ဟန်းနီးမွန်းအတွက်ပဲဖြစ်ဖြစ်၊Prewedding ရိုက်ကူးမှုအတွက်ပဲဖြစ်ဖြစ် အဆင်ပြေမယ့် ဗီယက်နမ်နိုင်ငံ ဟွာအမ်းမြို့က လည်ပတ်စရာနေရာများ...

ဟန်းနီးမွန်းအတွက်ပဲဖြစ်ဖြစ်၊Prewedding ရိုက်ကူးမှုအတွက်ပဲဖြစ်ဖြစ် အဆင်ပြေမယ့်  ဗီယက်နမ်နိုင်ငံ ဟွာအမ်းမြို့က လည်ပတ်စရာနေရာများ... google

အားလုံးပဲ မင်္ဂလာပါရှင်။ပရိတ်သတ်တွေအနေနဲ့ ၁၇ရာစုလောက်က အငွေ့အသက်ခံစားပြီး တရုတ်၊ ဂျပန်၊ ဥရောပ စတိုင်များပေါင်းစပ်ထားတဲ့

ဗီယက်နမ်နိုင်ငံ ဟွာအမ်းကို အလည်အပတ်မသွားကြည့်ချင်ဘူးလား။

ဗီယက်နမ် နိုင်ငံတစ်ခုလုံးမှာ လည်ပတ်စရာနေရာတွေက များပြားလွန်းတာကြောင့်တောင်ပိုင်း မြောက်ပိုင်း အလယ်ပိုင်း ဆိုပြီး ခွဲပြီး လည်ပတ်နိုင်သလို 

တကယ်တော့ တစ်နိုင်ငံလုံးကို တစ်ခါတည်းလည်ပတ်လိုက်မယ်ဆိုရင်တော့ခဏခဏ ခွဲသွားတာထက် ကုန်ကျစရိတ် သက်သာပါတယ်။

ဒီနေ့မှာတော့ ဟန်းနီးမွန်းအတွက်ပဲဖြစ်ဖြစ်၊Prewedding ရိုက်ကူးမှုအတွက်ပဲဖြစ်ဖြစ် အဆင်ပြေမယ့်

ဗီယက်နမ်နိုင်ငံ ဟွာအမ်းမြို့က လည်ပတ်စရာနေရာတွေနဲ့Myanmar Wedding Guide ပရိတ်သတ်တွေကို မိတ်ဆက်ပေးပါ့မယ်။

ဟွာအမ်းမြို့ကိုလည်ပတ်တော့မယ်ဆိုရင် UNESCO World Heritage Site အဖြစ်သတ်မှတ်ခံထားရသည့်

ဟွာအမ်းရှေးဟောင်းမြို့လေး၏ လမ်းပေါ်တွင် သွားလာရင်း အမှတ်တရ ပစ္စည်းများဝယ်ယူတာကိုအရင်ဆုံးပြုလုပ်ပေးပါ။

ပြီးရင်တော့ ယခင်ကကုန်ကူးသန်းရာမှာ အသုံးပြုခဲ့သည့် Japanese Bridgeဆီသွားရောက်လည်ပတ်ရင်အမှတ်တရဓာတ်ပုံတွေကိုဖန်တီးနိုင်ပါတယ်။

၁၈ ရာစုတွင် တရုတ်ကုန်သည်များ တည်ဆောက်ခဲ့သည့် Cantonese Assembly Hallကိုလည်းသွားရောက်လည်ပတ်နိုင်သလို ညအခါမီးပုံးလေးများနှင့်

လှပနေသည့် ဟွာအမ်း Ancient Night Market ကို သွားရောက်လည်ပတ်နိုင်မှာပဲဖြစ်ပါတယ်။

Hairdressers ဆံပင်ညှပ်ဆိုင်များကိုရှာရန် နှိပ်ပါ။

 

Zawgyi ဖြင့်ဖတ်ရန်...













 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under