မိန်းကလေးတစ်ယောက်ကို လက်ထပ်ခွင့်တောင်းဖို့ အကောင်းဆုံးပုံစံ

မိန်းကလေးတစ်ယောက်ကို လက်ထပ်ခွင့်တောင်းဖို့ အကောင်းဆုံးပုံစံ google.com

အသေးစိတ်ကျကျ စီစဉ်ထားတဲ့ ရင်ခုန်ဖွယ်ရာ လက်ထပ်ခွင့်တောင်းတဲ့ ဇာတ်လမ်းတွေကို ကြားဖူး၊ဖတ်ဖူး ကြမှာပါ။

ရဟတ်ယာဉ်ပေါ်မှာ လက်ထပ်ခွင့်တောင်းတာ၊ လေယာဉ်မီးခိုးတန်းနဲ့ စာတန်းဖော်ပြီး လက်ထပ်ခွင့်တောင်းတာ၊ အမျိုးမျိုးပေါ့။ ဒါပေမယ့် တကယ်တမ်း မိန်းကလေးတွေ လိုချင်တာ ဘယ်လိုမျိုး ဖြစ်မလဲ။

 

ကြင်စဇနီးမောင်နှံအတွဲ ၄၀၀ ကို သူတို့ မျှော်လင့်တဲ့ စိတ်ယူးယဉ်လက်ထပ်ခွင့်တောင်းတဲ့ပုံစံ၊ တကယ်တောင်းခဲ့တဲ့ပုံစံနဲ့ဘယ်အချက်ကအရေးကြီးဆုံးလဲဆိုတာ စစ်တမ်းကောက်ယူခဲ့ရာမှာ အောက်ပါအဖြေ ထွက်လာခဲ့ပါတယ်။ လူသိထင်ရှား လက်ထပ်ခွင့်တောင်းတာမျိုးက အကောင်းဆုံးစံပြပုံစံမျိုး မဟုတ်ဘဲ စုံတွဲ ၆၉ ရာခိုင်နှုန်းဟာ နှစ်ကိုယ်ကြား သီးသန့် လက်ထပ်ခွင့်တောင်းမှုကို ပိုမိုနှစ်သက် လိုလားကြတယ်လို့ဆိုပါတယ်။

 

ဒီ့အပြင် တကယ်တမ်းလက်ထပ်ခွင့်တောင်းမှုဟာလည်း မျှော်လင့်ထားသလောက်စိတ်ကူးယဉ်မဆန်ပါဘူးလို့ဖွင့်ဟခဲ့ပါတယ်။ နောက်ထပ်တွေ့ ရှိချက်အရ လက်ထပ်ခွင့်တောင်းဖို့အကောင်းဆုံးအချိန်ကညနေခင်းနဲ့ နေ၀င်ရီတရောအချိန်လေးမှာ ဖြစ်ပြီး အသင့်တော်ဆုံးနေရာက ပင်လယ်ကမ်းခြေ ဖြစ်တယ်လို့သိရပါတယ်။

 

လေ့လာထားတဲ့ စစ်တမ်းတစ်ခုအရ လူသုံးပုံတစ်ပုံဟာ လက်ထပ်ခွင့်တောင်းဖို့ အကောင်းဆုံးရက်က ခရစ်စမတ်အကြိုနေ့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နှစ်တစ်နှစ်ရဲ့စိတ်ကူးယဉ်အဆန်ဆုံးရက်တွေဖြစ်တဲ့ ချစ်သူများနေ့ နဲ့ နှစ်သစ်ကူးအကြိုနေ့တို့ကလည်းအကောင်းဆုံးရက်တွေဖြစ်ပါတယ်။

 

 

Credit;Trend Myanmar

Read times Last modified on Tuesday, 18 September 2018 15:33
Rate this item
(1 Vote)