သောကြာသားသမီးများအတွက် သက္ကရာဇ် 2020 ခုနှစ် ဧပြီလ 17 ရက်နေ့ မှ 2021 ခုနှစ် ဧပြီလ 17 ရက် အတွင်း(၁) နှစ်စာ ဗေဒင် ဟောစာတမ်း
သောကြာသားသမီးများအတွက် သက္ကရာဇ် 2020 ခုနှစ် ဧပြီလ 17 ရက်နေ့ မှ 2021 ခုနှစ် ဧပြီလ 17 ရက် အတွင်း(၁) နှစ်စာ ဗေဒင် ဟောစာတမ်း google
သောကြာသားသမိးမိတ်ဆွေများဒီနှစ်ထဲမှာ အလုပ်အကိုင်များ တိုးတတ်ပြောင်းလည်းလာပါမယ်။အကောင်းဘက်တွေကို ဦးတည်နေပါ။
အလုပ်အကိုင်တွေလည်းတိုးချဲ့ရမယ်။လက်ရှိအလုပ်အကိုင်များထက်ကို ပိုမိုအကျိုးထူးရမယ့်နှစ်ဖြစ်ပါတယ်။
အိမ်ပိုင်မရှိသေးသူများလည်း ဒီနှစ်ထဲမှာ အိမ်ပိုင်ရပါမယ်။ကားဟောင်းရောင်းပြီးကားသစ်များလည်းရပါမယ်။
အလုပ်အကိုင်များကောင်းမွန်တိုးတက်သော်လည်းငွေကြေးတော့စုဆောင်းမရပါ။ငွေကြေးများမစုဆောင်းဘဲလုပ်ငန်းထဲရင်းနှီးမြုမ်နှံဖို့အကြံပြုလိုက်ပါတယ်။
မိသားစုများလည်းအလှူအတန်းကြီးပေးရပါမယ်။မိသားစုအပျော်ခရီး ဘုရားဖူးခရီးများလည်းသွားလာရမည်။
နိုင်ငံရပ်ခြားခရီးများသွားလာရမည် နိုင်ငံရပ်ခြားနှင့်ပတ်သက်ပြီး အလုပ်အကိုင် များပွင့်လန်းလာပါလိမ့်မယ်
ဝန်ထမ်းများလည်း အပြောင်းအလဲ ကြုံတွေ့ရပါမယ်အကြီးအကဲအကူအညီ များစွာရလာပါမည်။
ဝန်ထမ်းများရာထူးတိုးတတ်ခြင်း အကူအညီကောင်းများရပေလိမ့်မည်။
အလုပ်အကိုင်များကောင်းမွန်သော်လည်း ရန်အနှောက်အယှက် များတတ်ပါတယ်။အောက်လက်ငယ်သားများကြောင့်လည်း အခက်အခဲ ကြုံရတတ်ပါတယ်။
မိတ်ဆွေဟာ ခါတိုင်းနှစ်နဲ့မတူဘဲ ပတ်ဝန်းကျင်မှာ တန်ခိုးသြဇာတွေမြင့်တတ်လာပါမယ်။
နာမည်ကောင်းရခြင်း ဂုဏ်သတင်းကျော်ဇောခြင်း အများရဲ့ချစ်ခင်လေးစားမူများစွာရလာပါလိမ့်မည်။
အဖိုးတန် ရတနာအမျိုးမျိုးလည်းဝင်လာမည်။ခရီးသွားရသောနှစ်ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကံကောင်းသောနှစ်ဖြစ်တဲ့အတွက် အများသူငါ လာအပ်သော ပစ္စည်း များလုံးဝ လက်မခံပါနဲ့။
လက်ခံမိပါက လာဘ်ပိတ်မည်။အမူအခင်းတောင်ဖြစ်တတ်ပါတယ်။သတိထားပေါ့။
မိမိ နေအိမ်ကိုးကွယ်မူဆိုင်ရာ ဘာသာရေးပုံတော်များဝင်လာပါမည်။ကောင်းသောနိမိတ်ဖြစ်ပါတယ်။
ဝင်လာပြီဆိုရင်တော့ မိမိအလုပ်အကိုင်များ အဆင်ပြေအောင်မြင်ပြီးစီးပွားဥစ္စာ တိုးတတ်တော့မည်။ထီလည်းထိုးပါ။ထီဆုကြီးတောင်ပေါက်လာတတ်ပါတယ်။
ဘာသာမတူ လူမျိုးခြားဘာသာခြားများအကူအညီကောင်းများရမည်။
တခုသတိထားရမှာကတော့ အိမ်ထောင်များ ညအိပ်လက်မခံမိပါစေနဲ့ လက်ခံမိပါက အညံ့များနှင့်ကြုံတွေ့ရမည်။အလွန်ရင်းနှီးတဲ့မိတ်ဆွေများ အထင်လွဲပြီးမုန်းသွားတတ်
ပါတယ်။မိမိဘယ်လောက်အကူညီပေးနေပါစေ။အကောင်းအမြင်မခံရတတ်ပါ။
အိမ်ထောင်ရေး တော့အထူးဂရုစိုက်ပါ။မိသားစုဆွေမျိုးများကြောင့် အိမ်ထောင်ရေးထိခိုက်တတ်သည်။အိမ်ထောင်ဘက် အထင်အမြင်လွဲမှားမူများလည်း ကြုံတွေ့ရမည်။
အိမ်ထောင်ရှင် အမျိုးသားများ အမျိုးသမီးတစ်ဦးနှစ်ပတ်သတ်ပြီး ပြဿနာတတ်မည်။ အမျိုးသမီးတစ်ဦးကြောင့်
ဒုက္ခရောက်တတ်သည်။ ထိုအမျိုးသမီးကြောင့် အိမ်ထောင်ရေး ဒုက္ခရောက်တတ်သည်။ မုန်းခြင်း ကွဲခြင်း ဝေးခြင်းများဖြစ်စေတတ်သည်။ဆွေမျိုးအကြီးအကဲ နေထိုင်မကောင်း အကြီးအကျယ်ဖြစ်တတ်သည်။
ကားမောင်းသွားလာသူများကားအန္တရာယ်သတိထားပါ။ကားအတွက်နဲ့ငွေကုန်လည်း
များတတ်ပါတယ်။ငွေတွေကတော့ အရမ်းဝင်လာပါလိမ့်မယ်။ထွက်တာလည်း
အရမ်းထွက်ပါလိမ့်မယ်။ငယ်ရွယ်သူများ အချစ်ရေး ကံကောင်းမယ်။အချစ်ရေးတွေ
များနေရင်တော့သတိထားပါ။ရန်အတိုက်အခံများတတ်ပါတယ်။ငယ်ရွယ်သူများ စေ့စပ်ခြင်း လက်ထပ်ခြင်း မင်္ဂလာပြုရခြင်း အိမ်ထောင်ကျတတ်ပါသည်။ချစ်သူအထင်အမြင်လြွဲခင်းတော့သတိထားပါ။
စက်ပစ္စည်းများပျက်ခြင်း ပျောက်ခြင်း စာချုပ်စာတမ်းများပျောက်ခြင်း မှားခြင်းကြောင့် ဒုက္ခရောက်တတ်ပါတယ်။
အိုးအိမ်အဆောက်အဦး အလုပ်မှာ ပြဿနာတတ်ပြီး ရှင်းရလင်းရ အမူအခင်းလည်း ကြုံတွေ့ရတတ်ပါတယ်။မျက်နှာမှာ အဖုအပိန့် အနာလေးတွေ ဖြစ်တတ်ပါတယ်။
ဘာဆေးမှမလိမ်းပါနဲ့။ဆေးလိမ်းရင်ပွားလာပြီးပိုဆိုးပါမယ်။အပူလောင်တတ်တယ်။ရေနွေးအပူတို့ မီးအပူတို့
လျှပ်စစ်ကိုင်ရင်သတိထားပါ။မီးအန္တရာယ်သတိထားပါ။အတတ်ပညာအသိပညာများလည်းသင်ယူရမည်။
ပညာရေးအထူးကောင်းမွန်သည်။မပေါ့ဆပါနဲ့။အနုပညာရှင်များ ဒီနှစ်ထဲမှာ အရမ်းကံကောင်းပါမယ်။
အကူညီကောင်း အဆက်အသွယ်ကောင်းများလည်းရမယ်။နာမည်ဂုဏ်သတင်းကျော်ဇောမယ်။အလုပ်အကိုင် တွေအဆင်ပြေအောင်မြင်ပါမယ်။
အများချစ်ခင်မူများရပါမယ်။မိမိ ကြိုးစားသမျှအရာထင်ပါလိမ့်မည် ။ဝင်ငွေလည်းကောင်းပါမယ်။
၁၃၈၂ ခုနှစ် တစ်နှစ်လုံး ကံကောင်း လာဘ်ရွှင် ငွေရစေရန်အလုပ်အကိုင်အကြံအစည်အောင်မြင်တိုးတတ်စေရန်ဘုန်းကံမြင့်ပြီး ကျန်းမာချမ်းသာစေရန် ပြုလုပ်ပါ။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ (17-4-2020) ခုနှစ်သောကြာနေ့ မှာ ပြုလုပ်ပါ။
တန်ခိုးကြီး ဘုရား တစ်ဆူ၏ မိမိမွေးနံထောင့်မှာ
ကန်တော့ပွဲအစုံ ၅ ပွဲ
အောင်သပြေ ၂၁ ညွှန့်
စံပါယ်ပန်း ၁၈ ကုံး
ရွှေပန်း ၁၇ ကုံး
နှင်းဆီအဝါ ၁၀ ပွင့်
အမွှေးတိုင် ၂၇ တိုင်
အလင်းတိုင် ၂၇ တိုင်
တို့ကို လူုဒါန်းပြီး နှစ်သစ်မင်္ဂလာမှစပြီး အလုပ်အကိုင်များအဆင်ပြေအောင်မြင်တိုးတတ်စေရန် စီးပွားလာဘ်လာဘများပွင့်လန်းစေရန်
အချစ်ရေး အိမ်ထောင်ရေး သာယာချမ်းမြေ့စေရန် အလေးအနက်ထားပြီး ဆုတောင်းပါ။
ယတြာ
မိတ်ဆွေ မောင်နှမများ ဒီနှစ်ထဲ အဆိုးအညံ့များပျောက်ပြီးကောင်းကျိုးများပိုမိုရရှိစေရန်အတွက်
ဖော်ပြပါ ယတြာကိုတော့ တစ်လတစ်ကြိမ် ပြုလုပ်ပါ။
ဘုရားတစ်ဆူမှာ ကန်တော့ပွဲ နှင့်အုန်းညွှန့် (16) ညွှန့်၊မေမြို့ပန်း (19) ပွင့် ထီးနီအကြီး (5) လက်တို့ကို လှူ
တန်းပြီး အလေးအနက်ဆုတောင်းပါ။
တနင်္ဂနွေ ညနေမှာ (ဘဲဥပြုတ်ပြီး) လမ်းမှာရှိသော ခွေးကိုငါဒဏ်နင်ခံဆိုပြီး ကျွေးပါလေ အညံ့တျွေပြေပျောက်ပါမည်။
မွေးနေ့တိုင်း ဘုရား မှာ ရွှေသင်္ကန်း နဲ့ ရေလူု ဆုတောင်းပါ။အကြောင်းကိစ္စ ရှိတိုင်းပြုလုပ်ဆောင်ရွက်ပါ။
မိတ်ဆွေ မောင်နှမများ အားလုံး (၁၃၈၂) နှစ်သစ်မှစပြီးကျန်းမာ ချမ်းသာကြပါစေ။
ဆရာ လင်းမြတ်ဘုန်းအောင်
Air Ticketing/Airlines လေယာဉ်လက်မှတ်အရောင်းဌာန ၈၉၀ ကိုရှာရန်နှိပ်ပါ။
ig
Zawgyi ဖြင့်ဖတ်ရန်....