သည်းသည်းမည်းမည်းအချစ်ခံချင်ရင် မောင်လေးတွေကိုရွေးချယ်လိုက်ပါ

သည်းသည်းမည်းမည်းအချစ်ခံချင်ရင် မောင်လေးတွေကိုရွေးချယ်လိုက်ပါ google.com

မမနဲ့မောင်လေး ဇာတ်လမ်းကတော့ နေရာတိုင်းလိုလိုမှာ တွေ့နေ၊ ကြားနေရသလို မခွဲတမ်းစွဲစွဲမြဲမြဲချစ်ကြတဲ့

စုံတွဲတွေဟာလည်း မမနဲ့မောင်လေးတွေပါပဲ။ ဒီတော့ သည်းသည်းမည်းမည်းချစ်မယ့် မောင်လေးတွေကို ဘာကြောင့်ရွေးချယ်သင့်လဲဆိုတာ ကြည့်လိုက်ရအောင်နော်။

 

မောင်လေးတွေက မမတွေကိုအရူးအမူးချစ်တတ်ကြပါတယ်။ သူတို့ကိုယ်တိုင်က ကလေးဆန်သလောက် တည်ငြိမ်ရင့်ကျက်ပြီး ကိုယ့်ကိုကိုယ်ထိန်းကျောင်းနိုင်တဲ့အရည်အချင်းရှိတဲ့ မမတွေကိုတော့ အတော်လေးသဘောကျတတ်ကြပါတယ်။

 

မောင်လေးတွေနဲ့ ချစ်မိပြီဆိုရင်တော့ အမြဲတမ်းသ၀န်တိုခံနေရမှာအသေအချာပါပဲ။ မမဘယ်ရောက်နေလဲ ဘာတွေလုပ်နေလဲ၊ ဘယ်သူတွေက မမကိုအီစီကလီလုပ်နေလဲဆိုတာ တစ်ချိန်လုံးလိုက်လံစုံစမ်းတတ်ပါတယ်။ တခြားယောင်္ကျားလေးတွေနဲ့ အလုပ်သဘောအရပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေးအရပဲဖြစ်ဖြစ် ရင်းနှီးနေတာကို မကြိုက်ဘဲ စိတ်ကောက်တတ်ကြတဲ့ ချစ်သူကောင်လေးတွေပါ။

 

မောင်လေးတွေဟာ သူတို့ရဲ့ချစ်သူမမ ကိုဂရုစိုက်တတ်ကြတဲ့သူတွေလည်းဖြစ်ပါတယ်။ ချစ်သူရဲ့လိုအင်ဆန္ဒကို တတ်နိုင်သလောက်ဖြည့်ဆည်းပေးပြီး မမ မျက်နှာပျက်မှာကိုမလိုလားတတ်ကြတဲ့မောင်လေးတွေပါ။ သေချာတာကတော့ သူတို့က ချစ်သူမမကို ဘယ်တော့မှ အထက်စီးဆန်တဲ့ စကားတွေနဲ့ အမိန့်ပေးတာမျိုးလုပ်မှာမဟုတ်ပါဘူး။

 

မောင်လေးတွေက စကားလုံးလှလှလေးတွေ၊ ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့လည်း ချွဲတတ်ကြပါတယ်။ ကလေးတစ်ယောက်ကို ချစ်သူမမ အပေါ်မှာ ဆိုးတတ် နွဲ့တတ်တဲ့မောင်လေးတွေကို ချစ်သူအဖြစ်ရွေးချယ်မယ်ဆိုရင်တော့ မမတို့အတွက် သေချာပေါက်ပျော်ရွှင်ရမှာ အမှန်ပါပဲ။

 

Source – Aunty May

 

Read More: ကောင်မလေးတွေသ၀န်တိုတဲ့အခါဘယ်လိုအပြုအမူတွေလုပ်တတ်လဲ
maxresdefault 1

Read times Last modified on Wednesday, 19 September 2018 10:46
Rate this item
(1 Vote)