အသက် ၃၀ အထက် အပျိုကြီးဝန်ထမ်းတွေကို ချစ်သူနဲ့တွေ့ဖို့ ခွင့်ရက်ပိုပေးတဲ့တရုတ်ကုမ္ပဏီတွေ

အသက် ၃၀ အထက် အပျိုကြီးဝန်ထမ်းတွေကို ချစ်သူနဲ့တွေ့ဖို့ ခွင့်ရက်ပိုပေးတဲ့တရုတ်ကုမ္ပဏီတွေ google

တရုတ်နိုင်ငံက ကုမ္ပဏီနှစ်ခုဟာ လက်တွဲဖော်မရှိတဲ့ အသက် ၃၀ အထက် အမျိုးသမီးဝန်ထမ်းတွေကို ထပ်ဆောင်းခွင့်ရက် ၈ ရက် ပိုပေးပါသတဲ့။

 

စုန်မင်းဆက် ခရီးသွားလာရေးလုပ်ငန်းက ဝန်ထမ်းတွေဟာ တရုတ်နှစ်သစ်ကူးပိတ်ရက်မှာ ထပ်တိုးခွင့်ရက်တွေ ခံစားရတာဖြစ်ပါတယ်။ ၃၀ နားနီး၊ သုံးဆယ်ကျော် အတွဲမရှိတဲ့ အမျိုးသမီးတွေကို ရောင်းမစွံများလို့ သတ်မှတ်တတ်ကြပြီး သူတို့အတွက် အချိန်က နည်းနေပါသတဲ့။

 

လူလတ်တန်းစားများလာပြီး တရုတ်စီးပွားရေးက ပြိုင်ဆိုင်မှု မြင့်မားလာတာမို့ အလုပ်ကိုပဲ ကြိုးစားတဲ့ အမျိုးသမီးတွေ များလာပြီး လက်ထပ်ဖို့ကို နောက်ပို့ထားတတ်ကြပါတယ်။

 

၂၀၁၃ ခုနှစ်နောက်ပိုင်း တရုတ်ပြည်မှာ လက်ထပ်မှုနှုန်းတွေလည်း ကျဆင်းလာခဲ့တယ်လို့ ပြည်သူ့ရေးရာဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

 

တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျိုးမြို့က အထက်တန်းကျောင်းတစ်ခုမှာ အလုပ်ပိနေတဲ့ တစ်ကိုယ်တည်း ဆရာမတွေကို ချစ်မှုရေးရာခွင့် ၂ ရက်အပိုပေးတဲ့သတင်း ထွက်လာပြီးနောက် တရုတ်ကုမ္ပဏီတွေက အပျိုကြီးမမတွေကို ခွင့်ပိုပေးကြတာ ဖြစ်ပါတယ်။

 

Credit;The Voice

Read times Last modified on Thursday, 24 January 2019 13:48
Rate this item
(1 Vote)