သင့်ကို တကယ်ချစ်မိနေတဲ့သူဆိုတာ

သင့်ကို တကယ်ချစ်မိနေတဲ့သူဆိုတာ google

သင့်ချစ်သူဟာ သင်တို့နှစ်ဦးကြားက ဆက်ဆံရေး၊ အချစ်ရေးကို အရမ်းတန်ဖိုးထားလွန်းသူ ဟုတ်မဟုတ်ဆိုတာ ခုပြောပြပေးမယ့် အချက်ကလေးတွေကို ကြည့်ရင်သိသာစေပါလိမ့်မယ်။

- ကိစ္စတစ်ခုခုလုပ်တော့မယ်ဆိုရင် ကိုယ့်ကိုအမြဲအသိပေးတယ်။

- အစီအစဉ်ဆွဲရတော့မယ့် ကိစ္စမျိုးကို ကိုယ့်ကိုအရင်ဖုန်းဆက်ပြီး အသိပေးတယ်။ ကိုယ့်ဆီကအကြံဥာဏ်ကိုယူတတ်တယ်။

- ကိုယ့်ဆီက တစ်နေ့လုံးနီးပါး ဘာသံမှမကြားရဘူးဆိုတာနဲ့ သူစိတ်တိုရော။

- အလုပ်များနေလို့ မတ်ဆေ့ခ်ျလေး မပို့မိတာ၊ ဖုန်းမခေါ်မိတာမျိုးဆိုရင် သူ့ကို မေ့နေတာလားဆိုပြီး စိတ်တိုတတ်တယ်။ ကိုယ့်ကိုရစ်တတ်တယ်။

- ရှေ့ရေးကို အမြဲတိတိကျကျ ပြောပြတတ်တယ်။

- ကိုယ်တို့ဘယ်အချိန် လက်ထပ်မယ်၊ ဘယ်အချိန်ကလေးယူကြမယ် စသဖြင့် စနောက်ပြောဆိုတာမျိုးမဟုတ်ပဲ အတိအကျပြောတတ်တယ်။

- သူနှစ်သက်တဲ့နေရာတွေ ကိုယ့်ကိုခေါ်သွားတတ်တယ်။

- သူအနှစ်သက်ဆုံး နေရာမျိုးတွေ၊ အပန်းဖြေစခန်းမျိုးတွေကို ကိုယ့်ကိုခေါ်သွားတတ်တယ်။

- သူ့သူငယ်ချင်းတွေကလည်း သင့်ကို facebook မှာ သူငယ်ချင်းဖြစ်ဖို့ ကြိုးစားလာကြမယ်။

- Facebook မှာ သူ့သူငယ်ချင်းတွေအားလုံးက fri request တွေပို့လာကြပြီဆိုရင် ဒါဟာ သူတို့သူငယ်ချင်းအတည်တွဲနေတဲ့ ကောင်မလေးကိုခင်မင်ချင်ကြလို့ပါပဲ။

- သင်နေမကောင်းရင် တစ်ညလုံး စိတ်ပူပြီး သူ မအိပ်ပဲစောင့်နေပေးမယ်။

- သင့်ဘေးမှာ မဟုတ်ရင်တောင် သင်အဖျားတက်နေတဲ့အချိန် သူကမအိပ်ပဲ သင့်အခြေအနေကိုစောင့်ကြည့်နေမှာပါ။ သူဘယ်လိုမှ အိပ်ပျော်မှာမဟုတ်ပါဘူး။

- သင့်မိဘဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင် သူနေတယ်။

သင့်ကိုရေရှည်စဉ်းစားထားတဲ့သူမှသာ မိဘဆွေမျိုး၊ သင့်သူငယ်ချင်းတွေနဲ့ အဆင်ပြေပြေနေမှာပါ။ ရေရှည်အတွက် စိတ်ကူးမထားရင်တော့ အားလုံးနဲ့ မျက်နှာချင်းမဆိုင်ရအောင်နေပါလိမ့်မယ်။

 

Credit : Trend

Myanmar Wedding Guide

Read times Last modified on Thursday, 28 February 2019 16:46
Rate this item
(0 votes)