Solomoon လား… Honeymoon လား…
Solomoon လား… Honeymoon လား… google
အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို အနောက်နိုင်ငံတွေမှာ ရေပန်းစားလူပြောများလျက်ရှိတဲ့ Solomoon ဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးသွားချင်ပါတယ်။
Solomoon ဆိုတာ ဘာလဲ။ Solomoon ဆိုတာကတော့ မင်္ဂလာဆောင်ပြီးတဲ့သတို့သား၊သတို့သမီးတွေအနေနဲ့ တစ်ယောက်တစ်နေရာစီခရီးတွေထွက်ကြတာကို ဆိုလိုတာပဲဖြစ်ပါတယ်။
ပုံမှန်အားဖြင့် မင်္ဂလာစုံတွဲတွေအနေနဲ့ မင်္ဂလာဧည့်ခံပွဲကျင်းပပြီးတဲ့အခါမှာ တူနှစ်ကိုယ် ပျားရည်ဆမ်းခရီး(Honeymoon) သွားရောက်လည်ပတ်ရင်း အပန်းဖြေလေ့ရှိကြပါတယ်။
solo1
1800 ပြည့်နှစ်အစောပိုင်းကာလတွေတုန်းကတော့ မင်္ဂလာစုံတွဲတွေဟာ သူတို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ကြွရောက်မချီးမြှင့်ပေးနိုင်တဲ့
နှစ်ဖက်ဆွေမျိုးတွေဆီကို သွားရောက်လည်ပတ်ခြင်းအားဖြင့် ဟန်းနီးမွန်းကာလကိုကုန်ဆုံးကြလေ့ရှိခဲ့ပါတယ်။
ဒီလိုသွားရောက်လည်ပတ်ခြင်းတွေကြောင့် ကိုယ်ပိုင်အချိန်တွေကုန်ဆုံးရတယ်လို့ ယူဆကြတဲ့အတွက် အခုလို Solomoon တွေက Instagram မှာခေတ်စားလာတာလည်းဖြစ်ပါတယ်။
ဒီလို solomoon သွားကြတာနဲ့ပက်သက်ပြီး အမြင်တွေကတော့ မျိုးစုံရှိနေခဲ့ပါတယ်။
solo2
Solomoon သွားရောက်ခြင်းက ကိုယ်ပိုင်အချိန်တွေရရှိလာနိုင်တယ်ဆိုပေမယ့်ဟန်းနီးမွန်းသွားရောက်ခြင်းအားဖြင့်လည်း
တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေ၊ချစ်ခြင်းမေတ္တာတွေတိုးလာစေတယ်ဆိုတာကတော့ ဘယ်လိုမှငြင်းလို့မရတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။
ကဲ Myanmar Wedding Guide ရဲ့ ပရိတ်သတ်တွေအနေနဲ့ကရော Solomoon လား Honeymoon လား။သုံးသပ်ချက်အမြင်လေးတွေကို Comment မှာပေးသွားလို့ရပါတယ်နော်။
Reference: philadelphia.cbslocal.com
solo3
Air Ticketing/Airlines လေယာဉ်လက်မှတ်အရောင်းဌာန ၈၉၀ ကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
Myanmar Wedding Guide
1we
Read times
Rate this item
(0 votes)
Tagged under