မိတ်ကပ် တိုးတိုး (Cover Mark) ပြောပြတဲ့ Wedding Beauty
မိတ်ကပ် တိုးတိုး (Cover Mark) ပြောပြတဲ့ Wedding Beauty
ရတနာပစ္စည်းဆင်ယင်ခြင်းမှာလည်း မြန်မာ့ရိုးရာဝတ်စုံနဲ့ အံခွင်ဝင်ကျဖြစ်မယ့် ဆင်ယင်ခြင်းမျိုးကိုသာဆောင်ရွက်ပေးပြီးပစ္စည်းရွေးခြယ်မှုအလိုက် ဈေးနှုန်းကွဲပြားမှု ရှိပါတယ်။
Unicode ဖြင့် ဖတ်ရန်
မိတ်ကပ်ဆံပင်၊ ထုံးဖွဲ့မှုအပြင်အဆင်ဟာသတို့သမီးတစ်ယောက်အတွက် အလွန်အရေးပါလှပါတယ်။ မင်္ဂလာပွဲကျင်းပခြင်းဆိုတာကလည်းမင်္ဂလာမောင်နှံ၊ သတို့သား၊ သတို့သမီးကိုပွဲထုတ်ခြင်းအခမ်းအနား ဖြစ်ပါတယ်။
နှစ်ဖက်အသိုင်းအဝိုင်းပေါင်းစုံ၊ အလွှာစုံမှ မျက်လုံးပေါင်းများစွာရဲ့ မျက်စိပသာဒတွင် လူတိုင်းလက်ခံနိုင်မယ့် အပြင်အဆင် ၊ ၀တ်စုံအဆင်တန်ဆာ ဖြစ်ရန် လိုအပ်ပါတယ်။ အဓိကလူနှစ်ဦးဖြစ်တဲ့ မောင်နှံနှစ်ဦးမှာရင်သပ် ရှုမောဖွယ်ရာရွေးချယ်မှုတွေ လိုအပ်တာကြောင့် မိတ်ကပ်အပြင်အဆင်၊ ၀တ်စုံရွေးချယ်မှုက မိမိရဲ့Impression  ဖြစ်တာကြောင့် အလွန်အရေးကြီးပါတယ်။
အန်တီတိုးရဲ့ လုပ်ငန်းကမင်္ဂလာ၊ သတို့သမီး၊ ၀တ်စုံ၊ မိတ်ကပ်နဲ့အတူ Wedding Plan ၀န်ဆောင်မှု လုပ်ကိုင်နေတဲ့အတွက် မင်္ဂလာပွဲအစီအစဉ်နဲ့ ပတ်သက်တဲ့ ၀န်ဆောင်မှု မှန်သမျှကို Customer လိုအပ်ချက်နဲ့ အညီစိတ်တိုင်းကျဆွေးနွေးပြီးပွဲဖြစ်မြောက်ရေးကိစ္စ အဝဝ၀န်ဆောင်မှုပေးဖို့ အဆင်သင့်ပြင်ထားပါတယ်။
မိတ်ကပ်လိမ်းခြယ်မှုနဲ့ ပတ်သက်လို့ ထုတ်ကုန်၊ ကုန်ပစ္စည်းတစ်ခုလိုတစ်သတ်မှတ်တည်းသတ်မှတ်ထားတာမရှိပါဘူး။  အလွှာအသီးသီးကပွဲကျင်းပမယ့်နေရာ၊ ဟိုတယ်ကွာဟချက်၊ ၀တ်စုံရွေးချယ်မှုနှုန်းထားကအမျိုးမျိုးရှိတဲ့အတွက် မိတ်ကပ် Fees ကိုပုံသေသတ်မှတ်လို့ မရပါဘူး။ Customer သုံးတဲ့အပေါ် မူတည်ပြီးလိုသလို ညှိနှိုင်းဝန်ဆောင်မှုအမျိုးမျိုးပေးရပါတယ်။
ထိုင်မသိမ်း၊ ဂါ၀န်၊ Casual ၊ ဆွမ်းကျွေး၊ လက်မှတ်ထိုးနဲ့ ဘာသာကွဲများရဲ့  လက်ထပ်ပွဲကဏ္ဍအလိုက် နှုန်းထားများကွဲပြားမှုအမျိုးမျိုးရှိနိုင်ပါတယ်။ အန်တီတိုးကတစ်နေ့တာအတွက် မင်္ဂလာပွဲချိန်တူနေရင် နှစ်ပွဲပဲလက်ခံပါတယ်။ သတို့သမီးကိုကိုယ်တိုင် ဆံထုံး၊ မိတ်ကပ် အစအဆုံး တာဝန်ယူပြင်ဆင်ပေးတာကြောင့် သတို့သမီးလေးတွေလည်းကျေနပ်စိတ် ချမ်းသာကြတယ်။ ရတနာပစ္စည်းဆင်ယင်ခြင်းမှာလည်း မြန်မာ့ရိုးရာဝတ်စုံနဲ့ အံခွင်ဝင်ကျဖြစ်မယ့် ဆင်ယင်ခြင်းမျိုးကိုသာဆောင်ရွက်ပေးပြီးပစ္စည်းရွေးခြယ်မှုအလိုက် စျေးနှုန်းကွဲပြားမှု ရှိပါတယ်။
Read times Last modified on Wednesday, 19 September 2018 14:40
Rate this item
(1 Vote)