အချိန်ကြာလို့ ချစ်သူကို ငြီးငွေ့လာတယ်ဆိုတာ မဖြစ်ရလေအောင်

အချိန်ကြာလို့ ချစ်သူကို ငြီးငွေ့လာတယ်ဆိုတာ မဖြစ်ရလေအောင် google.com

အရင်းနှီးဆုံး သူစိမ်းတွေ ဆိုတဲ့ချစ်သူတွေကြားမှာ ဖြစ်တတ်တဲ့အရာလေး တစ်ခုကတော့ ချစ်တဲ့သူကို ချစ်ရတာ သိပ်ကြာလာရင် ငြီးငွေ့လာသလို

 

 

ခံစားတတ်လာတာပဲ ဖြစ်ပါတယ်။ တကယ်ကတော့ ချစ်ရတာ အီလာတာ

 

မဟုတ်ဘဲ နေ့တိုင်း ဒီလို အချိန်တိုင်း ဒီလို ဆိုလို့ ငြီးငွေ့တယ် ခံစားလာရတာပါ။ ဒီလို အချိန် တွေးတတ်တာကတော့ အချင်းချင်း မချစ်တော့ဘူးဆိုတဲ့အတွေးပဲ ဖြစ်ပါတယ်။ တကယ်က မချစ်တော့တာ မဟုတ်ပါဘူးနော်။

 

မချစ်တော့ဘူးထင်သွားရင် မှားမယ်နော်။ ဒါကြောင့် အချိန်ကြာလို့ ချစ်သူကို ငြီးငွေ့လာတယ်ဆိုတာ မဖြစ်ရလေအောင် ဘာတွေ ပြုလုပ်ပေးရမလဲ ဆိုတာကို ပြောပြပေးမယ်နော်။

 

တစ်ယောက်နဲ့ တစ်ယောက် ခုမှ စတွေ့တာလို ပြုလုပ်ပါ

 

အချိန် အကြာကြီး ချစ်လာတဲ့သူတွေကြားမှာ ဒီလို ပြုလုပ်ဖို့ ဆိုတာကတော့ နည်းနည်းတော့ ရယ်စရာကောင်းနေမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် ခုမှ စတွေ့တာလို နာမည်က ဘယ်လိုခေါ်သလဲတို့ ဘယ်ကလဲ။ မိသားစုကရော

 

 

ဆိုပြီး တစ်ယောက်ကို တစ်ယောက် စမိတ်ဆက်တဲ့ပုံစံလေး ပြုလုပ်ကြည့်ပါ။ စစချင်းတွေ့တုန်းက အချိန်လေးကို ပြန်ရောက်သွားသလို ခံစားရမှာ သေချာပါတယ်။ ဒီလို လုပ်ပေးတာကတော့ တစ်ယောက် ဘဝထဲ ကျန်တစ်ယောက်က

 

 

ဝင်ရောက်လာစ အချိန်လေးကို ခဏတာ ပြန်သွားလိုက်ပါ။

 

 

ချွဲပါ

ချွဲတာ မကြိုက်တဲ့သူဆိုတာ မရှိပါဘူး။ ချစ်သူတွေကြားမှာ ဆိုရင် ပိုပြီး ချွဲပေးဖို့ လိုအပ်ပါတယ်။ ချွဲပါ။ တတ်သလောက် မှတ်သလောက် အကုန်ချွဲပါ။ ချစ်သူလေးက အဲ့လောက် မချွဲရဘူးလို့ ပြောရင်တောင် ဆက်ချွဲပါ။

 

ချွဲတယ် ဆိုတဲ့နေရာမှာလည်း အရေးကြီးတာ တစ်ခု ရှိပါတယ်။ အရေးရယ် အကြောင်းရယ် အရေးကြီးနေတဲ့အချိန်လား။ အချိန်ရှိတဲ့အချိန်လား။ သူအားလား။ သူစိတ်ကြည်နေလား။ အဆင်ပြေနေလား ဆိုတာကို ကြည့်ဖို့တော့ လိုပါတယ်။

 

နဂိုကတည်းကမှ ဟိုက အလုပ်များနေပါတယ်ဆိုတာကို သွားချွဲမိရင်တော့ အချစ်ပြန်မခံရဘဲ ပိုတောင် ငြီးငွေ့သွားနိုင်စေတယ် ဆိုတာကိုတော့ သတိထားပေးပါနော်။အချစ်ရေးမှာကံကောင်းအောင်ဘာလုပ်ရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

 

ချစ်သူတွေကြားမှာရှိရင်းစွဲအချစ်လေးတွေကိုအမြဲလန်းဆန်းနေပြီး နောက်ထပ်လူတွေမရောက်လာအောင်အခု ပြောပြပေးထားတာလေးကိုပြုလုပ်ပေးပါနော်။ ချစ်သူလေးကိုစိတ်ဆိုးအောင်လုပ်မိပီဆိုရင်ပြန်ချော့ဖို့လည်း လိုအပ်တယ် ဆိုတာကို မမေ့

 

နဲ့နော်။

 

Credit;Marry

 

Readmore;ယောကျာင်္းတစ်ယောက်ကပြောတဲ့ အိမ်ထောင်ရေးအတွက် အလွန်တန်ဖိုးရှိတဲ့စကားများ

Read times Last modified on Wednesday, 19 September 2018 10:38
Rate this item
(1 Vote)