အချစ်ကိုပေးဆပ်ခြင်းလို့ခံယူထားတဲ့သူတွေရဲ့ အမူအကျင့်များ

အချစ်ကိုပေးဆပ်ခြင်းလို့ခံယူထားတဲ့သူတွေရဲ့ အမူအကျင့်များ google.com

လောကမှာ အချစ်ကိုအဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုထားကြပါတယ်။ တစ်ချို့အတွက် ပေးဆပ်ခြင်း၊ တစ်ချို့အတွက် ရယူခြင်း၊ တစ်ယောက်ချင်းဆီမှာ

ကွဲပြားတဲ့ခံယူချက် အမျိုးမျိုးရှိကြပါတယ်။ ဒီအထဲကမှ အချစ်ကို ပေးဆပ်ခြင်းလို့ ခံယူထားသူတို့ ခံစားရတဲ့ နာကျင်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) မြိုသိပ်တယ်

အချစ်ကိုပေးဆပ်ခြင်းလို့ခံယူထားသူတွေအဖို့ ပျော်ရွှင်မှုထက် နာကျင်မှုတွေက ပိုများပါတယ်။ သူတို့ဟာ သူတို့ချစ်ရတဲ့သူ အဆင်ပြေနိုင်ဖို့၊ ပျော်ရွှင်နိုင်ဖို့ကို အမြဲတမ်း ဦးစားပေးတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။

တစ်ခါတလေ သူတို့မှာ အဆင်မပြေတာတွေ ဘယ်လောက်များများ၊ နာကျင်ရတာတွေ ဘယ်လောက်များများ ချစ်ရတဲ့သူကို ဖွင့်မပြောဘဲ မြိုသိပ်ထားပြီး ကြိတ်မှိတ်ခံစားတတ်ကြပါတယ်။

(၂) စွန့်လွှတ်နိုင်တယ်

ပေးဆပ်အချစ်နဲ့ ချစ်တဲ့သူတွေဟာ ကိုယ့်ဆီမှာ မပျော်တော့တဲ့ချစ်သူ၊ ကိုယ့်ဆီမှာမနေချင်တော့တဲ့ ချစ်သူကို ဘယ်တော့မှ ဆွဲထားဖို့၊ ချုပ်ကိုင်ထားဖို့ မကြိုးစားကြပါဘူး။ ချစ်သူပျော်ရွှင်ဖို့ အရာရာကို စွန့်လွှတ်တတ်ကြပါတယ်။

 

ချစ်သူပျော်ရွှင်ဖို့ ကိုယ့်ရဲ့ပျော်ရွှင်မှုတွေအားလုံးကို စွန့်လွှတ်လိုက်ရရင်တောင် ကျေနပ်နေတတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။

 

(၃) အနစ်နာခံတယ်


ဒီလိုလူမျိုးတွေဟာ ချစ်သူအပေါ် အမြဲတမ်း အနစ်နာခံတတ်ကြပါတယ်။ ချစ်သူဆိုးသမျှ ခေါင်းငုံ့ခံ၊ ချစ်သူခိုင်းသမျှ လုပ်ပေးပြီး ချစ်သူကို အမြဲတမ်း အလျော့ပေးတတ်ကြတဲ့သူမျိုးတွေပါ။ ချစ်သူအကြိုက်၊

 

ချစ်သူအလိုကို အမြဲလိုက်နေရတာကြောင့် ကြာလာတော့ သူတို့ကိုယ်သူတို့ ဘာလိုချင်မှန်းတောင် သေချာမသိတော့တဲ့သူမျိုးတွေပါ။ ချစ်သူရဲ့ဦးဆောင်ရာနောက်ကိုလိုက်ပြီး ချစ်သူရဲ့အမိန့်ကိုပဲ နာခံနေရတာကြောင့်

 

ချစ်သူမရှိတဲ့အခါ သူတို့ဘဝကြီးက မပြည့်စုံနိုင်တော့ပါဘူး။

 

(၄) ခွင့်လွှတ်တယ်


အချစ်ကိုပေးဆပ်ခြင်းလို့ ခံယူထားသူတွေဟာ ခွင့်လွှတ်ခြင်းကို လက်ကိုင်ထားတတ်ကြပါတယ်။ ခွင့်လွှတ်ခြင်းဆိုတာ အပြောလွယ်သလောက် တကယ်တမ်းဘယ်လောက်ခက်ခဲတယ်ဆိုတာ လူတိုင်းသိကြပါတယ်။

 

ဒီလိုလူမျိုးတွေဟာ ချစ်သူက သူတို့ကိုလိုချင်တာရှိလို့ အသုံးချသွားရင်တောင်၊ သူတို့ကို အမျိုးမျိုးစော်ကားပြီး အနိုင်ယူနေရင်တောင် ခွင့်လွှတ်နိုင်ကြပါတယ်။

 

Credit;Em Em(Auntymay)

Read times Last modified on Wednesday, 19 September 2018 10:43
Rate this item
(6 votes)
Tagged under