လှပတဲ့မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာပေါ်ကတန်ဖိုး

လှပတဲ့မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာပေါ်ကတန်ဖိုး Forbes

မိန်းကလေးတစ်ယောက်အလှပြင်ဖို့အသုံးပြုရတဲ့ ပစ္စည်းတွေထုတ်လုပ်ထားတဲ့ကုမ္ပဏီတွေရဲ့တန်ဖိုးကဘယ်လောက်တောင်များမလဲကြည့်ရအောင်

 

(1) Brow Kit

Anastasia Beverly Hills (ABH) လို့လူသိများတဲ့ အမေရိကန်အလှကုန်ထုတ်လုပ်တဲ့ကုမ္ပဏီက Brow Kit(Eye brow) ထုတ်ကုန်ကိုအဓိကထုတ်လုပ်ပါတယ်။ ထိုကုမ္ပဏီကိုတည်ထောင်ခဲ့တဲ့သူကတော့ Anastasia Soare ဖြစ်ပြီးတော့ သူပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရှိကြောင်းသိရပါတယ်။ ထိုကုမ္ပဏီရဲ့ ဝင်ငွေကတော့ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၀၀ မီလီယံရှိကြောင်း သိရပါတယ်။

 

(2) အသားအရေအတွက် အကောင်းဆုံး SPF 50+ ပါဝင်တဲ့ CC Cream

IT Cosmetics, LLC လို့လူသိများတဲ့ကုမ္ပဏီကတော့ L’Oreal ကခွဲထွက်တာဖြစ်ပြီးတော့ 2008 ခုနှစ်မှာ Jamie Kern Lima နှင့် Paulo Lima တို့ကတည်ထောင်ခဲ့တာဖြစ်ပါတယ်။ ထိုကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ဒေါ်လာ ၄၄၀ မီလီယံဖြစ်ပြီးတော့ ထိုကုမ္ပဏီရဲ့ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၃၀၀ မီလီယံနီးပါးရှိကြောင်း သိရပါတယ်။

 

(3) Lip Kit

Kylie Comestics ကုမ္ပဏီကတော့ အမေရိကန်နိုင်ငံအခြေစိုက်ဖြစ်ပြီး Lip Kit ကိုအဓိကထုတ်လုပ်ပါတယ်။ ထိုကုမ္ပဏီကို အသက်ငယ်ဆုံးကိုယ့်ဒူးကိုယ်ချွန်လုပ်ငန်းရှင် Kylie Jenner ကပိုင်ဆိုင်ပြီးတော့ သူမရဲ့ကုမ္ပဏီတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရှိပါတယ်။ သူမကုမ္ပဏီရဲ့ဝင်ငွေကတော့ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၃၀ ရှိကြောင်း သိရပါတယ်။

 

(4) Eyelashes

Huda Beauty ကုမ္ပဏီကို 2013 ခုနှစ်က Huda Katten ကတည်ထောင်ခဲ့ပြီး Eyelashes ကိုအဓိကထုတ်လုပ်ပါတယ်။ ထိုကုမ္ပဏီပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၅၅၀ မီလီယံရှိပြီးတော့ ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ဒေါ်လာ၂၀၀ မီလီယံခန့်မှန်းခြေရှိပါတယ်။

 

(5) Creme Contour and Highlight Kit

KKW Beauty ကအဓိကထုတ်လုပ်တာကတော့ Creme Contour and Highlight Kit ပဲဖြစ်ပြီးတော့ ထိုကုမ္ပဏီကို Kim Kardashian West ကတည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ ထိုကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ဒေါ်လာ၃၅၀ မီလီယံဖြစ်ပြီးတော့ ဝင်ငွေကတော့ အမေရိကန်ဒေါ်လာ ၁၀၀ မီလီယံခန့် ရှိပါတယ်။

 

Myanmar Wedding Guide

Read times Last modified on Thursday, 07 March 2019 14:34
Rate this item
(0 votes)