နှစ်လိုဖွယ်ကောင်းသူတစ်ယောက်ရဲ့  အချက်များ

နှစ်လိုဖွယ်ကောင်းသူတစ်ယောက်ရဲ့  အချက်များ

Business and communication ဆိုတဲ့ စာအုပ်တွေကို ရေးသားသူ influential ပုဂ္ဂိုလ် တစ်ယောက်ဖြစ်တဲ့ Jeff Haden ပြောတဲ့ နှစ်လိုဖွယ်ကောင်းသူ တစ်ယောက် ဖြစ်လာစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။


လူအများကို ဆွဲဆောင်နိုင်တဲ့ နှစ်လိုဖွယ်ကောင်း သူတစ်ယောက်မှာတွေ့ရတဲ့ အရည်အချင်းတွေကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ရှုံးမှာကို မကြောက်ခြင်း

 

သူတို့ဟာ ဘယ်တော့မှာ သူများကို အနိုင်နဲ့ပိုင်းလိုက်မယ်ဆိုတဲ့ စိတ်မျိုးမရှိသူ၊ အနိုင်မယူတတ်သူတွေပါ။

 

သူများဆီကနေ မျှော်လင့်ချက်တွေ ထားမနေပဲ ပေးနိုင်သမျှပေးလိုက်မယ်ဆိုတဲ့ စိတ်မျိုးကို ပိုင်ဆိုင်ထားသူတွေပါ။

 

အမှားကို ၀န်ခံရဲ၊ အရှုံးကို ရင်ဆိုင်ရဲ သလို သူတို့ရဲ့ အားနည်း ချက်ကိုလည်း ထုတ်ပြဖို့ ၀န်မလေးတတ်ကြပါဘူး။

 

ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ဖို့ ၀န်မလေးတတ်သူတွေ ဖြစ်ပါတယ်။


ခံစားချက်ကို လေးလေးနက်နက်ဖော်ပြခြင်း

 

Eye Contact က အရေးအကြီးဆုံးပါ ။ နှစ်လိုဖွယ်ကောင်းသူတွေဟာ သူတို့ဘက်ကနေ စပြီး သူများကို ပြုံးပြနှုတ်ဆက်ဖို့ ၀န်မလေးတတ်ကြပါဘူး။

 

သူများပြောတဲ့ စကားနဲ့ခံစားချက်တွေကို လေးလေးနက်နက်နားထောင်တတ်သူတွေပါ။ ဒီလိုအကျင့်စရိုက်တွေဟာ လူတွေကို ဆွဲဆောင်နိုင်သလို လူတွေရဲ့ ယုံကြည်မှုကိုပါ လက်ခံရရှိတတ်ပါတယ်။

 


နားလည်မှုရှိခြင်း

 

လူတော်တော်များများဟာ မတူညီတဲ့ အတွေးအခေါ်၊ အယူအဆတွေ ရှိလာခဲ့ရင် ငြင်းခုံစရာ စကား ၀ိုင်းမျိုးထက် နားလည်မှုပေးတတ်ကြသူတွေပါ။

 

နှစ်လိုဖွယ်ကောင်းသူတွေဟာ လူတွေနဲ့ဘယ်လို လိုက်လျောညီထွေဆက်ဆံပေးရမလဲဆိုတာကို နားလည်ပေးတတ်ကြပါတယ်။

 

လူတွေရဲ့ ခံစားချက်ကို နားလည်ပေးနိုင်တဲ့စိတ်ကြောင့် အပြုသဘောဆောင်တဲ့ စကားဝိုင်းနဲ့ခံစားချက်တွေကို ဖန်တီးပေးနိုင်ပါတယ်။

 

 

Read times Last modified on Friday, 30 November 2018 17:28
Rate this item
(2 votes)
Tagged under