အချစ်ဆိုတာ ဘာလဲ ???

အချစ်ဆိုတာ ဘာလဲ ???

ယောက်ျားတွေ ဘယ်လိုမကောင်းဘူးဆိုတဲ့ အကြောင်း၊ မိန်းမတွေ ဘယ်လိုမကောင်းဘူးဆိုတဲ့ အကြောင်းဆိုတာတွေ အမြဲကြားနေရပါတယ်။

 

ဘယ်သူတွေက ဘယ်လို ဖောက်ပြန်တယ်။ ဘယ်လိုတွေ သစ္စာမရှိဘူးဆိုတာတွေ။ ဘယ်သူက ဘယ်လို ကြားဖြတ်ခုတ်တယ် ဖျာဝင်ခင်းတယ်ဆိုတာတွေကိုလည်း အမြဲကြားနေရပါတယ်။


အချစ်ကို ခပ်ပေါ့ပေါ့ သဘောထားတဲ့သူတွေကြားမှာ အချစ်ဟာ တန်ဖိုးကျလာတယ်။ သစ္စာတရားကို အလေးမထားတဲ့သူတွေကြားမှာ သစ္စာတရားဟာ အရောင်လွင့်လာတယ်။ နောက်ဆုံး အချစ်ဆိုတာ လူပြောများတဲ့ အပျော်ဖတ်စာအုပ်သာသာလောက်ပဲ ဖြစ်လာတယ်။

 

ဒီိလို အချစ်ဆိုတဲ့အရာက နာမည်ပျက်မှန်းမသိ ပျက်လာတဲ့ ခေတ်ကာလမှာ တစ်ချို့ကတော့ ဘုရားကပေးတဲ့ လက်ဆောင်ကို ရနေခဲ့တယ်။

 

သူတို့မှာ မျက်ရည်တွေကို သုတ်ပေးမယ့် လက်တစ်စုံရှိနေတယ်။ သူတို့မှာ ခံစားချက်တွေကို နားလည်ပေးမယ့် နှလုံးသားတစ်စုံ ရှိနေတယ်။ သူတို့မှာ နာကျင်ခြင်းတွေကို ပွေ့ဖက်ပေးမယ့် ရင်ခွင်တစ်စုံရှိနေတယ်။

 

သူတို့တွေရဲ့ နံဘေးမှာ အရင်းနှီးဆုံးသူစိမ်းတစ်ယောက် ရှိနေခဲ့တယ်။ အဲဒီ့သူစိမ်းနဲ့အတူ ဘဝရဲ့ခရောင်းလမ်းတွေကို ရင်ဆိုင်ကျော်ဖြတ်ခွင့်ဆိုတဲ့ အခွင့်အရေးတစ်ခုကိုလည်း ရနေခဲ့တယ်။


သို့ပေမယ့်လည်း တချို့သော ကံကောင်းသူတွေက သူတို့ရရှိနေတဲ့ လက်ဆောင်ကို တန်ဖိုးမထားခဲ့ကြဘူး။

Read times Last modified on Wednesday, 14 November 2018 15:36
Rate this item
(1 Vote)
Tagged under