ကိုယ့်ဘဝကိုယ်အသစ်ဘယ်လိုပြန်တည်ဆောက်မလဲ - ၂

ကိုယ့်ဘဝကိုယ်အသစ်ဘယ်လိုပြန်တည်ဆောက်မလဲ - ၂

မြန်မာအမျိုးသမီးတော်တော်များများက လင်ဆိုးမယားတစ်ဖားဖား ဖြစ်လည်း သည်းခံ၊ အကြမ်းဖက်လည်း အောင့်အီးပြီး အိမ်ထောင်ရေးကို

ထိန်းသိမ်းဖို့ ကြိုးစားလေ့ရှိကြပါတယ်။

 

ချစ်ခင်ရသူ၊ ယုံကြည်ရသူတွေဆီက စိတ်ဓာတ်ခွန်အားရယူခြင်း

 

ဘယ်သူတွေ ကိုယ့်ကို လက်ညှိုးထိုးနေပါစေ။ ကိုယ့်ကို တကယ်ချစ်တဲ့သူတွေကတော့ ကိုယ့်နံဘေးမှာ အမြဲရှိနေမှာပါ။ ကိုယ် တစ်ယောက်တည်း ဘဝရပ်တည်ရင်း အရမ်းပင်ပန်းလာတဲ့အခါ သူတို့ကို ရင်ဖွင့်ပါ၊ တိုင်ပင်ပါ။

 

တကယ် ချစ်တဲ့သူကတော့ အမြဲနားစွင့်နားထောင်ပေးပါလိမ့်မယ်။ ကိုယ်တစ်ယောက်တည်း မဟုတ်တော့သလို ခံစားရတာကြောင့် အထီးကျန်ဆန်မှု မခံစားရတော့ပါဘူး။

 

ရှေ့ဆက်လှမ်းမယ့် ခြေလှမ်းတွေအတွက်ပြင်ဆင်ခြင်း

 

အတိတ်ကာလမှာ ဖြစ်ခဲ့တဲ့ ဝမ်းနည်းပူဆွေးမှုတွေရဲ့ လောင်းရိပ်အောက်မှာ နေမယ့်အစား အနာဂတ်မှာ ဘာလုပ်ရင်ကောင်းမယ်၊ ဘာ လေ့လာရင်ကောင်းမယ်ဆိုတာမျိုး စဉ်းစားပါ။

 

မလိုအပ်တာတွေအားလုံးကို ခေါင်းထဲကနေ အပြီးတိုင်သာ ထုတ်လိုက်ပါ ယောင်းရေ။ ရှေ့ကိုလှမ်းနေပေမယ့် နောက်ကနေ ပြန်ဆွဲနေမယ်ဆိုရင် ခရီးက တွင်မှာမဟုတ်ပါဘူး။

 

တစ်ခါတလေ တိုက်ဆိုင်လို့ တွေးမိတဲ့အခါ ဝမ်းနည်းမိရင်လည်း ငိုချင်ရင် ငိုချပစ်လိုက်ပါ။ အဝငိုပြီးရင်တော့ ထပ်မငိုပါနဲ့တော့။ အရာအားလုံးကို တစ်က ပြန်စပါ။

 

တစ်ခုလပ်ဖြစ်သွားတာ ဘဝကြီး ပျက်သုဉ်းသွားတာမဟုတ်ပါဘူး။ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ရှေ့ကို ရဲရဲရင့်ရင့်ရင့်သာ ဆက်လျှောက်သွားလိုက်ပါ။ သင့်ပတ်ဝန်းကျင်မှာ တစ်ခုလပ်မို့ဆိုပြီး ဝမ်းနည်းပူဆွေးအားငယ်နေတဲ့ လူတွေရှိရင်လည်း ဒီစာလေးနဲ့ အားပေးလိုက်ကြပါ။

Read times Last modified on Monday, 19 November 2018 14:21
Rate this item
(1 Vote)
Tagged under