စိတ်ထိခိုက်လွယ်တဲ့ မိန်းကလေးတွေကို ချစ်တော့မယ်ဆိုရင် ဒါလေးတွေကိုသိထားပါ

စိတ်ထိခိုက်လွယ်တဲ့ မိန်းကလေးတွေကို ချစ်တော့မယ်ဆိုရင် ဒါလေးတွေကိုသိထားပါ google

လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ အကြောင်းအရာတစ်ခုခုအပေါ်မှာ ခံစားပုံချင်း၊ တွေးခေါ်ပုံချင်းက မတူညီနိုင်ပါဘူး။

စိတ်ဓာတ်ပိုကြံ့ခိုင်တဲ့သူရှိသလို၊ စိတ်ပိုပျော့တဲ့သူတွေလည်း ရှိနေနိုင်တာကြောင့် အရာအားလုံးကို တစ်သမတ်တည်း စဉ်းစားလို့တော့ မရပါဘူး။ ခုဖော်ပြပေးမှာကတော့ စိတ်ထိခိုက်လွယ်တဲ့ မိန်းကလေးတွေကို ချစ်တော့မယ်ဆိုရင် သိထားရမယ့် အချက်လေးတွေပဲဖြစ်ပါတယ်။ တစ်ခါတလေ ဒီအချက်လေးတွေကို မသိတာကြောင့် မထင်မှတ်ဘဲ စိတ်ဒဏ်ရာတွေ သွားပေးမိနေတတ်တာကြောင့် မဖြစ်မနေဖတ်သင့်တဲ့ အရာလေးဖြစ်ပါတယ်။

 

() စကားကြမ်းကြမ်းတွေမပြောပါနဲ့

ဒီလိုမိန်းကလေးတွေဟာ ဆူတာ၊ ငေါက်တာတွေကို လုံးဝခံနိုင်ရည်စွမ်း မရှိကြပါဘူး။ ဒါကြောင့် သူတို့ အမှားတစ်ခုခုလုပ်မိရင်တောင် အတတ်နိုင်ဆုံး လေသံအေးအေးလေးနဲ့ ပြောပြပါ။ ဒီလိုမှမဟုတ်ပဲ အောက်ငေါက်လိုက်မိရင်တော့ တစ်နုံ့နုံ့နဲ့ နာကျင်ခံစားနေမယ့်သူတွေ ဖြစ်ပါတယ်။

 

() ဂရုစိုက်ပါ

ဒီလိုမိန်းကလေးတွေဟာ ချစ်သူရဲ့ အပြုအမူ၊ အပြောအဆိုတွေကို အမြဲတမ်း အကဲခတ်နေတတ်တဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူရဲ့ ဂရုစိုက်မှုလေးတွေ အနည်းငယ်လျော့သွားရင်တောင် စိတ်မကောင်း အရမ်းဖြစ်ရတဲ့သူတွေပါ။ ဒါကြောင့် သင်ဘယလောက်ပဲ အလုပ်တွေများများ၊ ဘယ်လောက်ပဲ အချိန်မရှိနေရင်တောင် ပစ်မထားပါနဲ့။ အနည်းဆုံး စာလေးတစ်ကြောင်း နှစ်ကြောင်းတော့ ပုံမှန်ပို့ပေးသင့်ပါတယ်။

 

() အပြုအမူတွေကို ဂရုစိုက်ပါ

ဒီလိုမိန်းကလေးတွေဟာ ချစ်သူကို အမြဲတမ်း ဂရုစိုက်ပြီး အချိန်ပြည့် အကဲခတ်နေတတ်တဲ့သူတွေဖြစ်တာကြောင့် သင့်ရဲ့ အပြုအမူတွေကို ဂရုစိုက်ရပါမယ်။ အသေးအမွှားကိစ္စလေးတွေလို့ သင့်ဘက်က ထင်နေတဲ့ကိစ္စတွေတောင်မှ သူ့အတွက် အရမ်းကို အရေးပါတာတွေဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သူ့ကို ဂရုမစိုက်တဲ့ပုံစံမျိုး၊ အလေးအနက်မထားတဲ့ ပုံစံမျိုးမလုပ်မိဖို့ အထူးသတိပြုရမှာပါ။

 

() စေတနာကို အသိအမှတ်ပြုပေးပါ

ဒီလိုမိန်းကလေးတွေဟာ အကျိုးတစ်ခုခုကိုမျှော်ကိုးပြီး ချစ်တတ်တဲ့သူတွေတော့ မဟုတ်ပေမယ့် စေတနာကို စော်ကားတာ၊ အသိအမှတ် မပြုပေးတာမျိုးတွေကိုတော့ အရမ်းခံစားရပါတယ်။ သူလုပ်ပေးတဲ့အရာတိုင်းမှာ စေတနာမေတ္တာတွေ အပြည့်ထားပြီး လုပ်ပေးတာဖြစ်လို့ စေတနာကို အသိအမှတ်မပြုပေးတဲ့အခါ အရမ်းဝမ်းနည်းကြေကွဲရပါတယ်။

 

() နားလည်ပေးပါ

ဒီလိုမိန်းကလေးတွေဟာ နားလည်ပေးဖို့ အရမ်းလိုအပ်ပါတယ်။ သူတို့ဟာ ခံစားလွယ်လွန်းတဲ့သူတွေဖြစ်တာကြောင့် တစ်ခါတလေကျရင် သူတို့အပေါ်မှာ စိတ်မရှည်တာတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ကို နားလည်ပေးလိုက်ပါ။ သင့်ကို အရမ်းချစ်လို့ ဖြစ်တာဆိုတာလေးကို နားလည်ပေးပြီး သူတို့ရဲ့ ခံစားချက်တွေကို အလေးအနက်ထားပေးလိုက်ပါ။

 

 

Credit;Aunty May

Read times Last modified on Saturday, 26 January 2019 10:42
Rate this item
(2 votes)