ကိုယ့်ချစ်သူနဲ့ နေ့တိုင်းပြောသင့်တဲ့ အချက်များ

ကိုယ့်ချစ်သူနဲ့ နေ့တိုင်းပြောသင့်တဲ့ အချက်များ google.com

အရွယ်ရောက်ပြီးလို့ လုပ်ငန်းခွင်ဝင်နေကြတဲ့ ချစ်သူနှစ်ဦးအတွက်ကတော့ အေးအေးဆေးဆေး

စကားပြောချိန်ဆိုတာ အလုပ်ဆင်းချိန်ပဲဖြစ်ပါတယ်။

 

အလုပ်များလို့ မဆုံဖြစ်ကြရင်လည်း ညအိပ်ခါနီးအချိန်မှာ တစ်ယောက်ကိုတစ်ယောက် ဖုန်းဆက်ကြပါ လိမ့်မယ်။

 

ဖုန်းဆက်ရင် ပြောဖြစ်တဲ့စကားတွေကတော့ ဒီနေ့အဆင်ပြေရဲ့လား၊ ဘယ်လိုနေလဲဆိုတဲ့ စကားပဲ အပြောများကြပါတယ်။

 

သူနဲ့ကိုယ် ဘ၀တစ်လျှောက်လုံး လက်တွဲသွားဖို့ ရည်ရွယ်ထားပြီးပြီဆိုရင်တော့ ဒီစကားတွေကို နေ့တိုင်း ပြောဆိုသင့်ပါတယ်။

 

ချစ်သူနှစ်ဦးလုံး အလုပ်လုပ်နေကြရင်တော့ ရည်မှန်းချက်ကိုယ်စီကတော့ ရှိကြမှာပဲ။ အဲဒီအလုပ်အကြောင်းကို နှစ်ဦးသား ဘယ်လိုလုပ်ကြမလဲဆိုတာ အပြန်အလှန်ဆွေးနွေးတိုင်ပင်မယ်၊ တစ်ယောက်ကိုတစ်ယောက် အကြံကောင်းတွေပေးကြမယ်၊ အတူတူကြိုးစားကြမယ်ဆိုရင်တော့ သံယောဇဉ်တွေပိုပြီး ခိုင်မြဲလာနိုင်ပါတယ်။ ကိုယ့်ရဲ့ရည်မှန်းထားတဲ့ ပန်းတိုင်ဆီကိုလည်း မြန်မြန်ရောက်နိုင်ပါတယ်။

 

အခက်အခဲတစ်စုံတစ်ရာပေါ်လာရင်လည်း ကိုယ့်ချစ်သူကိုမှ ရင်မဖွင့်ရင် ဘယ်သူ့ကို ရင်ဖွင့်မလဲ။ အပြန်အလှန် နှစ်သိမ့်အားပေးကြတာလည်း ချစ်သူတို့ရဲ့ သဘာဝပဲဖြစ်ပါတယ်။

 

နှစ်ဦးသား ပင်ပန်းစရာတွေကြုံနေရပေမယ့် ပျော်ခဲ့ရဖူးတယ်ဆိုတာ မှတ်မိနေရင် ပင်ပန်းတာတွေလည်း လျော့သွားပြီး မျှော်လင့်ချက်တွေလည်း ခိုင်မာလာမှာဖြစ်ပါတယ်။

 

နှစ်ဦးသား ဘ၀လက်တွဲဖော်ရွေးချယ်ပြီးပြီဆိုရင် အနာဂတ်အတွက်ကိုလည်း တိုင်ပင်ရမှာပါ။ အိမ်ဝယ်ဖို့ ငွေစုနေတာ ဘယ်လောက်ရှိနေပြီ၊ အိမ်ဆောက်ရင် ဘယ်လိုပုံစံလေးဆောက်မယ် စတာတွေကို ပြောပြတိုင်ပင် ကြတာလည်း ကောင်းပါတယ်။

 

တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ပြောဖို့ ဘယ်တော့မှ ၀န်မလေးဘဲ ချစ်တယ်လို့ပြောပေးပါ။ ဒီလိုချစ်သူမျိုးကို ပိုင်ဆိုင်ထားရတဲ့အတွက် ကိုယ့်မှာ ဘယ်လောက်တောင် ကံကောင်းသလဲဆိုတာ မှတ်လိုက်ပါ။

Read times Last modified on Wednesday, 19 September 2018 15:12
Rate this item
(1 Vote)