မာနကြီးတဲ့မိန်းကလေးတွေရဲ့အချစ်ရေး

မာနကြီးတဲ့မိန်းကလေးတွေရဲ့အချစ်ရေး google.com

တချို့မိန်းကလေးတွေက အချစ်ရေးနဲ့ပတ်သက်ပြီး မာနကြီးတတ်ကြပါတယ်။ သူတို့အတွက်

ဘယ်အရာကမှလွယ်ကူတယ်လို့မစဉ်းစားဘဲနဲ့ ချစ်သူရွေးချယ်ရာမှာလည်း စိတ်တိုင်းမကျတဲ့သူတွေကိုသာတွေ့နေရတဲ့အတွက် တစ်ယောက်တည်းပဲဖြစ်နေကြတာများပါတယ်။

 

မာနကြီးတဲ့မိန်းကလေးတွေဟာ တော်ရုံလူကိုရည်းစားထားဖို့မစဉ်းစားကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နဲ့စိတ်တူကိုယ်တူဖြစ်မယ့်သူမျိုးကရှားလို့ပါ။ ဒီလိုစိတ်တူကိုယ်တူ ကိုယ်လုပ်ချင်တာကိုလိုက်လျောမယ့်သူမျိုးမှသာ လက်တွဲဖော်အဖြစ်ရွေးချယ်မယ်လို့စဉ်းစားထားကြပုံပါပဲ။

 

ပြီးတော့ မာနကြီးတဲ့ကောင်မလေးတွေက အချစ်ရေးမှာသူတို့အနိုင်ယူလို့ရမယ့်သူကိုပဲ ရွေးချယ်တတ်ကြပါတယ်။ သူတို့ကိုအနိုင်ယူမယ့်သူကိုတော့ ယောင်လို့တောင်မစဉ်းစားတတ်ကြပါဘူး။ ဒီလိုလူမျိုးကိုရွေးချယ်မယ့်အစား တစ်ယောက်တည်းနေလိုက်မယ်လို့ ဆုံးဖြတ်မယ့်သူတွေပါ။

 

ကိုယ့်မာနနဲ့ကိုယ် အောက်ကျမခံနိုင်တဲ့သူတွေဖြစ်တဲ့အတွက် အချစ်ရေးမှာလည်း သူတို့ဘက်က စိတ်ဝင်စားနေတဲ့လူရှိရင်တောင် အရိပ်အမြွက်ပြမှာမဟုတ်ပါဘူး။ သူတို့ဘက်ကစပြီး အထာပေးတာတွေ၊ ရေလာမြောင်းပေးလုပ်တာတွေ ဘယ်တော့မှမလုပ်မယ့်မိန်းကလေးမျိုးတွေပါ။ အချစ်နဲ့ပတ်သက်ရင် လေးလေးနက်နက်တွေးခေါ်စဉ်းစားတတ်ကြပြီး အတည်တကျဖြစ်မယ့်အချစ်မျိုးကိုသာ လက်ခံတတ်ကြတာဖြစ်ပါတယ်။

 

Read More: မိန်းကလေးတွေရစ်ရခြင်းအကြောင်းရင်း
78375506

 

Source – Aunty May

Read times Last modified on Wednesday, 19 September 2018 10:50
Rate this item
(0 votes)