သတို့သမီးဝတ်စုံဝယ်ယူတဲ့အခါ မှားနိုင်သောအချက်များ

သတို့သမီးဝတ်စုံဝယ်ယူတဲ့အခါ မှားနိုင်သောအချက်များ google.com

အခြွေအရံ​ ရွေးချယ်ခြင်း

သင့်အတွက် အရေးကြီးဆုံး အ၀တ်အစားဖြစ်လို့ အကောင်းဆုံးကို ၀တ်ချင်နေမယ်ဆိုတာ သေချာပါတယ်။

 

အ၀တ်အစားနဲ့ ပတ်သက်ပြီးအကြံပြုချက် ၁၀ခုလောက်ရှိတာက သင့်ကို အဆင်ပြေစေမယ့် အစား သင်အမှန်တကယ် ၀တ်ချင်တဲ့အရာနဲ့ ပိုဝေးနေစေမှာပါ။ ဒါကြောင့် အကြံပေးဖို့ လူနှစ်ယောက် လောက်ရှိရင် လုံလောက်ပါပြီ။

 

သတို့သမီးအများစုက တို့ မိခင်နဲ့ ညီအစ်မ (သို့) အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ယောက်နဲ့ အကောင်းဆုံးပြင်ဆင်တတ်ကြပါတယ်။ များသောအားဖြင့် သူတို့ကသတို့သမီး အနှစ်သက်ဆုံးအ၀တ်အစားကို သိကြပါတယ်။

 

မင်္ဂလာဆောင်အတွက် ဈေးအ၀ယ်စောလွန်းခြင်း

 

ဒီနေ့ခေတ်မှာ မင်္ဂလာမောင်နှံများစွာက စေ့စပ်ပွဲ ကြာကြာလုပ်တာကို ကြိုက်ကြပါတယ်။ ဒါပေမဲ့ ၁၂ လ ထက်ကြိုစောပြီး မင်္ဂလာပွဲအတွက် ဈေးဝယ်မထွက်မိပါစေနဲ့။

 

သင်ဝယ်ရမယ့်အရာ မသေချာပဲသတို့သမီး အလှပြင်ဆိုင်ကိုမသွားပါနဲ့။ ဘာကြောင့်လည်းဆိုရင်၊ အချက်အလက်များစွာကသင့်ရဲ့သတို့သမီးဝတ်စုံပုံစံကို ထိခိုက်စေနိုင်လို့ သတို့သမီးဝတ်စုံကို မ၀ယ်ခင် အခြားမင်္ဂလာခန်းဝင် ပစည်းတွေကို အရင် စနစ်တကျ သိထားဖို့အရေးကြီးပါတယ်။

 

အဆင်တန်ဆာအများအပြားနဲ့ သတို့သမီးဝတ်စုံဟာ ကပွဲခန်းမ ballroom နဲ့ လိုက်ဖက်ပေမယ့် အခမ်းအနားငယ်လေး တစ်ခုနဲ့တော့ လုံးဝမလိုက်ဖက်ပါဘူး။ အခမ်းအနားအပြင်အဆင် အတွက် သင်ရွေးတဲ့ အရောင်ကလည်းသင့်ရဲ့ သတို့သမီးဝတ်စုံ အရောင်နဲ့လိုက်ဖက်ဖို့လိုပါတယ်။

ဒါပေမဲ့ တဆက်တည်း သင့်အရွယ်အစားအတွက် အလှပြင်ဆိုင်ကလည်း အော်ဒါမှာဖို့ လိုအပ်မှာမို့လို့ အချိန်မဆွဲမိပါ စေနဲ့။

Read times Last modified on Wednesday, 19 September 2018 14:55
Rate this item
(1 Vote)