ရိုးရှင်းတဲ့ အလှအပဆိုင်ရာထိန်းသိမ်းမှုနည်းလမ်းများ…
ရိုးရှင်းတဲ့ အလှအပဆိုင်ရာထိန်းသိမ်းမှုနည်းလမ်းများ… google
အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကိုအလှအပဆိုင်ရာထိန်းသိမ်းမှုနည်းဗျူဟာလေးတွေကိုဝေမျှပေးချင်ပါတယ်။
မိတ်ကပ်လိမ်းမှလှတာမျိုးမဟုတ်ဘဲအစိတ်အပိုင်းတစ်ခုချင်းစီကိုသေချာလှပအောင်ပြုလုပ်လို့ရနိုင်မယ့်နည်းလမ်းလေးတွေဖြစ်တာကြောင့်အားလုံးပဲလိုက်ပါလုပ်ဆောင်နိုင်ဖို့မျှော်လင့်ပါတယ်နော်။
ကဲဘယ်လိုနည်းလမ်းလေးတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။
မျက်ခုံးမွှေးလေးတွေကိုသေချာပုံသွင်းပေးဖို့လိုအပ်သလိုထိန်းသိမ်းဖို့လည်းလိုအပ်ပါတယ်နော်။
မျက်ခုံးမွှေးလေးတွေကို Bio-oil (သို့မဟုတ်) Vaselin ကို ညတိုင်းလိမ်းအိပ်ပါ။နှစ်ရက်လောက်နေရင် မျက်ခုံးမွှေးလေးတွေ ထူလာတာကို တွေ့ရမှာပဲဖြစ်ပါတယ်။
မျက်ကွင်းညိုတာတွေနဲ့ မျက်လုံးတဝိုက်က အရေးအကြောင်းတွေကို လျှော့ချဖို့အတွက်ကတော့ အာလူးက အကောင်းဆုံးပါပဲနော်။
အာလူးကိုခပ်ပါးပါးလေးလှီးပြီးမျက်လုံးတဝိုက် ၁၀မိနစ်လောက် အုပ်ထားပေးပါ။နေ့တိုင်းပြုလုပ်လို့ရတာဖြစ်လို့ တစ်ပတ်လောက်နေရင်ကို သိသာတဲ့ ရလာဒ်ကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။
Makeup Remover အပြင်းစားတွေသုံးမယ့်အစား သံလွင်ဆီ(သို့မဟုတ်)အုန်းဆီကို Cotton Pad (သို့မဟုတ်) တစ်ရှူးမှာ စွတ်ပြီး Eyeliner,Eye Shadow၊ နှုတ်ခမ်းနီနဲ့ မိတ်ကပ်တွေကို အလွယ်တကူဖက်လို့ရပါတယ်နော်။
ဆီဖြစ်တာကြောင့် Makeup Remover လို အသားအရေခြောက်သွေ့စေတဲ့ပြဿနာလည်းရှိမှာမဟုတ်ပါဘူးနော်။
နှုတ်ခမ်းလေးတွေကို သကြားနဲ့ပွတ်တိုက်ပေးပါ။ပြီးရင်တော့ lip balm လေးလိမ်းအိပ်ပါနော်။ဒီနည်းလမ်းလေးက နှုတ်ခမ်းမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး နှုတ်ခမ်းသားလေးကိုနူးညံံ့စေမှာပဲဖြစ်ပါတယ်။
Reference: huffpost.com
Fitness Centre (200)
Zawgyi
Fitness Centre (200)
Myanmar Wedding Guide
1we
Read times Last modified on Friday, 28 February 2020 12:07
Rate this item
(0 votes)