ချစ်ခြင်းမေတ္တာမှာ ရုပ်ရည် သွင်ပြင်က အရေးပါကြောင်း ထင်ရှားနေတဲ့ (၄) ချက်

ချစ်ခြင်းမေတ္တာမှာ ရုပ်ရည် သွင်ပြင်က အရေးပါကြောင်း ထင်ရှားနေတဲ့ (၄) ချက် google

ဒါပေမယ့်တကယ်ချစ်မိရင် ရုပ်ရည် ဆိုတာ ပထမ ဦးစားပေး မဟုတ်တော့ပါဘူး ။ ကိုယ့်ကို တကယ်ကြင်နာယုယ ပေးမယ့် လူကိုသာ ရအောင်ရှာဖွေ ရမှာအဓိကပါပဲ။

 

ဒီလိုTopic မျိုးက ရေးရတာ အင်မတန် အန္တရာယ် များပါတယ် ။ ဘာကြောင့်ဆို ကျွန်တော် အပါအဝင် အများစုက ရုပ်ပိုင်းဆိုင်ရာ နဲ့ ပတ်သတ်ပြီး အားနည်းချက်တွေရှိကြတာကိုး ။ ဒါပေမယ့်လည်း အမှန်တရားခပ်ခါးခါး / Ugly Truth ဆိုတာ ဒါမျိုးပဲ လို့ သတ်မှတ်ပြီး ဘော်ဒါတွေကို မျှဝေ လိုက်ပါတယ်။

 

 

() LoveAt First Sight

 

မြင်မြင်ချင်းမှာပဲ ချစ်မိတယ် ဆိုတဲ့ အဖြစ်အပျက် ဟာ တစ်ဖက်လူရဲ့ ရုပ်ရည်သွင်ပြင် နဲ့ ၉၉ % လောက်တိုက်ရိုက်အချိုးကျပါတယ် ။ တစ်ဖက် အမျိုး သမီးက ဆံပင်ရှည်ရှည် ၊ ဘော်ဒီတောင့်တောင့် နဲ့ ဆွဲဆောင်မှုရှိနေမယ်ဒါမှမဟုတ် ဆံပင်ဂုတ်ဝဲ လေးနဲ့ ချစ်စရာ ကောင်မလေး ဖြစ်နေမယ် ၊ အစရှိသဖြင့် နှစ်လိုဖွယ်အနေအထား ဖြစ်နေတဲ့အခါ စတွေ့တွေ့ ခြင်းပဲ ချစ်ခင်နှစ်သက် မိတယ် ဆိုတာမျိုး ဖြစ်ပေါ်လာရတာပေါ့လေ ။

 

 

() လူနဲ့အလှအပ

 

ငါက လှတာမကြိုက်ပါဘူးကွာ၊ စိတ်ထားပြည့်ဝ ရင်ပြီးရော ဆိုတဲ့ စကားမျိုး ပြောရင် ကျွန်တော် တကယ် ရယ်ချင်တာဗျ ။လှတာ မကြိုက်တဲ့ လူဆိုတာ မရှိဘူး လို့ ကျွန်တော်ထင်တယ် ။ လူတွေရဲ့ မူလ ဦးနှောက် အသိဥာဏ်ထဲမှာကိုက အလှအပ ကို လိုလားတဲ့ တဲ့ အာရုံခံစား မှုဆိုတာပါလာ ပြီးသားပါပဲ ။ ဥပမာ- " အိမ်လှလှလေး လိုချင်တယ် " " ဟို ကောင်မလေး ဆံပင် က လှလိုက်တာ" " ဒီပနိးချီကားက သိပ်လှတယ် နော်" အစရှိတဲ့ စကားတွေဟာ ကျွန်တော်တို့ရဲ့ အလှအပ အပေါ်စိတ်ဝင်စား နှစ်လိုမှုကို ဖော်ပြနေပြီးဖြစ်ပါတယ် ။

 

 

() ပတ်ဝန်းကျင်အမြင်

 

ဒီတစ်ချက်ကတချို့ လူတွေအတွက်တော့ အကျုံးဝင်ချင်မှ ဝင်ပါလိမ့်မယ် ။ ဒါပေမယ့် အများစုပေါ့ ။ အထူးသဖြင့်မိန်းကလေး တွေဆို ပိုအပြောခံရမယ်ထင်တယ် ။

" သူ့အကောင်က ကလေကချေ ရုပ်နော် "

" နင့်ဘဲက ရုပ်မသန့် လိုက်တာ "

အစရှိ သဖြင့်အမျိုးမျိုး ပေါ့လေ ။ တချိ့ကျတော့လည်း ရင်းနှီးလို့ ပွင့်ပွင့် လင်းလင်း ပြောတာပေမယ့်တချို့ကျတော့ ကပ်ဖဲ့ တာမျိုးတွေရှိကြတယ် ။ အသက်အရွယ် တစ်ခု ရလာလို့ ကိုယ့်လက်တွဲဖော်ကို အဲ့လိုပြောခံရတာက သိပ်ဂရုစိုက်စရာမရှိပေမယ့် ဆယ်ကျော်သက် ကောင်မလေး တွေဆို နည်းနည်းရှက်ကြတာပေါ့။

 

 

()Beauty and Beast / မင်းကုသ နဲ့ ပပဝတီ

 

အခု ပြောပြထားတဲ့ ဇာတ်လမ်း ၂ ခု က ဘာကြောင့် လူသိများ နာမည် ကြီးနေတယ် လို့ ထင်ပါသလဲ ?

အဖြေကတော့ရုပ်ရည်ဟာ အင်မတန် အရေးပါနေလို့ပါ ။ "မင်းကုသ က ရုပ်အရမ်းဆိုးတာ ၊ ပပဝတီ က အရမ်းလှပေမယ့်သူတို့ ချစ်သွားကြတာ ဘာညာ ဆိုတာ မင်းကုသ ကို ဂရုဏာ သက်သယောင်ယောင် ပြောနေပေမယ့် ဒီစကားဟာမင်းကုသ ရုပ်ဆိုးကြောင်း ၊ ပပဝတီ နဲ့ မတန်ကြောင်းကို အနူးညံ့ ဆုံးနည်းနဲ့Discirminate လုပ်လိုက်တာပါပဲ ။ ဒါကြောင့်လည်းဒီလို ရုပ်ရည် ကွာဟ မှုရှိတဲ့ အချစ်ဇာတ်လမ်း ၂ ခုဟာ အင်မတန် နာမည် ကြီးနေရတာပေါ့ ။

အခုလိုတွေပြောလို့လည်း ကျွန်တော့် လို ရုပ်ဆိုးဆိုး လူတွေ အားမငယ် ကြပါနဲ့ ။ ကျွန်တော်ဆို ရုပ်ကဒွတ်နေ ပေမယ့် ကျွန်တော့် ကောင်မလေး ကတော့ ချစ်တာပါပဲ ။ တစ်ခါတစ်လေ တော့ အတူသွားလာနေရင်းနဲတော့ သူ့ဘဲ ရုပ်က အတော်မသန့် ပါလား လို့ တွေးချင် တွေးမိမှာပေါ့လေ ။ ဒါပေမယ့်တကယ်ချစ်မိရင် ရုပ်ရည် ဆိုတာ ပထမ ဦးစားပေး မဟုတ်တော့ပါဘူး ။ ကိုယ့်ကို တကယ်ကြင်နာယုယ ပေးမယ့် လူကိုသာ ရအောင်ရှာဖွေ ရမှာအဓိကပါပဲ ။

 

 

Credit;Lungemedia

Read times Last modified on Friday, 28 December 2018 10:24
Rate this item
(2 votes)