(2.1.2020မှ 8.1.2020အထိ) တစ်ပတ်စာ (၇) ရက်သားသမီးကံကြမ္မာဟောစာတမ်း.....

(2.1.2020မှ 8.1.2020အထိ) တစ်ပတ်စာ (၇) ရက်သားသမီးကံကြမ္မာဟောစာတမ်း..... google

တနင်္ဂနွေ

ဒီလိုကာလမျိုးမှာတော့ငွေလဲရ၊ ငွေလဲကုန်မည်။ စိန်များ ဝယ်ယူမယ်ဆိုပါကစိတ်ချရတဲ့နေရာကဝယ်ယူပါ။ ဖခင်၏အလုပ်ကူလုပ်ပေးရခြင်း သို့မဟုတ် အထက်လူကြီးအလုပ်တွေကိုကူညီဖြေရှင်းပေးရတတ်ပါတယ်။

စက်မှု၊ လျှပ်စစ်နှင့် စပ်သော လုပ်ငန်းများ အဆင်ပြေလာတတ်ပါတယ်။ဆွေမျိုး၊ တပည့်များ၏ ကူညီမှုရမည်။ အိမ်၊ ရုံးခန်း၊ အဆောက်အဦးတို့ကို အလှပြုပြင်ရမည်။ အလုပ်ကိစ္စကြောင့် မိသားစုနဲ့ခွဲခွာနေရမည်။

ကျန်းမာရေးတွင် လက်သည်း၊ ခြေသည်း လှီးဖြတ်ရာမှ အနာတရဖြစ်မည်။ခြေစွယ်ငုတ်တာမျိုးလဲဖြစ်ရတတ်ပါတယ်။ အလုပ်ခွင်မှာ လူချစ်လူခင်များလာတတ်ပါတယ်။

အလှပြင်ဆေးများကြောင့် အရေပြားထိခိုက်တတ်ပါတယ်။ မသုံးဖူးတဲ့ပစ္စည်းသစ်ဆို သတိထားလိုက်ပါ။ အိမ်ထောင်ဖက်အတွက် ဂုဏ်တက်နေမည်။ သာယာသောမိသားစုကိုဖန်တီးနိုင်မယ့် ကာလပါပဲ။

အချစ်ရေးတွင် ဝိုင်းဝန်းကူညီပေးသူများ ပေါများနေမည်။ အချစ်ရေးအဆင်မပြေသူများကြားလူက ဖြေရှင်းပေး မှုကြောင့်အဆင်ပြေသွားတတ်ပါတယ်။

ပညာရေးတွင် နာမည်ကြီးသော်လည်း ထင်သလို ဖြစ်မလာ၊ ဖြေနိုင်သည်ဟု ထင်ပြီးကာမှ အမှားများစွာ တွေ့ဖြစ်မည်။ဆရာ၊ မိဘ၏ ကူညီမှုရသော်လည်း ကိုယ်တိုင်ကပေါ့ လျော့နေမည်။

အကျိုးပေးဂဏန်း (၃၊ ၄၊ ၅ )

အထူးဟော လူချစ်လူခင်များနေမည်။

ယတြာ နာရီအဟောင်း၊ဓာတ်ခဲအပျက်တွေရှိရင် အမှုှုှိုက်တောင်းထဲထည့်လိုက်ပါ။

 

တနင်္လာ

ဒီကာလအတွင်းအဆက်အသွယ်အလွန်ကောင်းနေမည်။ မိမိ၏အတတ်ပညာနှင့် ကျွမ်းကျင်သေသပ်မှု ကြောင့် လုပ်ငန်းလာအပ်သူတွေ များနေမည်။ လုပ်ခဲ့ပြီးသော အလုပ်များမှ ရငွေများ လျော့ကျနေမည်။

လုပ်ရသ လောက်အရနည်းမည်။ အချို့အလုပ်များ အကြွေးကျရမည်။ ကိုယ်ပိုင်လုပ်ငန်း များမှ အောင်မြင်မှုရမည်။ စိတ်ကျေ နပ်၍ အားရသောအချိန်ဖြစ်မည်။ဒါပေမယ့်စပ်တူအလုပ်တွေ အဆင်မပြေတတ်ပါ။

ဝန်ထမ်းများဖိအားတွေကို မခံနိုင်ဘဲအလုပ်ထွက်ချင်နေမည်။ ငယ်ရွယ်သူများ အချစ်ရေး ကံခေနေမည်။ အလုပ်လုပ်ရင်း သို့မဟုတ် သင်တန်းတတ်ရင်း ချစ်သူသစ်ရရှိမည်။

ဒါကြောင့်လက်ရှိချစ်သူနဲ့ပြဿနာတတ်လိမ့်မယ်။ မိမိကဆင်ခြင်နေပါ။ အိမ်ထောင်ရေးမှာတော့ လင်နှင့်မယား လျှာနှင့် သွားအတိုင်းပင်။

အလုပ်ကိုယ်စီ လုပ်ကိုင်နေသူအိမ်ထောင်ရှင် များအတွက် ဘာမှမဖြစ်၊ နီးလျှင် တော့တကျက်ကျက်၊ နားလည်မှုလွဲ၊ စိတ်သဘောထားခြင်း မတိုက်ဆိုင်သည်က များနေမည်။

သားသမီးတို့အပေါ်အားမရ စိတ်တိုင်းမကျ ဖြစ်နေမည်။ အေးချမ်းစွာ ပညာသင်ယူဖြစ်မည်။ ဆရာများ ၏ ချစ်ခင်မှုကို ရရှိမည်။ ဘွဲ့လက်မှတ်များ၊ သင်တန်းဆင်းလက်မှတ်များ ရရှိမည်။

အကျိုးပေးဂဏန်း (၆၊ ဝ၊ ၇)

အထူးဟော ငွေမဝင်သလောက်ဖြစ်နေမည်။

ယတြာ ဘုရားစေတီမှာ ရေသက်စေ့လှူ၍ ဆုတောင်းပါ

 

အင်္ဂါ

ဒီကာလအတွင်းအင်အားအပြည့် အလုပ်လုပ်ရမည်။ ဒါမှမဟုတ်စိတ်ကူးယဉ်တာတွေများပြီးဘာမှမလုပ်ဖြစ် အချိန်တွေကုန် နေမည်။ ဆရာများ၊ လုပ်ငန်းရှင်များ၏ ကူညီမှု၊ အလုပ်ပေးမှုကို ရရှိမည်။

ကိုယ်တိုင်က အလုပ် အပေါ်ချေးများ နေမည်။ ငွေမရသော်လည်း သူတစ်ပါး၏ အလုပ်များကို ကူညီနေရမည်။ ရွေးချယ်မှု မှန်ကန်ရန်နှင့် ကိုယ့်ဘဝကိုယ် နားလည်ရန် အလိုအပ်ဆုံး အချိန်ဖြစ်သည်။

မိဘများ၏ စည်းကမ်းထိန်းချုပ်မှုကို ချုပ်ချယ်တယ်၊ မိမိကိုအလိုမလိုက်ဘူးလို့ထင်နေမိတတ်ပါတယ် မိတ်ဆွေများရဲ့ အမှုကိစ္စ လိုက်ပေးနေရသည့် အတွက်အိပ်ရေး ပျက် လူနုန်းနေလိမ့်မယ်။

အားအင်ကုန်ခမ်းမည်။ အခြားရောဂါသစ် မရှိ။ အိပ်ချိန်စားချိန်မှန်ရင်တော့ ကျန်းမာရေး အညံ့မရှိနိုင်ပါ။

အိမ်ထောင်ဖက်၏ ရောင့်ရဲမှုကို ဝမ်းသာနေရမည်။ မရှိအတူ၊ ရှိအတူ ကျေနပ်နေမည်။ နှစ်ယောက် တစ်မျက်နှာဖြင့် အစစအရာရာ နားလည်မည်။

အချစ်ရေးတွင် သူငယ်ချင်းအဆင့်မှ ချစ်သူအဆင့်အထိ ကူးပြောင်းလာ မည်။ အချစ်နှင့် ပတ်သက်၍ ထင်ထားတာထက် ပိုမိုနာမည်ကြီးမည်။

ပညာရေးကတော့အားကစားနှင့် လက်တွေ့ အသုံးချပညာရပ် များ ကို သင်ယူဖြစ်မည်။ မိတ်ဆွေများအား တဆင့် ပြန်လည်သင်ကြားပေးဖြစ်မည်။

အကျိုးပေးဂဏန်း (၁၊ ၃၊ ၆)

အထူးဟော ကံအကောင်းအဆိုးမျှနေတတ်ပါတယ်။

ယတြာ မိမိရွတ်နေကျဂါထာတစ်ပုဒ်ကို အဓိဋ္ဌာန်ဝင်လိုက်ပါ။

 

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းမှာတော့နိုင်ငံခြားမှပြန်လာသူ သို့မဟုတ် အစိုးရအလုပ်မှ ပင်စင်ယူပြီးသူတို့နှင့် စပ်တူ တွဲဖက်၍ အလုပ်လုပ်ရ တတ်သည်။ အကျိုးဆောင် စပ်တူလုပ်ငန်းများမှ ငွေဝင်မည်။ ကိုယ်ပိုင်လုပ်ရန် ခက်ခဲမည်။

ပညာရေးအကျိုးဆောင်နှင့် ခရီးသွားဘာသာပြန်လုပ်ငန်းများတွင် အဆင်ပြေမှုတွေကြုံရမည်။ မိမိကိုယ်တိုင်က ဒီကာလမှာစိတ်ပါရာ၊ ဝါသနာ ပါရာကိုသာ ဦးစားပေးနေဖြစ်မည်။

မိတ်ဆွေကောင်းတွေဆီက အကြံဉာဏ်ကောင်း တွေ၊ထိရောက်တဲ့အကူအညီတွေရလာတတ်ပါတယ်။ အချစ်ရေးတွင် ကြားလူစကားကြောင့် ဖြေရှင်းနေရမည်။ ကွဲလုဆဲဆဲ အချစ်ရေးကို ထိန်းနေရမည်။

စိတ်လိုက်မာန်ပါ စကားကျွံပါက နှုတ်မရ လမ်းခွဲဖြစ်လိမ့်မည်။ တပည့်လက်သားများရဲ့လက်လွှတ်စပယ်လုပ်မှုကြောင့် စိတ်ပန်း၊ ကိုယ်ပန်းဖြစ်မည်။ ကျန်းမာရေးကတော့အညံ့မရှိ ပါ။ ဒေါင်ဒေါင်မြည်ကောင်းနေတတ်ပါတယ်။

အိမ်ထောင်ရေးတွင် အေးဆေးတည်ငြိမ်နေမည်။ သားသမီးများ၏ တာဝန်များကို လုပ်ပေးနေဖြစ်မည်။ ဘဝရှေ့ရေးအတွက် စိတ်ကူးကိုယ်စီဖြင့် တည်ဆောက်နေဖြစ်မည်။ ပညာမျိုး စုံသင်ယူနေဖြစ်မည်။

မည်သည့် ပညာမှဆုံးခန်းတိုင်အောင် မရောက်ဘဲရှိနေမည်။ အလုပ်နှင့် မဆိုင်သော ပညာများကို လေ့လာဖြစ်မည်။

အကျိုးပေးဂဏန်း (၁၊ ၄၊ ၆)

အထူးဟော အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာတတ်ပါတယ်။

ယတြာ အိမ်ရှေ့လမ်းကိုမနက်စောစောသန့်ရှင်းရေးထလုပ်ပါ။

 

ကြာသပတေး

ဒီကာလအတွင်းလုပ်သမျှ အမြတ်နည်းနေမည်။ ကုန်ကျစရိတ်တွေများနေမည်။ ဝန်ထမ်းအခက်အခဲကြုံ မည်။ စက်ပစ္စည်း များပျက်တက်၊ ပြုပြင်ရမှုကြောင့် ငွေကုန်များနေမည်။

နှစ်များစွာ ရင်းနှီးမြုပ်နှံထားသော ပစ္စည်းများမှ အမြတ်များ ရလာမည်။ ကိုယ်တက်စွမ်းထားသော ပညာရပ်များဒီကာလမှာ အသုံးဝင်လာမည်။

ကိုယ်ပိုင်အလုပ်ထက် ဝန်ထမ်း နှင့် စပ်တူရှယ်ယာများက ပိုမိုအကျိုးပေးမည်။လူမှုရေး၊သာရေး၊နာရေးကိစ္စတွေ ကြောင့်ခရီးများနေတတ်ပါတယ်။အရေးကြီးတဲ့ကိစ္စတွေကိုလျှို့ဝှက်ထားပါ။

သူများတွေကို ပြောပြမိရာကစလို့ ပြဿနာတတ်ရတတ်ပါတယ်။ အဝေးရောက်ချစ်သူကို လွမ်းနေရမည်။

ချစ်သူရှိလျင်လည်း အဝေးသို့ခရီး သွားရန် ပြင်ဆင်နေဖြစ်မည်။ ချစ်သူအတွက် လက်ဆောင်ပေးဖြစ်မည်။ ကျန်းမာရေးကောင်းနေမည်။ ရာသီဥတု ဒဏ်ကို ခံရည်။ ဥတုအလိုက်နေတတ်လျှင် ရောဂါကင်းမည်။

စားသမျှ အစာကြေနေမည်။ အိမ်ထောင်ရေးတွင် အဆင်မပြေမှုတွေ ကြုံလိမ့်မည်။ အစားအသောက် အနေအထိုင်မှစ၍ စကားများစရာများ ပေါ်လာမည်။ သူ့အလုပ်၊ ကိုယ့်အလုပ် ရှုပ်နေမည်။

ပညာရေးတွင်ဆရာကောင်း ရှာရခက်နေမည်။ ပညာသင်လိုစိတ် ပြင်းပြနေသော်လည်း သင်ပြမည့်ဆရာ မရှိဖြစ်နေမည်။ ကိုယ်ပိုင်ကြံဆ လေ့လာနေဖြစ်မည်။

အကျိုးပေးဂဏန်း (၂၊ ၅၊ ၆)

အထူးဟော လူမှုရေးအတွက်အချိန်ကုန်ရတတ်ပါတယ်။

ယတြာ သမ္ဗုဒ္ဓေဂါထာကို နေ့စဉ် ၂၁ခေါက်ရွတ်ပွားပါ။

 

သောကြာ

ဒီကာလအတွင်းခရီးသွား၊ ယာဉ်၊ ကားနှင့် အကျိုးဆောင်လုပ်ငန်းများမှ ငွေရမည်။ ဖျော်ရည်နှင့် ရေသန့် များ စပ်တူလုပ်လျှင် အောင်မြင်မည်။ စီးပွားရေး အောင်မြင်ဖြစ်ထွန်းသော အချိန်ဖြစ်သည်။

သီးနှံစိုက်ပျိုးခြင်း၊ ရောင်းဝယ်ခြင်းများလည်း လုပ်နိုင်သည်။ စာချုပ်၊ နှုတ်ကတိ မကျွံစေရန် အထူးသတိထားပါ။စကားအမှားတွေ ကြောင့် ပြဿနာအကြီးကြီးတွေဖြေရှင်းနေရလိမ့်မယ်။

ဆိုးသွမ်းတဲ့မိတ်ဆွေတွေနဲ့တွဲမိပြီးတော့ မိမိပါဒုက္ခရောက်ရ တတ်ပါတယ်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဘက်အလိုကျ လိုက်ပါပြုလုပ်ပေးနေမည်။ မကျေနပ်မှုတွေ ရင်ထဲပြည့်နေသော်လည်း ပြန်မပြောချင်လောက်အောင် ဖြစ်နေမည်။

ဘာသာရေးနှင့် အများအကျိုးပြုလုပ်ငန်းများ မိမိကဦးဆောင်လုပ်ပေးနေရတတ်ပါတယ်။ ကျန်းမာရေးကတော့အရေပြားပေါ်တွင် အဖုအပိန့်များ ပေါ်ထွက် တတ် သည်။

ရေနစ်တတ်၊ ရေချိုးမှားတတ်သည်။ မတည့်သော ဆေးဝါးတို့ကြောင့် ရောဂါတိုးမည်။ စကားကြွယ်၍ လှပသော ငယ်ရွယ်သော သူများ၏ ချစ်မြတ်နိုးမှုခံရမည်။ အချစ်ရေး ကံကောင်းနေမည်။

ချစ်သူဘဝမှ လက်ထပ်ရန် အမြန်ဆောင်ရွက် ဖြစ်မည်။ ပညာရေးမှာတော့ကြည်နူးလှပသော ပညာရပ်များကို သင်ယူဖြစ်မည်။ အလှပြင် အနုပညာ၊ အထည်ချုပ်၊ ပန်းချီ စသည်ဖြင့် လိုက်ဖက်မည့် အတတ်တစ်ခု သင်ယူဖြစ်မည်။

အကျိုးပေးဂဏန်း ( ၂၊ ၇၊ ဝ)

အထူးဟော လူမိုက်တွေနှင့်မပေါင်းမိပါစေနဲ့။

ယတြာ ဒိန်ချဉ်ဘုရားကပ်လှူဆုတောင်းပါ။

 

စနေ

ဒီကာလအတွင်းရွေးချယ်ရခက်သောအချိန်ဖြစ်သည်။ ဈေးကွက်လုယူမှုကို ခံရမည်။ နာမည်ကြီးသော် လည်း ဝင်ငွေနည်း နေမည်။ သူတစ်ပါးကို ကူညီပေးခြင်းဖြင့် အကျိုးအမြတ်ရမည်။

ကြော်ငြာခြင်းကြောင့် ငွေပိုကုန်မည်။ မိသားစုဝင်များ ကိုယ်စီလုပ်ငန်းများမှ ငွေရမည်။ အသက်ကြီးတဲ့ဆွေမျိုးသားချင်းများဆေးကုရန် အိမ်ရောက်လာမည်။ တွေးပါ။အနုစိပ်အသေးစိပ်အလုပ်တွေဦးစားပေးလိုက်ပါ။

ထီဆုကြီးပေါက်တတ်၍ ထီကံစမ်း စေချင်ပါတယ်။ကျန်းမာရေးကတော့ဘယ်ဘက်ခြေသလုံး ဒဏ်ရာအနာတရဖြစ်မည်။ စက်ပစ္စည်းကို အသုံးပြုမှု ကြောင့် ဖြစ်မည်။ ခြေချော်လဲနိုင်သည်။

တည်ငြိမ်နေသော အိမ်ထောင်ရေးသည် ဆွေမျိုးများ၏ ပါဝင်စွတ်ဖက်မှု ကြောင့် စကားများမည်။ သားသမီးတို့၏ ပညာရေးကို စိတ်တူကိုယ်တူ ဖြည့်ဆည်းပေးဖြစ်မည်။ ချစ်သူနှစ်ယောက် ပြိုင်တူ တွေ့ရှိမည်။

အချစ်ဟောင်း၏ နှောက်ယှက်မှု သို့မဟုတ် ၎င်း၏ အပူဒုက္ခကို မျှဝေခံစားရမည်။ ပညာရေး ကံကတော့ ဘာသာရေးပညာများ လေ့လာဖြစ်မည်။ ပညာသင်ရန် ပြည့်စုံသော်လည်း မှတ်သားရခက်နေမည်။

အလုပ်နှင့် ပညာရပ် တခြားစီးဖြစ်နေမည်။ မိသားစု အလိုကျ သင်နေရသော်လည်း ဝါသနာမပါ ဖြစ်နေမည်။

အကျိုးပေးဂဏန်း ( ၂၊ ၅၊ ၆)

အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။

ယတြာ နွမ်းပါးသူကို ဖိနပ်တစ်ရံ လှူဒါန်းလိုက်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Phone: 09 775 555 695/ 09 445 555 695

 

Zawgyi ျဖင့္ဖတ္ရန္...

တနဂၤေႏြ

ဒီလိုကာလမ်ိဳးမွာေတာ့ေငြလဲရ၊ ေငြလဲကုန္မည္။ စိန္မ်ား ဝယ္ယူမယ္ဆိုပါကစိတ္ခ်ရတဲ့ေနရာကဝယ္ယူပါ။ ဖခင္၏အလုပ္ကူလုပ္ေပးရျခင္း သို႔မဟုတ္ အထက္လူႀကီးအလုပ္ေတြကိုကူညီေျဖရွင္းေပးရတတ္ပါတယ္။

စက္မႈ၊ လွ်ပ္စစ္ႏွင့္ စပ္ေသာ လုပ္ငန္းမ်ား အဆင္ေျပလာတတ္ပါတယ္။ေဆြမ်ိဳး၊ တပည့္မ်ား၏ ကူညီမႈရမည္။ အိမ္၊ ႐ုံးခန္း၊ အေဆာက္အဦးတို႔ကို အလွျပဳျပင္ရမည္။ အလုပ္ကိစၥေၾကာင့္ မိသားစုနဲ႕ခြဲခြာေနရမည္။

က်န္းမာေရးတြင္ လက္သည္း၊ ေျခသည္း လွီးျဖတ္ရာမွ အနာတရျဖစ္မည္။ေျခစြယ္ငုတ္တာမ်ိဳးလဲျဖစ္ရတတ္ပါတယ္။ အလုပ္ခြင္မွာ လူခ်စ္လူခင္မ်ားလာတတ္ပါတယ္။

အလွျပင္ေဆးမ်ားေၾကာင့္ အေရျပားထိခိုက္တတ္ပါတယ္။ မသုံးဖူးတဲ့ပစၥည္းသစ္ဆို သတိထားလိုက္ပါ။ အိမ္ေထာင္ဖက္အတြက္ ဂုဏ္တက္ေနမည္။ သာယာေသာမိသားစုကိုဖန္တီးနိုင္မယ့္ ကာလပါပဲ။

အခ်စ္ေရးတြင္ ဝိုင္းဝန္းကူညီေပးသူမ်ား ေပါမ်ားေနမည္။ အခ်စ္ေရးအဆင္မေျပသူမ်ားၾကားလူက ေျဖရွင္းေပး မႈေၾကာင့္အဆင္ေျပသြားတတ္ပါတယ္။

ပညာေရးတြင္ နာမည္ႀကီးေသာ္လည္း ထင္သလို ျဖစ္မလာ၊ ေျဖနိုင္သည္ဟု ထင္ၿပီးကာမွ အမွားမ်ားစြာ ေတြ႕ျဖစ္မည္။ဆရာ၊ မိဘ၏ ကူညီမႈရေသာ္လည္း ကိုယ္တိုင္ကေပါ့ ေလ်ာ့ေနမည္။

အက်ိဳးေပးဂဏန္း (၃၊ ၄၊ ၅ )

အထူးေဟာ လူခ်စ္လူခင္မ်ားေနမည္။

ယၾတာ နာရီအေဟာင္း၊ဓာတ္ခဲအပ်က္ေတြရွိရင္ အမႈႈႈိက္ေတာင္းထဲထည့္လိုက္ပါ။

 

တနလၤာ

ဒီကာလအတြင္းအဆက္အသြယ္အလြန္ေကာင္းေနမည္။ မိမိ၏အတတ္ပညာႏွင့္ ကြၽမ္းက်င္ေသသပ္မႈ ေၾကာင့္ လုပ္ငန္းလာအပ္သူေတြ မ်ားေနမည္။ လုပ္ခဲ့ၿပီးေသာ အလုပ္မ်ားမွ ရေငြမ်ား ေလ်ာ့က်ေနမည္။

လုပ္ရသ ေလာက္အရနည္းမည္။ အခ်ိဳ႕အလုပ္မ်ား အေႂကြးက်ရမည္။ ကိုယ္ပိုင္လုပ္ငန္း မ်ားမွ ေအာင္ျမင္မႈရမည္။ စိတ္ေက် နပ္၍ အားရေသာအခ်ိန္ျဖစ္မည္။ဒါေပမယ့္စပ္တူအလုပ္ေတြ အဆင္မေျပတတ္ပါ။

ဝန္ထမ္းမ်ားဖိအားေတြကို မခံနိုင္ဘဲအလုပ္ထြက္ခ်င္ေနမည္။ ငယ္႐ြယ္သူမ်ား အခ်စ္ေရး ကံေခေနမည္။ အလုပ္လုပ္ရင္း သို႔မဟုတ္ သင္တန္းတတ္ရင္း ခ်စ္သူသစ္ရရွိမည္။

ဒါေၾကာင့္လက္ရွိခ်စ္သူနဲ႕ျပႆနာတတ္လိမ့္မယ္။ မိမိကဆင္ျခင္ေနပါ။ အိမ္ေထာင္ေရးမွာေတာ့ လင္ႏွင့္မယား လွ်ာႏွင့္ သြားအတိုင္းပင္။

အလုပ္ကိုယ္စီ လုပ္ကိုင္ေနသူအိမ္ေထာင္ရွင္ မ်ားအတြက္ ဘာမွမျဖစ္၊ နီးလွ်င္ ေတာ့တက်က္က်က္၊ နားလည္မႈလြဲ၊ စိတ္သေဘာထားျခင္း မတိုက္ဆိုင္သည္က မ်ားေနမည္။

သားသမီးတို႔အေပၚအားမရ စိတ္တိုင္းမက် ျဖစ္ေနမည္။ ေအးခ်မ္းစြာ ပညာသင္ယူျဖစ္မည္။ ဆရာမ်ား ၏ ခ်စ္ခင္မႈကို ရရွိမည္။ ဘြဲ႕လက္မွတ္မ်ား၊ သင္တန္းဆင္းလက္မွတ္မ်ား ရရွိမည္။

အက်ိဳးေပးဂဏန္း (၆၊ ဝ၊ ၇)

အထူးေဟာ ေငြမဝင္သေလာက္ျဖစ္ေနမည္။

ယၾတာ ဘုရားေစတီမွာ ေရသက္ေစ့လႉ၍ ဆုေတာင္းပါ

 

အဂၤါ

ဒီကာလအတြင္းအင္အားအျပည့္ အလုပ္လုပ္ရမည္။ ဒါမွမဟုတ္စိတ္ကူးယဥ္တာေတြမ်ားၿပီးဘာမွမလုပ္ျဖစ္ အခ်ိန္ေတြကုန္ ေနမည္။ ဆရာမ်ား၊ လုပ္ငန္းရွင္မ်ား၏ ကူညီမႈ၊ အလုပ္ေပးမႈကို ရရွိမည္။

ကိုယ္တိုင္က အလုပ္ အေပၚေခ်းမ်ား ေနမည္။ ေငြမရေသာ္လည္း သူတစ္ပါး၏ အလုပ္မ်ားကို ကူညီေနရမည္။ ေ႐ြးခ်ယ္မႈ မွန္ကန္ရန္ႏွင့္ ကိုယ့္ဘဝကိုယ္ နားလည္ရန္ အလိုအပ္ဆုံး အခ်ိန္ျဖစ္သည္။

မိဘမ်ား၏ စည္းကမ္းထိန္းခ်ဳပ္မႈကို ခ်ဳပ္ခ်ယ္တယ္၊ မိမိကိုအလိုမလိုက္ဘူးလို႔ထင္ေနမိတတ္ပါတယ္ မိတ္ေဆြမ်ားရဲ႕ အမႈကိစၥ လိုက္ေပးေနရသည့္ အတြက္အိပ္ေရး ပ်က္ လူႏုန္းေနလိမ့္မယ္။

အားအင္ကုန္ခမ္းမည္။ အျခားေရာဂါသစ္ မရွိ။ အိပ္ခ်ိန္စားခ်ိန္မွန္ရင္ေတာ့ က်န္းမာေရး အညံ့မရွိနိုင္ပါ။

အိမ္ေထာင္ဖက္၏ ေရာင့္ရဲမႈကို ဝမ္းသာေနရမည္။ မရွိအတူ၊ ရွိအတူ ေက်နပ္ေနမည္။ ႏွစ္ေယာက္ တစ္မ်က္ႏွာျဖင့္ အစစအရာရာ နားလည္မည္။

အခ်စ္ေရးတြင္ သူငယ္ခ်င္းအဆင့္မွ ခ်စ္သူအဆင့္အထိ ကူးေျပာင္းလာ မည္။ အခ်စ္ႏွင့္ ပတ္သက္၍ ထင္ထားတာထက္ ပိုမိုနာမည္ႀကီးမည္။

ပညာေရးကေတာ့အားကစားႏွင့္ လက္ေတြ႕ အသုံးခ်ပညာရပ္ မ်ား ကို သင္ယူျဖစ္မည္။ မိတ္ေဆြမ်ားအား တဆင့္ ျပန္လည္သင္ၾကားေပးျဖစ္မည္။

အက်ိဳးေပးဂဏန္း (၁၊ ၃၊ ၆)

အထူးေဟာ ကံအေကာင္းအဆိုးမွ်ေနတတ္ပါတယ္။

ယၾတာ မိမိ႐ြတ္ေနက်ဂါထာတစ္ပုဒ္ကို အဓိ႒ာန္ဝင္လိုက္ပါ။

 

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္းမွာေတာ့နိုင္ငံျခားမွျပန္လာသူ သို႔မဟုတ္ အစိုးရအလုပ္မွ ပင္စင္ယူၿပီးသူတို႔ႏွင့္ စပ္တူ တြဲဖက္၍ အလုပ္လုပ္ရ တတ္သည္။ အက်ိဳးေဆာင္ စပ္တူလုပ္ငန္းမ်ားမွ ေငြဝင္မည္။ ကိုယ္ပိုင္လုပ္ရန္ ခက္ခဲမည္။

ပညာေရးအက်ိဳးေဆာင္ႏွင့္ ခရီးသြားဘာသာျပန္လုပ္ငန္းမ်ားတြင္ အဆင္ေျပမႈေတြႀကဳံရမည္။ မိမိကိုယ္တိုင္က ဒီကာလမွာစိတ္ပါရာ၊ ဝါသနာ ပါရာကိုသာ ဦးစားေပးေနျဖစ္မည္။

မိတ္ေဆြေကာင္းေတြဆီက အႀကံဉာဏ္ေကာင္း ေတြ၊ထိေရာက္တဲ့အကူအညီေတြရလာတတ္ပါတယ္။ အခ်စ္ေရးတြင္ ၾကားလူစကားေၾကာင့္ ေျဖရွင္းေနရမည္။ ကြဲလုဆဲဆဲ အခ်စ္ေရးကို ထိန္းေနရမည္။

စိတ္လိုက္မာန္ပါ စကားကြၽံပါက ႏႈတ္မရ လမ္းခြဲျဖစ္လိမ့္မည္။ တပည့္လက္သားမ်ားရဲ႕လက္လႊတ္စပယ္လုပ္မႈေၾကာင့္ စိတ္ပန္း၊ ကိုယ္ပန္းျဖစ္မည္။ က်န္းမာေရးကေတာ့အညံ့မရွိ ပါ။ ေဒါင္ေဒါင္ျမည္ေကာင္းေနတတ္ပါတယ္။

အိမ္ေထာင္ေရးတြင္ ေအးေဆးတည္ၿငိမ္ေနမည္။ သားသမီးမ်ား၏ တာဝန္မ်ားကို လုပ္ေပးေနျဖစ္မည္။ ဘဝေရွ႕ေရးအတြက္ စိတ္ကူးကိုယ္စီျဖင့္ တည္ေဆာက္ေနျဖစ္မည္။ ပညာမ်ိဳး စုံသင္ယူေနျဖစ္မည္။

မည္သည့္ ပညာမွဆုံးခန္းတိုင္ေအာင္ မေရာက္ဘဲရွိေနမည္။ အလုပ္ႏွင့္ မဆိုင္ေသာ ပညာမ်ားကို ေလ့လာျဖစ္မည္။

အက်ိဳးေပးဂဏန္း (၁၊ ၄၊ ၆)

အထူးေဟာ အလုပ္အကိုင္အခြင့္အလမ္းေတြေပၚလာတတ္ပါတယ္။

ယၾတာ အိမ္ေရွ႕လမ္းကိုမနက္ေစာေစာသန႔္ရွင္းေရးထလုပ္ပါ။

 

ၾကာသပေတး

ဒီကာလအတြင္းလုပ္သမွ် အျမတ္နည္းေနမည္။ ကုန္က်စရိတ္ေတြမ်ားေနမည္။ ဝန္ထမ္းအခက္အခဲႀကဳံ မည္။ စက္ပစၥည္း မ်ားပ်က္တက္၊ ျပဳျပင္ရမႈေၾကာင့္ ေငြကုန္မ်ားေနမည္။

ႏွစ္မ်ားစြာ ရင္းႏွီးျမဳပ္ႏွံထားေသာ ပစၥည္းမ်ားမွ အျမတ္မ်ား ရလာမည္။ ကိုယ္တက္စြမ္းထားေသာ ပညာရပ္မ်ားဒီကာလမွာ အသုံးဝင္လာမည္။

ကိုယ္ပိုင္အလုပ္ထက္ ဝန္ထမ္း ႏွင့္ စပ္တူရွယ္ယာမ်ားက ပိုမိုအက်ိဳးေပးမည္။လူမႈေရး၊သာေရး၊နာေရးကိစၥေတြ ေၾကာင့္ခရီးမ်ားေနတတ္ပါတယ္။အေရးႀကီးတဲ့ကိစၥေတြကိုလွ်ို႔ဝွက္ထားပါ။

သူမ်ားေတြကို ေျပာျပမိရာကစလို႔ ျပႆနာတတ္ရတတ္ပါတယ္။ အေဝးေရာက္ခ်စ္သူကို လြမ္းေနရမည္။

ခ်စ္သူရွိလ်င္လည္း အေဝးသို႔ခရီး သြားရန္ ျပင္ဆင္ေနျဖစ္မည္။ ခ်စ္သူအတြက္ လက္ေဆာင္ေပးျဖစ္မည္။ က်န္းမာေရးေကာင္းေနမည္။ ရာသီဥတု ဒဏ္ကို ခံရည္။ ဥတုအလိုက္ေနတတ္လွ်င္ ေရာဂါကင္းမည္။

စားသမွ် အစာေၾကေနမည္။ အိမ္ေထာင္ေရးတြင္ အဆင္မေျပမႈေတြ ႀကဳံလိမ့္မည္။ အစားအေသာက္ အေနအထိုင္မွစ၍ စကားမ်ားစရာမ်ား ေပၚလာမည္။ သူ႕အလုပ္၊ ကိုယ့္အလုပ္ ရႈပ္ေနမည္။

ပညာေရးတြင္ဆရာေကာင္း ရွာရခက္ေနမည္။ ပညာသင္လိုစိတ္ ျပင္းျပေနေသာ္လည္း သင္ျပမည့္ဆရာ မရွိျဖစ္ေနမည္။ ကိုယ္ပိုင္ႀကံဆ ေလ့လာေနျဖစ္မည္။

အက်ိဳးေပးဂဏန္း (၂၊ ၅၊ ၆)

အထူးေဟာ လူမႈေရးအတြက္အခ်ိန္ကုန္ရတတ္ပါတယ္။

ယၾတာ သမၺဳေဒၶဂါထာကို ေန႕စဥ္ ၂၁ေခါက္႐ြတ္ပြားပါ။

 

#ေသာၾကာ

ဒီကာလအတြင္းခရီးသြား၊ ယာဥ္၊ ကားႏွင့္ အက်ိဳးေဆာင္လုပ္ငန္းမ်ားမွ ေငြရမည္။ ေဖ်ာ္ရည္ႏွင့္ ေရသန႔္ မ်ား စပ္တူလုပ္လွ်င္ ေအာင္ျမင္မည္။ စီးပြားေရး ေအာင္ျမင္ျဖစ္ထြန္းေသာ အခ်ိန္ျဖစ္သည္။

သီးႏွံစိုက္ပ်ိဳးျခင္း၊ ေရာင္းဝယ္ျခင္းမ်ားလည္း လုပ္နိုင္သည္။ စာခ်ဳပ္၊ ႏႈတ္ကတိ မကြၽံေစရန္ အထူးသတိထားပါ။စကားအမွားေတြ ေၾကာင့္ ျပႆနာအႀကီးႀကီးေတြေျဖရွင္းေနရလိမ့္မယ္။

ဆိုးသြမ္းတဲ့မိတ္ေဆြေတြနဲ႕တြဲမိၿပီးေတာ့ မိမိပါဒုကၡေရာက္ရ တတ္ပါတယ္။ အိမ္ေထာင္ေရးတြင္ အိမ္ေထာင္ဘက္အလိုက် လိုက္ပါျပဳလုပ္ေပးေနမည္။ မေက်နပ္မႈေတြ ရင္ထဲျပည့္ေနေသာ္လည္း ျပန္မေျပာခ်င္ေလာက္ေအာင္ ျဖစ္ေနမည္။

ဘာသာေရးႏွင့္ အမ်ားအက်ိဳးျပဳလုပ္ငန္းမ်ား မိမိကဦးေဆာင္လုပ္ေပးေနရတတ္ပါတယ္။ က်န္းမာေရးကေတာ့အေရျပားေပၚတြင္ အဖုအပိန႔္မ်ား ေပၚထြက္ တတ္ သည္။

ေရနစ္တတ္၊ ေရခ်ိဳးမွားတတ္သည္။ မတည့္ေသာ ေဆးဝါးတို႔ေၾကာင့္ ေရာဂါတိုးမည္။ စကားႂကြယ္၍ လွပေသာ ငယ္႐ြယ္ေသာ သူမ်ား၏ ခ်စ္ျမတ္နိုးမႈခံရမည္။ အခ်စ္ေရး ကံေကာင္းေနမည္။

ခ်စ္သူဘဝမွ လက္ထပ္ရန္ အျမန္ေဆာင္႐ြက္ ျဖစ္မည္။ ပညာေရးမွာေတာ့ၾကည္ႏူးလွပေသာ ပညာရပ္မ်ားကို သင္ယူျဖစ္မည္။ အလွျပင္ အႏုပညာ၊ အထည္ခ်ဳပ္၊ ပန္းခ်ီ စသည္ျဖင့္ လိုက္ဖက္မည့္ အတတ္တစ္ခု သင္ယူျဖစ္မည္။

အက်ိဳးေပးဂဏန္း ( ၂၊ ၇၊ ဝ)

အထူးေဟာ လူမိုက္ေတြႏွင့္မေပါင္းမိပါေစနဲ႕။

ယၾတာ ဒိန္ခ်ဥ္ဘုရားကပ္လႉဆုေတာင္းပါ။

 

စေန

ဒီကာလအတြင္းေ႐ြးခ်ယ္ရခက္ေသာအခ်ိန္ျဖစ္သည္။ ေဈးကြက္လုယူမႈကို ခံရမည္။ နာမည္ႀကီးေသာ္ လည္း ဝင္ေငြနည္း ေနမည္။ သူတစ္ပါးကို ကူညီေပးျခင္းျဖင့္ အက်ိဳးအျမတ္ရမည္။

ေၾကာ္ျငာျခင္းေၾကာင့္ ေငြပိုကုန္မည္။ မိသားစုဝင္မ်ား ကိုယ္စီလုပ္ငန္းမ်ားမွ ေငြရမည္။ အသက္ႀကီးတဲ့ေဆြမ်ိဳးသားခ်င္းမ်ားေဆးကုရန္ အိမ္ေရာက္လာမည္။ ေတြးပါ။အႏုစိပ္အေသးစိပ္အလုပ္ေတြဦးစားေပးလိုက္ပါ။

ထီဆုႀကီးေပါက္တတ္၍ ထီကံစမ္း ေစခ်င္ပါတယ္။က်န္းမာေရးကေတာ့ဘယ္ဘက္ေျခသလုံး ဒဏ္ရာအနာတရျဖစ္မည္။ စက္ပစၥည္းကို အသုံးျပဳမႈ ေၾကာင့္ ျဖစ္မည္။ ေျခေခ်ာ္လဲနိုင္သည္။

တည္ၿငိမ္ေနေသာ အိမ္ေထာင္ေရးသည္ ေဆြမ်ိဳးမ်ား၏ ပါဝင္စြတ္ဖက္မႈ ေၾကာင့္ စကားမ်ားမည္။ သားသမီးတို႔၏ ပညာေရးကို စိတ္တူကိုယ္တူ ျဖည့္ဆည္းေပးျဖစ္မည္။ ခ်စ္သူႏွစ္ေယာက္ ၿပိဳင္တူ ေတြ႕ရွိမည္။

အခ်စ္ေဟာင္း၏ ေႏွာက္ယွက္မႈ သို႔မဟုတ္ ၎၏ အပူဒုကၡကို မွ်ေဝခံစားရမည္။ ပညာေရး ကံကေတာ့ ဘာသာေရးပညာမ်ား ေလ့လာျဖစ္မည္။ ပညာသင္ရန္ ျပည့္စုံေသာ္လည္း မွတ္သားရခက္ေနမည္။

အလုပ္ႏွင့္ ပညာရပ္ တျခားစီးျဖစ္ေနမည္။ မိသားစု အလိုက် သင္ေနရေသာ္လည္း ဝါသနာမပါ ျဖစ္ေနမည္။

အက်ိဳးေပးဂဏန္း ( ၂၊ ၅၊ ၆)

အထူးေဟာ ကံျမင့္မားေနပါလိမ့္မယ္။

ယၾတာ ႏြမ္းပါးသူကို ဖိနပ္တစ္ရံ လႉဒါန္းလိုက္ပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

Phone: 09 775 555 695/ 09 445 555 695

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Wednesday, 05 February 2020 11:50
Rate this item
(2 votes)
Tagged under