ရန်ဖြစ်များတဲ့စုံတွဲတွေက ပိုချစ်ကြပါတယ်တဲ့

ရန်ဖြစ်များတဲ့စုံတွဲတွေက ပိုချစ်ကြပါတယ်တဲ့ google

ရန်ဖြစ်လေ ပိုချစ်လေပါ။ တစ်ဂျက်ဂျက် ရန်ဖြစ်နေကြတဲ့ ချစ်သူတွေ နှစ်ကြာတဲ့အထိ လက်တွဲနေကြရင် ထူးဆန်းတယ်လို့ တွေးမိတတ်ကြပါတယ်။

သုတေသနပညာရှင်တွေကတော့ ရန်များများဖြစ်တတ်တဲ့ချစ်သူစုံတွဲတွေက တစ်ယောက်နဲ့ တစ်ယောက် အသက်ထက်မက ချစ်ကြတဲ့ ချစ်သူစုံတွဲတွေပါလို့ပြောလာပါတယ်။

 

ရန်ဖြစ်တယ်ဆိုတာ ရင့်ကျက်လာခြင်းပါ

နှစ်ကြာရှည် တွဲချင်တယ်ဆိုရင်တော့ ရှောင်နေတာ မကောင်းပါဘူး။ ရန်ဖြစ်နေတဲ့အချိန် ကိုယ်ဖြစ်ချင်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောခွင့်ရတယ်။ ချစ်သူတွေ ရန်ဖြစ်တယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်အမုန်းပွားဖို့မဟုတ်ဘဲ ကိုယ့်ဖြစ်ချင်တာလေးတွေကို ပြင်ပေးဖို့ အငြင်းပွားနေရုံသက်သက်ပါ။

 

ရန်ဖြစ်ကြတယ်ဆိုတာ ဂရုစိုက်လို့ပါ

ချစ်သူရဲ့ အပြုအမှုတချို့ကို မကြိုက်ရင် မျက်စိမှိတ် ရှောင်သွားလိုက်ရင်တော့ အေးဆေးပါပဲ။ ဒါပေမယ့် သင်ကအမုန်းခံ၊ရန်ဖြစ်ပြီး အမှန်ကိုပြင်ပေးတာက သင့်ချစ်သူကိုဂရုစိုက်လို့ပါ။

 

ရန်ဖြစ်ပေးတာက ပိုချစ်လာစေနိုင်တယ်

ရန်ဖြစ်ပြီးလို့ စိတ်ပြေသွားကြရင် ချစ်သူဖြစ်စကလိုပဲ တစ်ယောက်နဲ့ တစ်ယောက် ချစ်နေကြမယ်။ စိတ်ထဲ ကြည်နူးနေမှာပါ။ ဒီလက္ခဏာက ရန်ဖြစ်ပြီးရင် တစ်ယောက်အကြောင်း တစ်ယောက်ပိုသိလာမယ်၊တစ်ယောက်ခံစားချက်ကို တစ်ယောက်နားလည်လာကြမယ်။ ဒီလိုဆို သင့်တို့ချစ်သူနှစ်ယောက် ပိုချစ်လာကြတာပါ။

 

ပိုပွင့်လင်းလာကြမယ်

ယုံကြည်မှုကို တည်ဆောက်မယ်ဆိုရင် နှုတ်ဆိတ်နေလို့မရပါဘူး။ သင့်ချစ်သူကို ပွင့်ပွင့်လင်းလင်းပြောဖို့က အရေးကြီးပါတယ်။ ရန်ဖြစ်တာက သင့်ချစ်သူနဲ့ သင့်ကြားကို ပိုပြီးပွင့်ပွင့်လင်းလင်း ဖြစ်လာစေနိုင်ပါတယ်။

 

ရန်ဖြစ်ပြီးရင် အတူတူရှိနေချင်လာကြတယ်

ရန်ဖြစ်ပြီးကြရင် တစ်ယောက်မရှိလို့ မဖြစ်ဘူးဆိုတာ ပိုသိလာကြမယ်။ ပိုသတိရလာပြီး အတူတူရှိနေချင်လာကြတယ်။ အချိန်အကြာကြီး ရန်ဖြစ်နေဖို့တော့ မဟုတ်ပါဘူး။

 

Source : Auntymay

Read times Last modified on Friday, 08 February 2019 17:58
Rate this item
(2 votes)
Tagged under