သတို့သမီးလေးတို့ လက်ကိုင်ပန်းအတွက် ပန်းအမျိုးအစားဘယ်လိုရွေးမလဲ

သတို့သမီးလေးတို့ လက်ကိုင်ပန်းအတွက် ပန်းအမျိုးအစားဘယ်လိုရွေးမလဲ google.com

ပန်းအမျိုးအစားရွေးတဲ့အခါမှာ ပုံစံအမျိုးမျိုး၊ ပန်းအမျိုးမျိုး ရွေးချယ်နိုင်ပါတယ်။ လက်ပွေ့ပန်းပုံစံ၊ ရေတံခွန် ပုံစံ၊ အဝိုင်းပုံစံဆိုပြီးရှိပါတယ်။

 

မင်္ဂလာပွဲမှာ ဧည့်သည်တွေအားလုံးရဲ့ အာရုံကသတို့သမီးလေးဆီ အများဆုံးရောက်နေမှာဖြစ်တာကြောင့် သတို့သမီးလေးတို့ပုံမှန်ထက် နှစ်ဆလှပနေဖို့လိုအပ်ပြီး သတို့သမီးလေးတို့အနေနဲ့ ဝတ်စုံ၊ ဆံထုံး၊ ဖိနပ်အပြင် လက်ကိုင်ပန်းတွေပါ အဆင်ပြေနေအောင် ကြိုတင်ပြင်ဆင်ရမှာပါ။ ကြိုတင်ပြင်ဆင်ရတဲ့ ကိစ္စတွေထဲကမှ လက်ကိုင်ပန်းအမျိုးအစား ရွေးချယ်တာနဲ့ပတ်သက်ပြီး ဝေမျှချင်ပါတယ်။

 

လက်ကိုင်ပန်းအတွက် ပန်းအမျိုးအစားရွေးတဲ့အခါမှာ ပုံစံအမျိုးမျိုး၊ ပန်းအမျိုးမျိုး ရွေးချယ်နိုင်ပါတယ်။ လက်ပွေ့ပန်းပုံစံ၊ ရေတံခွန်ပုံစံ၊ အဝိုင်းပုံစံဆိုပြီး ရှိပါတယ်။ သတို့သမီးလေးတို့ ဝတ်စုံရဲ့ အရောင်နဲ့လိုက်ဖက်တဲ့ လက်ကိုင်ပန်းလည်း ဖြစ်ဖို့လိုပါတယ်နော်။

 

လက်ကိုင်ပန်းအတွက် floral service ကို စတင်ဆက်သွယ်ပြီဆိုတာနဲ့ သတို့သမီးလေးတို့ မင်္ဂလာပွဲကျင်းပမယ့်လမှာ ဘယ်ပန်းအမျိုးအစားပေါများသလဲဆိုတာ အရင်မေးပါ။ ရာသီပန်းဆိုရင်တော့ သတို့သမီးလေးတို့ ကုန်ကျစရိတ်လည်း သက်သာသွားမှာပါ။ လက်ကိုင်ပန်းပုံစံကိုလည်း ရွေးချယ်ရမှာဖြစ်တဲ့အတွက် သစ်ခွပန်းဆိုရင်တော့ ရေတံခွန်ပုံစံလေး အဆင်ပြေပါတယ်။ ဘိသိတ်ပန်းဆိုရင်တော့ လက်ပွေ့ပန်းပုံစံအတွက် အကောင်းဆုံးပါ။ နှင်းဆီပန်းဆိုရင်တော့ လက်ကိုင်ပန်းအဝိုင်းလေးအတွက် အကောင်းဆုံးပါ။ ဒါကြောင့် ပန်းအမျိုးအစားရွေးချယ်တဲ့အခါမှာ ဘယ်လိုပုံစံလက်ကိုင်ပန်းနဲ့ လိုက်သလဲဆိုတာပါထည့်သွင်းစဉ်းစားရမှာပါ။

 

လက်ကိုင်ပန်းအတွက် ပန်းအမျိုးအစားရွေးချယ်တဲ့အခါမှာ ပြည်ပကနေမှာယူတဲ့ပန်းဖြစ်မယ်ဆိုရင် သတိထားရမယ့်အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ ပွဲရက်နီးမှ ပန်းမရတော့ဘူး ဖြစ်တတ်တာပါ။ ဒါကြောင့် ပန်းအမျိုးအစား ရွေးမယ်ဆိုရင် ပြည်ပကပန်းကို တစ်လခွဲလောက် ကြိုတင်မှာဖို့ လိုပါတယ်။

 

လက်ကိုင်ပန်းအတွက် ပန်းရွေးချယ်တဲ့အခါ နှင်းဆီပန်းဆိုရင် ဆူးတွေပါတတ်တာကြောင့် လက်မစူးဖို့သေချာသတိထားပါ။ လက်ကိုင်ပန်းမှာ သုံးမယ့်ပန်းအမျိုးအစားရဲ့ ရနံ့ကရောတည့်ရဲ့လားဆိုတာ သေချာလေးတွေးဖို့ လိုပါတယ်။ ဒါမှသာ သတို့သမီးလေးတို့ လက်ကိုင်ပန်းလှပပြီး အဆင်ပြေမှာပါ။

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 16:43
Rate this item
(1 Vote)