ကိုယ့်ဘက်ကအရင်ဇာတ်လမ်းစတတ်တဲ့မိန်းကလေးများဟာအချစ်ရေးမှာကံကောင်းတယ်လို့သိရ

ကိုယ့်ဘက်ကအရင်ဇာတ်လမ်းစတတ်တဲ့မိန်းကလေးများဟာအချစ်ရေးမှာကံကောင်းတယ်လို့သိရ google.com

ပထမဆုံး Date မှာဘယ်သူ့ဖက်ကဇာတ်လမ်းစတာလဲဆိုတာ အရေးပါလားဆိုတဲ့မေးခွန်းတစ်ခုရှိပါတယ်။ ဒီမေးခွန်းကိုအဖြေပေးဖို့အတွက်

အချစ်ရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များက စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဒီလိုစစ်တမ်းကောက်ယူမှုမှာ စုံတွဲ ၃ တွဲထဲကအနည်းဆုံး ၁ တွဲမှာတော့ မိန်းကလေးဘက်က ဇာတ်လမ်းစပြီး မက်ဆေ့ခ်ျပို့ခြင်းကြောင့် ချစ်ကြိုက်ခဲ့ကြတယ်လို့သိရပါတယ်။

 

ဒီလိုချစ်ကြိုက်ခဲ့တဲ့အတွဲမှာဆိုရင်လည်း မိန်းကလေးအများစုကကံကောင်းကြတယ်လို့ထပ်မံသိရပါတယ်။ ဒီစစ်တမ်းကောက်ယူမှုဟာ ဆိုရှယ်မီဒီယာပေါ်တွင် ရင်းနှီးခင်မင်ခြင်းများကိုအဓိကစစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပြီး ၁ နှစ်ကျော်ကြာချစ်ကြိုက်ခဲ့ကြတဲ့ စုံတွဲ ၁၀၀ ခန့်ကိုစူးစမ်းလေ့လာပြီး စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။

 

7cb4793f cffa 4abc aa69 92644a467364

 

အချစ်ရေးကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ မက်ဒီလိန်းမေဆင် ဆိုတဲ့အမျိုးသမီးရဲ့အဆိုအရ အွန်လိုင်းတွင်သာမက ပြင်ပလောကမှာပါ မိန်းကလေးဘက်ကဇာတ်လမ်းစခြင်းမျိုးတွေရှိတယ်လို့သိရပါတယ်။ မက်ဒီလိန်းမေဆင်က “မိန်းကလေးဘက်က ရေလာမြောင်းပေးလုပ်တဲ့အမူအရာတွေဖြစ်တဲ့ ပြုံးပြတာတို့၊ ခေါင်းလေးညိတ်ပြတာတို့၊ ဆံပင်လေးတွေကို သပ်ပြတာတို့ကို မလုပ်ပြမခြင်း ယောင်္ကျားလေးတွေက သူစိမ်းမိန်းကလေးတွေကို ချဉ်းကပ်ဖို့မ၀ံ့ရဲကြပါဘူး၊ ဒီလိုအမူအရာတွေကို ကိုယ်သဘောကျတဲ့ကောင်လေးရှေ့ရောက်ရင် အလိုလိုလုပ်ပြမိနေတာလည်း ကျွန်မတို့ရဲ့မွေးရာပါဗီဇလို့တောင်ပြောလို့ရပါတယ်” လို့ The Independent သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

 

မိန်းကလေးဘက်က ဇာတ်လမ်းစလိုက်ခြင်းကြောင့် ကိုယ်သဘောကျတဲ့ကောင်လေးကိုလည်း ရမယ်။ သူကလည်း ကိုယ့်ကိုသဘောကျပြီးသားဆိုရင် ပြီးပြည့်စုံတဲ့အချစ်ရေးကိုပိုင်ဆိုင်နိုင်မှာပါ။ ဒါ့ကြောင့် ဒီလိုမိန်းကလေးတွေအတွက် ချစ်သူရကံကောင်းတယ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီအချက်အလက်တွေဟာ ကိန်းဂဏန်းအပေါ်မူတည်နေတာဖြစ်တဲ့အတွက် လူတိုင်းနဲ့တော့ကိုက်ညီမှာမဟုတ်ပါဘူးလို့ မက်ဒီလိန်းမေဆင်က ထပ်မံပြောကြားခဲ့ပါတယ်။

 

Read More: ချစ်သူလိုတစ်မျိုးမိခင်လိုတစ်မျိုးချစ်နိုင်တဲ့မိန်းကလေးတွေဆိုတာ
237290 fotolia 62863647 s x450

                             

                                                                                  Author – Nyi Min Khant

Read times Last modified on Wednesday, 19 September 2018 10:52
Rate this item
(2 votes)
Tagged under