သတို့သမီးဝတ်စုံဝယ်ယူသည့်အခါ မှားယွင်းနိုင်သော အချက်များ

သတို့သမီးဝတ်စုံဝယ်ယူသည့်အခါ မှားယွင်းနိုင်သော အချက်များ

သင့်အတွက် အကြံဥာဏ်ပေးနိုင်သူကို ရွေးချယ်ခြင်း

သင့်ဘ၀အတွက် အရေးကြီးဆုံးဖြစ်လို့ အကောင်းဆုံးကို ၀တ်ချင်နေမယ်ဆိုတာ သေချာပါတယ်။ အ၀တ်အစားနဲ့ပတ်သက်ပြီး အကြံပြုချက် ၁၀ ခု လောက်ရှိတာက သင်အမှန်တကယ် ၀တ်ချင်တဲ့ဝတ်စုံနဲ့ ပိုဝေးနေစေမှာပါ။ ဒါကြောင့် သတို့သမီးဝတ်စုံအတွက် အကြံပေးဖို့ လူနှစ်ယောက် လောက်ရှိရင် လုံလောက်နေပါပြီ။ သတို့သမီးအများစုက သူတို့ရဲ့ မိခင်၊ ညီအစ်မ သို့မဟုတ် အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ယောက်နဲ့ အကောင်းဆုံး ပြင်ဆင်တတ်ကြပါတယ်။ များသောအားဖြင့် သူတို့က ရင်းနှီးသူတွေ ဖြစ်လို့ သင့်ရဲ့ အနှစ်သက်ဆုံးအ၀တ်အစားကို သိကြပါတယ်။

 

မင်္ဂလာဆောင်အတွက် ဈေးဝယ်စောလွန်းခြင်း

 

ဒီနေ့ခေတ်မှာ မင်္ဂလာမောင်နှံများစွာက စေ့စပ်ပွဲကို အချိန်ကြာကြာလုပ်တာကို ကြိုက်ကြပါတယ်။ ဒါပေမဲ့ တစ်နှစ်ထက် ကြိုစောပြီး မင်္ဂလာပွဲအတွက် ဈေးဝယ်မထွက်မိပါစေနဲ့။ သင်ဝယ်ရမယ့်အရာကို မသေချာသေးဘဲ သတို့သမီး အလှပြင်ဆိုင်ကို မသွားပါနဲ့။ ဘာကြောင့်လည်းဆိုရင်၊ တချို့ပြင်ဆင်မှုတွေက သတို့သမီးဝတ်စုံပုံစံကို ထိခိုက်စေနိုင်ပါတယ်။ သတို့သမီးဝတ်စုံထက် အခြားမင်္ဂလာခန်းဝင် ပစည်းတွေနဲ့ ပတ်သက်ပြီး အရင်သိထားဖို့ အရေးကြီးပါတယ်။ အဆင်တန်ဆာအများကြီးနဲ့ သတို့သမီးဝတ်စုံဟာ ခန်းမကြီး တွေနဲ့ လိုက်ဖက်ပေမယ့် အခမ်းအနားငယ်လေးတစ်ခုနဲ့တော့ လုံးဝမလိုက်ဖက်ပါဘူး။ အခမ်းအနား အပြင်အဆင်အရောင်ကလည်း သင့်ရဲ့သတို့သမီးဝတ်စုံ အရောင်နဲ့ လိုက်ဖက်ဖို့လိုပါတယ်။ သင့်ခနာကိုယ် အလှအပအတွက် အလှပြင်ဆိုင်ကို သွားရန် လိုအပ်တာကြောင့် အချိန် မဆွဲမိပါစေနဲ့။

 

သင်မနှစ်သက်တဲ့ ၀တ်စုံကို ၀ယ်ယူခြင်း

 

မှားတတ်တဲ့ အကြီးမားဆုံးအမှားတစ်ခုကတော့ တစ်ယောက်ယောက်ရဲ့ တိုက်တွန်းမှုကြောင့် သင်မကြိုက်တဲ့ ၀တ်စုံကို ၀ယ်လိုက်မိတာပါပဲ။ သင်နဲ့အတူဈေးဝယ်ထွက်မဲ့ အပေါင်းအသင်းကို လိမာပါးနပ်စွာ ရွေးချယ်တတ်ဖို့ လိုပါတယ်။ ၀တ်စုံကို ကြိုက်ပေမယ့် ၀ယ်ဖို့မဆုံးဖြတ်နိုင်ရင်၊ ဘာမှမ၀ယ်ပဲ အိမ်ပြန်ပြီး၊ နောက်ရက်မှ ကိုယ်လိုချင်တာကို သွားဝယ်တာ ပိုကောင်း ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:44
Rate this item
(2 votes)