လက်ထပ်လက်စွပ်ဝယ်ယူဖို့အတွက် အချက်များ

လက်ထပ်လက်စွပ်ဝယ်ယူဖို့အတွက် အချက်များ

မင်္ဂလာပွဲကျင်းပမည့် အချိန်အခါသမယမှာ ဇနီးမောင်နှံတို့အတွက် မင်္ဂလာမှုပြုကြမယ့် မင်္ဂလာလက်စွပ်လေး တွေက အရမ်းကို အဓိပ္ပာယ်ရှိပါတယ်။

 

မင်္ဂလာတရားနဲ့အညီ မင်္ဂလာဆောင်ကြတဲ့ အချိန်မှာ မင်္ဂလာမောင်နှံများဟာ ကတိသစ္စာတရားကို တိုင်တည်သက်သေပြုတဲ့အနေနဲ့ မင်္ဂလာလက်ထပ်လက်စွပ်လေးတွေကို အပြန်အလှန်ဝတ်ဆင်ပေးခြင်း ဖြစ်ပါတယ်။

 

မင်္ဂလာမောင်နှံတွေအနေနဲ့ မင်္ဂလာလက်ထပ်လက်စွပ်လေးဝယ်ဖို့ ဈေးဝယ်ထွက်တဲ့အချိန်မှာ ရွေးစရာတွေ များစွာနဲ့ ရှုပ်ထွေးမှုများ ကြုံတွေ့ရနိုင်ပါတယ်။

 

ပုံမှန်အားဖြင့် လက်စွပ်လေးတွေ လုပ်ကြတဲ့အခါ သတို့သားအတွက် လက်စွပ်ကို ထူထူလေးလုပ်တတ်ကြပြီး သတို့သမီးအတွက် လက်စွပ်ကိုတော့ ပါးပါးလေးလုပ်ကြပါတယ်။

 

ဒါပေမယ့် ဒီလိုပုံစံတွေအတိုင်း လိုက်စရာမလိုပါဘူး။ အမှန်အားဖြင့် ထူထူထဲထဲ လက်စွပ်လေးတွေက သတိထားစရာဖြစ်နေတဲ့အချိန်မှာ ပါးပါးလေး လက်စွပ်လေးတွေကတော့ ဝတ်ရတာ သက်သောင့်သက်တာရှိပြီး ဝတ်ဆင်တဲ့ မောင်နှံတွေအတွက် အဆင်ပြေပြေခံစားမှုကို ရရှိစေမှာဖြစ်ပါတယ်။



မောင်နှံတွေအနေနဲ့လက်စွပ်တွေကို ရွေးချယ်ကြတဲ့အခါ ကျောက်မျက်တွေမပါဘဲ ဒီအတိုင်းပြောင်ချောလေးတွေကို ရွေးချယ်ကြတာရှိပြီး တစ်ချို့ကတော့ ကျောက်မျက်လေးတွေ၊ စိန်တွေနဲ့ ပြုလုပ်ကြတာရှိပါတယ်။

 

အမျိုးသမီးအများစုကတော့ ဒီလို မင်္ဂလာလက်ထပ်လက်စွပ်လေးကို စိန်တွေ၊ ကျောက်မျက်တွေနဲ့ စီချယ်ထားတာကို နှစ်သက်ကြပါတယ်။

 

အမျိုးသားအများစုကတော့ ဒီအတိုင်းပြောင်ချောလေးတွေကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် အချို့အမျိုးသားတွေကတော့ ပြောင်ချောရဲ့အလယ်တွင် တောက်ပတဲ့ကျောက်ကလေးတစ်လုံးကို ထည့်ပြီး ခန့်ခန့်ထည်ထည် ဝတ်ဆင်လာကြပါတယ်။

 

ဒါပေမယ့် အနောက်နိုင်ငံများတွင်တော့ အများအားဖြင့် မင်္ဂလာလက်စွပ်လေးတွေမှာ အရောင်စုံတဲ့ ကျောက်မျက်လေးတွေစီခြယ်ပြီး ဝတ်ဆင်တတ်ကြတာများပါတယ်။

 

ဒီလို ရောင်စုံကျောက်မျက်လေးတွေစီခြယ်ပြီး ဝတ်ဆင်ရတာကလည်း လှပဆန်းသစ်မှုတစ်ခုကို ဖြစ်စေသောကြောင့် ဇနီးမောင်နှံများအနေနဲ့လည်း ဒီလို ဆန်းသစ်မှုလေးကို ထုတ်ဖော်ပြသသင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:50
Rate this item
(3 votes)