အသွင်မတူတဲ့အိမ်သူတွေရဲ့သဘောသဘာဝများ

အသွင်မတူတဲ့အိမ်သူတွေရဲ့သဘောသဘာဝများ google.com

အိမ်ထောင်ရေးတွင်တစ်ဦး၏သဘောကိုပိုင်ပိုင်နင်းနင်းသိရှိထားရပါမယ်။

 

ခေတ္တခဏမျှပေါင်းသင်းရသောမိတ်ဆွေမျိုးမဟုတ်ဘဲထာဝရပေါင်းသင်းဆက်ဆံရမှာဖြစ်တဲ့အတွက် အတွင်းသိအစင်းသိဖြစ်ရန် လိုအပ်ပါတယ်။

 

စိတ်ရင်းသဘောရင်းကို သိရှိထားခြင်းကလည်း အထင်လွဲစရာ၊ အထင်သေးစရာတို့ ကြုံတွေ့ရတဲ့အခါ လွယ်ကူစွာ ပြေလည်မှုရရှိပြီး နားလည်ခွင့်လွှတ်နိုင်ပါတယ်။

 

တစ်ဦးက တစ်ဦးကို စေ့စေ့စပ်စပ် သိမြင်မထားတဲ့အခါ ဆက်ဆံရေးအခက်အခဲမျိုးသာမက တစ်ဖက်သားက မိမိအပေါ်တွင် သဘောထားပုံ အမှန်ကိုလည်း မသိရှိနိုင်တော့ပါ။

 

ချစ်သူနှစ်ဦးတို့သည် အသက်ပေး၍ ချစ်ကြသည်ဆိုခြင်းမှာ အမှန်ပင်ဖြစ်ပါတယ်။

 

ချစ်သူနှင့်နီးရဖို့အတွက် သက်စွန့်ဆံဖျား စွန့်စားကြရသောကြောင့် အသက်နှင့်ရင်းကာ ချစ်ရသည်ဟု ဆိုနိုင်ပါတယ်။

 

သို့မဟုတ်ဘဲ ချစ်သူတစ်ဦးက တစ်ဖက်ချစ်သူ တစ်ဦးအပေါ်တွင် အသက်ကိုပါ အပ်နှင်း၍ ယုံကြည်စိတ်ချထားရတာလည်း ရှိပါတယ်။

 

တစ်ဦး၏အသက်သည် ကျန်တစ်ဦး၏လက်၌ တည်ရှိနေသောကြောင့် မိမိအသက်အပ်နှင်းထားရမည့် တစ်ဖက်သား၏ သဘောသဘာဝကို ကျွမ်းကျင်စွာ သိရှိနားလည်ထားရန် လိုအပ်ပါတယ်နော်။

 

 

Myanmar Wedding Guide

Read times Last modified on Tuesday, 18 September 2018 15:56
Rate this item
(1 Vote)