ပျားရည်ဆမ်းခရီးအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ

ပျားရည်ဆမ်းခရီးအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ google.com

မင်္ဂလာမောင်နှံများ မင်္ဂလာပွဲဆင်နွှဲပြီးသည်နှင့်တစ်ပြိုင်နက် တူနှစ်ကိုယ်ပျော်ရွှင်ဖွယ်ခရီးအဖြစ် ပျားရည်ဆမ်းခရီးထွက်ကြလေ့ရှိပါတယ်။

အောက်တွင် မင်္ဂလာမောင်နှံ ပျားရည်ဆမ်းခရီးအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များကို ဖော်ပြထားပါတယ်။

 

() ပျားရည်ဆမ်းခရီးမထွက်ခင်အရင်ဦးဆုံးကြိုတင်လေ့လာထားရန်

ပျားရည်ဆမ်းခရီးအတွက် ထင်ရှားကျော်ကြားနာမည်ကြီးတဲ့နေရာတွေကိုလည်း ခရီးသွားလမ်းညွှန်စာအုပ်၊ မဂ္ဂဇင်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ နှင့် ၀က်ဘ်ဆိုဒ်များတွင် အရင်ဦးဆုံး ကြိုတင်၍ ဝင်ရောက်လေ့လာထားသင့်ပါတယ်။

 

() ပျားရည်ဆမ်းခရီးအတွက်နေရာရွေးချယ်ထားရန်

မင်္ဂလာဆောင်ပွဲအတွက် ပြင်ဆင်နေချိန်မှာပဲ ပျားရည်ဆမ်းခရီးအတွက်ဘယ်နေရာကိုသွားမယ်ဆိုတာ ကြိုတင်တိုင်ပင်ထားသင့်ပါတယ်။ ဥပမာ - ကမ်းခြေ၊ စွန့်စားရမယ့်ခရီး၊ သမိုင်းဝင်အမွေအနှစ်တွေ့ရှိရာဒေသ နှင့် နိုင်ငံခြားအပန်းဖြေခရီးတို့ဖြစ်ပါတယ်။

 

() အချိန်ဘယ်လောက်ကြာကြာသွားမှာလဲစဉ်းစားထားရန်

ပျားရည်ဆမ်းခရီးကို ဘယ်နှစ်ရက်သွားမှာလဲ၊ ငွေပမာဏဘယ်လောက်သုံးမလဲဆိုတာကိုလည်းစဉ်းစားသင့်ပါတယ်။ ဥရောပခရီးစဉ်ဆိုပါက (၁ဝ)ရက်မှ (၁၅)ရက်အထိ ကြာမြင့်နိုင်တာကြောင့် အချိန်တိုင်းကအရေးကြီးပါတယ်။

 

() သွားမည့်ကုန်ကျစရိတ်ကိုကြိုတင်တွက်ချက်ထားရန်

ခရီးစဉ်အတွက် အရေးအကြီးဆုံးကငွေပမာဏဖြစ်ပါတယ်။ ပျားရည်ဆမ်းခရီးအတွက်ကုန်ကျစရိတ်တွေကတော့ ကားလက်မှတ်၊ လေယာဉ်လက်မှတ်၊ ဟိုတယ်တည်းခိုစရိတ်နှင့် စားသောက်စရိတ်တို့ကို ကြိုတင်တွက်ချက်ထားသင့်ပါတယ်။

 

() ပျားရည်ဆမ်းခရီးအတွက်စာရွက်စာတမ်းများကြိုတင်ပြင်ဆင်ထားရန်

ပျားရည်ဆမ်းခရီးအတွက် ကြိုတင်စရံငွေကိုလည်းဆောင်ထားသင့်ပါတယ်။ နိုင်ငံခြားခရီးစဉ်ဆိုပါက လိုအပ်တဲ့စာရွက်စာတမ်းတွေကိုလည်းကြိုတင်ပြင်ဆင်ထားရန်လိုပါတယ်။

 

() လိုအပ်သည့်ပစ္စည်းများကြိုတင်၍စုဆောင်းထားရန်

ပျားရည်ဆမ်းခရီးအတွက် လိုအပ်သည့်ပစ္စည်းများကို အရင်ဆုံးချရေးထားသင့်ပါတယ်။ အဝတ်အစား၊ ရေမွှေးနှင့် နေလောင်ခံခရင်မ် အစရှိတဲ့ပစ္စည်းစာရင်းကိုကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

 

Myanmar Wedding Guide

Read times Last modified on Friday, 01 March 2019 15:01
Rate this item
(1 Vote)