တာမိတတ်ပါသည် ထီ၁၇ပါသောထီထိုးပါ။
ယတြာ ဘုန်းကြီးကျောင်းတွင် ကုဠီဆေးသောတုတ်တံလှူ ပေးပါ။
ဗုဒ္ဓဟူးသားသမီးများ
မိမိလုပ်ငန်းတွင် အရင်းငွေနှင့်အမြတ်ငွေ လုံးလည်ချာလည်လိုက်နေတတ်သော ကာလပါ။ရှုံးမှန်းမသိမြတ်မှန်းမသိ ဖြစ်နေပါလိမ့်မည်။
မိမိရစရာရှိသောငွေများကိုလည်း တစ်လုံးတည်းတစ်ခဲတည်း ပြန်မရဘဲ အလီလီခွဲပြီးပြန်ရနေပါလိမ့်မည်။အိုးအိမ်ပြောင်း သို့မဟုတ် အလုပ်နေရာအပြောင်းအလဲရှိမည်။
ကျန်းမာရေးတွင် အဆစ်အမြစ်များ မကြာခဏကိုက်ခဲနေမည်။ငယ်ရွယ်သူများ အချစ်ရေးတွင် သင်တန်းတက်ရင်း ဖူးစာဘက်တွေ့မည်။ထီ၁၃ပါသောထီထိုးပါ။
ယတြာ ကြက်သွန်ကြော်ဘုရားလှူပါ။
ကြာသာပတေးသားသမီးများ
မိမိနှင့် သဟဇာတမဖြစ်သော အလုပ်အကိုင်များ လုပ်ကိုင်နေရလိမ့်မည်။အစားမှား ဆေးမှားဖြစ်တတ်သောအချိန်ပါ။
မိမိရဲ့စိတ်ဆန္ဒ လောဘအာသာကို အလိုလိုက်မိလို့ အစားတစ်လုတ်အတွက် ဆေးရုံဆေးခန်း ရောက်ရှိတတ်ပါတယ်။အစာအိမ်ဒုက္ခပေးတတ်ပါတယ်။
ငယ်ရွယ်သူများ အချစ်ရေးတွင် မိမိထက်အသက်ငယ်သူနှင့် ချစ်သူရည်းစားဖြစ်တတ်ပါတယ်။ထီ၁၅ပါသောထီထိုးပါ။
ယတြာ ကွမ်းရွက်ကိုကန်တော့ထိုးလက်ဖက်ထည့်၍ဘုရားလှူပေးပါ။
သောကြာသားသမီးများ
အလုပ်ကိစ္စများတွင် စိတ်ကူးဖြင့် အကောင်အထည်ဖော်နေတာကများပြီး လက်တွေ့အကောင်အထည်မဖော်နိုင်ဘဲ ရှိနေမည်။
ရည်ရွယ်ချက်တွေ များနေပေမယ့် လက်တွေ့မှာတစ်ခုမှ ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်သေးပါ။စိတ်တိုစရာကိစ္စတွေလည်း မကြာခဏကြုံရတတ်ပါတယ်။
ကျန်းမာရေးတွင် မျက်ရိုးကိုက်ခြင်း နှုတ်ခမ်းနာခြင်းများဖြစ်တတ်ပါသည် ထီ၁အစ ၈အဆုံးထိုးပါ။
ယတြာ အုန်းနို့ခေါက်ဆွဲဘုရားလှူပါ။
စနေသားသမီးများ
လုပ်ငန်းအဟောင်းနှင့် အသစ်နှစ်မျိုးလုံးကို တွဲဖက်လုပ်ကိုင်နေရလိမ့်မည်။လုပ်ဖော်ကိုင်ဖက် အချင်းချင်း သဘောထားကွဲလွဲမှုများရှိမည်။
လက်အောက်ငယ်သားတွေရဲ့ အရေးကို ဆွေးနွေးတိုင်ပင် ညှိနှိုင်းပေးရလိမ့်မည်။ကျန်းမာရေးတွင် ဝမ်းကျန်၍ မကြာခဏခေါင်းထိုးနေလိမ့်မည်။
ငယ်ရွယ်သူများအချစ်ရေးတွင် အေးစက်စက်အချစ်ရေးဖြင့်သာ ခရီးဆက်နေရလိမ့်မည်။ထီ ၁၈ပါသော ထီထိုးပါ။
ယတြာ ထောပတ်ထမင်းဘုရားလှူ ပေးပါ။
ကျော်ဘိုဘိုဟိန်း
Bridal Dress သတို့သမီးဝတ်စုံဆိုင် ဆိုင်ကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
တနင်္လာသားသမီးများ
ထီ၁၉ပါသောထီထိုးပါ။
အင်္ဂါသားသမီးများ
ဗုဒ္ဓဟူးသားသမီးများ
သောကြာသားသမီးများ
စနေသားသမီးများ
ကျော်ဘိုဘိုဟိန်း
Myanmar Wedding Guide
1we
Read times
Rate this item
(0 votes)
Tagged under