မင်္ဂလာပွဲရက်နီးမှ ဝက်ခြံထွက်လာမှာစိတ်ပူနေရရင်

မင်္ဂလာပွဲရက်နီးမှ ဝက်ခြံထွက်လာမှာစိတ်ပူနေရရင် google.com

သတို့သမီးလောင်းလေးတို့ စိုးရိမ်တဲ့အချက်တွေထဲမှာ မင်္ဂလာပွဲနေ့မှာ သတို့သမီးလေးမလှနေမှာကိုပါပဲ။

မင်္ဂလာပွဲနေ့မှာလှနေစေချင်တယ်ဆိုရင်တော့ ကြိုတင်ပြီး ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ သတို့သမီးလောင်းလေးတို့ မင်္ဂလာပွဲရက်နီးရင် အကြီးမားဆုံးအနှောင့်အယှက်ပေးတတ်တာကတော့ဝက်ခြံပါ။ ပွဲရက်နီးမှဝက်ခြံထွက်လာတာ၊ မှည့်လာတာတွေကစိတ်ညစ်စေမှာ သေချာပါတယ်နော်။ ဒီတော့ သတို့သမီးလေးတို့ ကြိုတင်ကာကွယ်တာက ပိုကောင်းတာမို့ မင်္ဂလာပွဲနီးမှဝက်ခြံမထွက်ရအောင် ပြင်ဆင်ရမယ့်အချက်တွေ ဖော်ပြလိုက်ပါတယ်နော်။

 

ရေများများသောက်ပါ

ရေသောက်နည်းတဲ့မိန်းကလေးတော်တော်များများ ဝက်ခြံ လွယ်လွယ်ကူကူထွက်ပါတယ်။ မင်္ဂလာပွဲရက်နီးမှမျက်နှာမှာ အနှောင့်အယှက် ဖြစ်စေမယ့်အရာတွေရှိမနေချင်ဘူးဆိုရင်တော့ နေ့တိုင်းရေများများသောက်ပေးပါ။ ဒီလိုနည်းနဲ့ ကြိုတင်ကာကွယ်ပါ။

 

အငန်လျှော့စားပါ

သတို့သမီးလောင်းလေးတို့ရေ အငန်ဓါတ် များများရရှိတာကလည်း ဝက်ခြံဖြစ်စေတဲ့အချက်ပါပဲ။ မင်္ဂလာပွဲရက်နီးမှ ဝက်ခြံတွေ ထွက်လာတာကို ရှောင်ရှားနိုင်ဖို့အတွက် အငန်လျှော့စားပါ။

 

အသားအရေ ဂျီးချွတ်တာတွေ ရှောင်ပါ

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲရက်နီးမှ အသားအရေကို ဂျီးချွတ်တာ လုပ်တာမျိုးရှောင်ပါ။ အဲဒီလိုမျိုးလုပ်တာက အခန့်မသင့်ရင် မျက်နှာမှာ ဝက်ခြံထွက်တာမျိုး ဖြစ်တတ်တာကြောင့်ပါ။ မင်္ဂလာပွဲရက် နီးရင်တော့ ဒီလိုအချက်တွေကို ရှောင်ရမှာပါနော်။

 

နေရောင်ကာခရင်မ် လိမ်းပါ

သတို့သမီးလောင်းလေးတို့ မင်္ဂလာပွဲရက်နီးရင် ဟိုဟိုဒီဒီ အလုပ်တွေရှုပ်ပြီး သွားလာရတာရှိမှာပါ။ ဒီတော့ နေရောင်ကာခရင်မ်လေးတွေ လိမ်းပြီးမှသွားပါနော်။ မဟုတ်ရင်တော့ မျက်နှာမှာဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။

 

အဆီပြန်တာကို ထိန်းချုပ်ပါ

သတို့သမီးလောင်းလေးတို့ ပွဲရက်နီးမှဝက်ခြံထွက်တာကို ထိန်းချုပ်ချင်ရင်တော့ အဆီပြန်တာကိုထိန်းချုပ်ပါနော်။ အဆီပြန်တာတွေရှိမယ်ဆိုရင် ဝက်ခြံထွက်လာမှာပါ။ ဒါကြောင့် သတို့သမီးလေးတို့ အဆီပြန်စေမယ့်ခရင်မ်တွေ၊ အစားအစာတွေ ရှောင်ပါနော်။

 

Skin care တွေ ပြောင်းမသုံးပါနဲ့

ဒီအချက်က အရမ်းအရေးကြီးပါတယ်။ မင်္ဂလာပွဲရက်နီးမှ အသစ်ပြောင်းသုံးတာ၊ စမ်းသပ်တာတွေ ဘာမှကိုမလုပ်ပါနဲ့နော်။ အဲဒီလိုပြောင်းသုံးလို့ ဝက်ခြံတွေထွက်လာခဲ့ရင် မင်္ဂလာပွဲမှာစိတ်ညစ်နေရမှာပါ။ ဓါတ်မတည့်လို့ ကုသရင်လည်း အချိန်ပေးရမှာမို့ မမီတာတွေ ဖြစ်နိုင်ပါတယ်။

 

မင်္ဂလာဆောင်မယ့် သတို့သမီးလောင်းလေးတို့ ပွဲရက်နီးမှဝက်ခြံတွေထွက်မလာချင်ဘူးဆိုရင်တော့ ပြောပြထားတဲ့အချက်တွေကိုလိုက်နာဆောင်ရွက်ပေးနော်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Monday, 01 April 2019 10:58
Rate this item
(1 Vote)