ကိုယ့်ချစ်သူကို ပြဿနာတွေ မရှာပါနဲ့

ကိုယ့်ချစ်သူကို ပြဿနာတွေ မရှာပါနဲ့

အမျိုးသမီးတွေက အမျိုးသားတွေကို ဖုန်းမဆက်လို့၊ Msg မပို့လို့ ဆိုတာမျိုးနဲ့ တစ်ဖက်လူကို အကြီးအကျယ် ပြဿနာ ရှာမိတာမျိုးတွေဟာ သိပ်ကလေးဆန်ပြီး၊ Attention seek လုပ်လွန်းရာကျပါတယ်။

 

မိတ်ဆွေ တွေထဲမှာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာ ဖြစ်ဖြစ် အမြဲ ကိုယ့်ချစ်သူကို ပြဿနာရှာ၊ ရစ်နေတဲ့ အမျိုးသမီး တွေကို ကြုံဖူးကြမှာပါ။

 

သူ့ကို ကြည့်ရင် ကာယကံရှင်မပြောနဲ့ ဘေးကလူတောင် ပူလောင် စိတ်ပင်ပန်းပါတယ်။

 

တစ်ခါ တလေ အဲ့လို ပြဿနာရှာ တတ်တဲ့အမျိုးသမီးက ကိုယ့်ချစ်သူ ဖြစ်နေတာ၊ ဒါမှမဟုတ် ကိုယ်တိုင်က အဲ့ဒီအမျိုးသမီး ဖြစ်နေတဲ့အခါ ပိုလို့တောင် ပူလောင်ရပါသေးတယ်။

 
ပုံကြီးမချဲ့ ခြင်း

 

အချိန်ပြည့်ဖုန်းဆက်၊ စာပို့၊ ရက်တိုင်းတွေ့ နေမှ ချစ်ခြင်းမေတ္တာဆိုတာ ဖြစ်လာမယ်ဆို အရင်ခေတ်ကစုံတွဲတွေအတွက် ရယ်စရာ ဖြစ်နေတော့မှာပါပဲ။

 

အချိန်ပြည့် ဖုန်းဆက် စကားပြောတာမျိုး က ငယ်ရွယ်တဲ့စုံတွဲတွေမှာ သိပ်ကိစ္စ မရှိပေမယ့် အရွယ်ရောက်ပြီးသား လူတွေဆိုရင် ကိုယ်ရေးကိုယ်တာ ကိစ္စတွေ၊ အလုပ်ကိစ္စ တွေနဲ့ အာရုံနောက်စရာပါပဲ။

 

အသိစိတ်ဓာတ်ရှိစေခြင်း

 

ဘယ်လောက်ပဲဘဝ နှစ်ခု ပေါင်းစပ်တယ် ဆိုပါစေ တကယ်တမ်းက သူ့ကမ္ဘာကိုယ့် ကမ္ဘာ သပ်သပ် စီပါပဲ။

 

သူလုပ်စရာ ရှိတာလုပ်ရမှာဖြစ်သလို၊ ကိုယ်လည်း ကိုယ့်အတွက် လုပ်စရာတွေ အများကြီးပါ။

 

အတင်းကြီး တွယ်ကပ်နေတာမျိုးတွေက တစ်ဖက်လူ ကသာ သီးသီးသန့်သန့် နေတတ်တဲ့ လူမျိုးဆို အတော် စိတ်အနှောက်အယှက်ဖြစ်မှာပါ။

Read times Last modified on Wednesday, 05 December 2018 16:45
Rate this item
(2 votes)
Tagged under