၂၀၂၀ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

၂၀၂၀ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ တစ်ပတ်စာ သင့်ကံကြမ္မာ Google

တနင်္ဂနွေနေ့

အနုပညာလုပ်ငန်းမှာ စန်းပွင့်နေပါသည်။ စက်ပစ္စည်းဝင်မည်။ ရေလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ ဝန်ထမ်းဖြစ်ပါက အလုပ်ပြောင်း၊ အလုပ်နေရာပြောင်း ပေါ်မည်။ ရွှေ (သို့မဟုတ်) ငွေပျောက်မည်။ နိုင်ငံခြားခရီးအတွက် သတင်းကောင်းကြားရမည်။ စာချုပ်စာတမ်းပြုလုပ်ရမည်။ ဘုရားဆင်းတုတော် နေအိမ်သို့ ကြွမြန်းလာမည်။ ဝင်ငွေကောင်းမည်။ တယ်လီဖုန်းဝင်မည်။ နေအိမ်သို့ ဓါတ်ဗူးတစ်ဗူးရောက်လာပါက ‘၂’ အစ ‘၄’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အနှောင့်အယှက်ပေါ်မည်။ ကျန်းမာရေးအနေဖြင့် သွားကိုက်မည်။ အချစ်ရေးမှာ အခြေအနေကောင်းပါသည်။ အိမ်ထောင်ရေးလည်း အဆင်ပြေပါသည်။ ကံကောင်းသောဂဏန်းများမှာ ၂၊ ၄၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ သနပ်ခါးရောင် ဖြစ်ပါသည်။

 

ယတြာ - တနင်္ဂနွေနေ့တွင် နေအိမ်ဘုရားစင်မှာ သပြေညွန့် ၁၉ ညွန့် ကပ်လှူပါ။

 


တနင်္လာနေ့

ဝင်ငွေကောင်းမည်။ အိမ်နေရာအရွှေ့အပြောင်းဖြစ်မည်။ လမ်းထဲမှာ နာရေးပေါ်မည်။ မသွားရ။ နေအိမ်သို့ ဧည့်သည်ရောက်မည်။ နာရီဝင်ပါက ကံညံ့မည်။ နိုင်ငံခြားခရီးထွက်ရမည်။ ဆေးရုံသို့ လူနာမေးသွားရမည်။ သွားခဲ့သော်ကောင်း၏။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာ ပြဿနာအနည်းငယ်ဖြေရှင်းရမည်။ အိမ်နေရာအရွှေ့အပြောင်းပေါ်မည်။ နိုင်ငံရေးလုပ်ငန်းမှာ အခက်အခဲနှင့် ရင်ဆိုင်ရမည်။ တယ်လီဖုန်းအသစ်ဝင်မည်။ နေအိမ်သို့ ဝါးလုံးရောက်ပါက ‘၃’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ ကျန်းမာရေးအနေဖြင့် သွေးတိုး၊ သွေးအားနည်း တစ်မျိုးမျိုးဖြစ်မည်။ ပညာရေးမှာ ရလာဒ်ကောင်းပါသည်။ အချစ်ရေးမှာ အနှောင့်အယှက်ပေါ်မည်။ အိမ်ထောင်ရေးလည်း အဆင်မပြေပါ။ ကံကောင်းသောဂဏန်းများမှာ ၃၊ ၆၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပုဇွန်ဆီရောင် ဖြစ်ပါသည်။

 

ယတြာ - တနင်္လာနေ့ တနင်္လာထောင့်မှာ ငွေထီး ၂ လက် လှူပါ။

 

 

အင်္ဂါနေ့

လုပ်ငန်းမှာ အပြိုင်အဆိုင်ပေါ်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းတာဝန်များကြောင့် စိတ်ဖိစီးမှုပေါ်မည်။ အနုပညာရှင်တစ်ဦးဖြစ်ပါက ဝေဖန်တိုက်ခိုက်မှုကို ခံရမည်။ အဝတ်အထည်သစ်ဝင်မည်။ တောင်ကုန်းတောင်တန်းဘက်သို့ ခရီးထွက်ရမည်။ မော်တော်ဆိုင်ကယ်အသစ်ဝင်မည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများမှာ အခက်အခဲပေါ်မည်။ ရွှေပျောက်၊ ရွှေထွက် တစ်မျိုးဖြစ်မည်။ မုန့်လက်ဆောင်းရပါက ‘၄’ အစ ‘၈’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အခက်အခဲပေါ်မည်။ ကျန်းမာရေးအနေဖြင့် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်မည်။ အချစ်ရေးညံ့၏။ ချစ်သူ၏ အထင်မှားမှုကို ခံရလိမ့်မည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်၏ ဆွေမျိုးဒုက္ခပေးမည်။ ကံကောင်းသောဂဏန်းများမှာ ၄၊ ၅၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ လိမ္မော်ရောင် ဖြစ်ပါသည်။

 

ယတြာ - အင်္ဂါနေ့တွင် ဆီထမင်းငါးပွဲ နေအိမ်ဘုရားစင်မှာ ကပ်လှူပါ။

 

 

ဗုဒ္ဓဟူးနေ့

အိမ်နေရာအတွက် သတင်းကောင်းကြားရမည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာ အပြိုင်အဆိုင်၊ အတိုက်အခိုက်ပေါ်မည်။ ဈေးရောင်းဈေးဝယ်ကောင်းမည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ ဆန်၊ စပါး ရောင်းဝယ်ရေး ကောင်းမည်။ နိုင်ငံခြားမှ ငွေရောက်မည်။ စပ်တူရှယ်ယာလုပ်ငန်းမှာ အောင်မြင်မှုသတင်းကြားရမည်။ မိသားစုအတွင်းမှာ အထင်မှားစရာကိစ္စပေါ်မည်။ နိုင်ငံရေးလှုပ်ရှားမှုများမှာ အကျိုးသက်ရောက်မှု အားနည်းနေပါသည်။ နေအိမ်သို့ ကပ်ကြေးတစ်လက် ရောက်လာပါက ‘၂’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အခြေအနေကောင်းပါသည်။ ကျန်းမာရေးအနေဖြင့် ရင်ညွန့်အောက်မည်။ အချစ်ရေးမှာ သာယာပါသည်။ ချစ်သူ၏ ကြင်နာမှုကို ပိုမိုရရှိလိမ့်မည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၂၊ ၇၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အစိမ်းနုရောင် ဖြစ်ပါသည်။

 

ယတြာ - ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ယတ်ဖြူ ၄ လက်နှင့် အောင်သပြေပန်း ၁၁ ညွန့် ကပ်လှူပါ။

 

 

ကြာသပတေးနေ့

အလုပ်သစ်အတွက် သတင်ကောင်းကြားရမည်။ ရွှေပျောက်တတ်သည်။ အနုပညာနှင့် ပတ်သက်သော လုပ်ငန်းများကို စတင်လုပ်ကိုင်ရလိမ့်မည်။ စာချုပ်စာတမ်းတစ်ခု ပြုလုပ်ရမည်။ မြေအရောင်းအဝယ်အတွက် သတင်းကောင်းကြားရမည်။ ခရီးထွက်ရမည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ လူမျိုးခြား၊ ဘာသာခြား ဒုက္ခပေးမည်။ ကြွေးကိစ္စအတွက် စိတ်ညစ်ရမည်။ တယ်လီဖုန်းအသစ်ဝင်မည်။ နေအိမ်သို့ ဘုရားဆင်းတုတော် ကြွမြန်းလာပါက (သို့မဟုတ်) ဘုရားကျောင်းဆောင်အသစ်ရောက်ပါက ‘၄’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးအတွက် အစီအစဉ်အသစ် ပြုလုပ်ရမည်။ ကျန်းမာရေးအနေဖြင့် ခြေထောက်နာမည်။ အချစ်ရေးမှာ သာယာပါသည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၄၊ ၅၊ ၆ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ နီညိုရောင် ဖြစ်ပါသည်။

 

ယတြာ - ကြာသပတေးနေ့ ကြာသပတေးထောင့်မှာ ဇီး ၉ ညွန့်၊ သပြေ ၉ ညွန့်၊ ဂန့်ဂေါ် ၉ ညွန့် ကပ်လှူပါ။


သောကြာနေ့

ဝန်ထမ်းဖြစ်ပါက လုပ်ငန်းပြောင်း၊ လုပ်ငန်းနေရာပြောင်းပေါ်မည်။ ဆိုင်ကယ်အသစ်တစ်စီးဝင်မည်။ လယ်ယာလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ ချေးငွေများပြန်ဆပ်နိုင်မည်။ ဈေးရောင်းဈေးဝယ်ကောင်းမည်။ သူတစ်ပါး ရွှေ (သို့မဟုတ်) ငွေလာအပ်မည်။ လက်မခံရ။ နိုင်ငံခြားမှ သတင်းကောင်းကြားရမည်။ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ သူခိုးခိုးခံရတတ်ပါသည်။ သတိထားပါ။ နေအိမ်သို့မျက်နှာသုတ်ပုဝါဝင်ပါက ‘၁’ အစ ‘၂’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကြိုးစားအားထုတ်မှု အားနည်းနေပါသည်။ ကျန်းမာရေးအနေဖြင့် ချောင်းဆိုးမည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ လက်ထက်မင်္ဂလာပြုရကိန်းရှိသည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၂၊ ၉ ဂဏန်းများဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ အပြာရောင် ဖြစ်ပါသည်။

 

ယတြာ - သောကြာနေ့တွင် နေအိမ်ဘုရားစင်မှာ ကောက်ညှင်းပေါင်း ကပ်လှူပါ။

 

 

စနေနေ့

သံရုံးမှာ ဗီဇာလျှောက်ထားပါက ဗီဇာရမည်။ သို့မဟုတ် နိုင်ငံခြားမှ အလုပ်ခန့်စာရောက်မည်။ အိမ်၊ အိမ်ခန်း၊ တိုက်ခန်း အရောင်းအဝယ်အတွက် စိတ်ညစ်ရမည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးပြောင်းရွှေ့ရကိန်းရှိသည်။ နိုင်ငံရေးလှုပ်ရှားမှုကြီးမှာ ပါဝင်လှုပ်ရှားရလိမ့်မည်။ မော်တော်ကားအရောင်းအဝယ်ဖြစ်မည်။ ဆွေမျိုးများနှင့်အမွေကိစ္စစကားပြောရလိမ့်မည်။ မော်တော်ဆိုင်ကယ်နှင့် ပတ်သက်ပြီး အရောင်းအဝယ်မှားမည်။ နေအိမ်ရှေ့မှာ ကျီးသာပါက ‘၈’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကံကောင်းပါသည်။ စာမေးပွဲဖြေပါက အောင်မြင်မည်။ ကျန်းမာရေးအနေဖြင့် လည်ချောင်းနာမည်။ အချစ်ရေးညံ့ပါသည်။ ချစ်သူနှင့်စိတ်ထားသဘောထား မတိုက်ဆိုင်ပဲဖြစ်နေလိမ့်မည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်နှင့် ငွေကြေးကိစ္စကို အကြောင်းပြုပြီးစကားများရလိမ့်မည်။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၈၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ရွှေအိုရောင် ဖြစ်ပါသည်။

 

ယတြာ - စနေနေ့ စနေထောင့်မှာ တံခွန်နီ ၉ လက်ကပ်လှူပါ။

 

 

 

Source: 1875

Read times Last modified on Monday, 26 October 2020 13:01
Rate this item
(0 votes)