ချစ်သူနဲ့ ရန်ဖြစ်တိုင်း မိတ်ဆွေတွေကို မတိုင်ပင်ပါနဲ့

ချစ်သူနဲ့ ရန်ဖြစ်တိုင်း မိတ်ဆွေတွေကို မတိုင်ပင်ပါနဲ့

အချစ်ရေးပြဿနာတွေကြုံလာတိုင်း မိတ်ဆွေတွေကို ဖွင့်ဟတိုင်ပင်ရမှ ဆိုတဲ့သူလေးတွေရှိလား။


မိတ်ဆွေဆိုတာ ချစ်သူ၊ ရည်းစားထက်ကိုယ်နဲ့နီးစပ်မှုရှိတဲ့သူတစ်ယောက်ပါ။ သို့ပေမယ့် သင့်အချစ်ရေးနဲ့ပတ်သက်လို့ သူငယ်ချင်းတွေကိုမတိုင်ပင်သင့်ပါဘူးနော်။

 


ပြဿနာပိုကြီးအောင်လုပ်ခြင်း

 

သင်ချစ်သူနဲ့ ပြဿနာဖြစ်လို့တိုင်ပင်တိုင်း သူငယ်ချင်းတွေက ဖြတ်လိုက်တော့ လို့ပြောတတ်တယ်မဟုတ်လား။ တကယ်တော့ သမီးရည်းစားတွေရန်ဖြစ်တိုင်မပြတ်ဘူးဆိုတာ သူတို့သိပေမယ့် ကိုယ့်သူငယ်ချင်းဘက်က နာပြီး ပြဿနာပိုကြီးအောင် လုပ်တတ်ကြပါတယ်။

 


အဖြေမရှိခြင်း

 

ချစ်သူတွေဖြစ်ကြတဲ့ပြဿနာဆိုတာ တခြားသူတွေအတွက်တော့ ပြဿနာမဟုတ်ပါဘူး။ ဖြေရှင်းဖို့ဆိုတာလည်း လွယ်လွယ်လေးပါ။

 

 

ဒါပေမယ့် ချစ်သူနှစ်ယောက်အတွက်ကတော့မလွယ်ပါဘူး၊ ဖြေရှင်းလို့ကိုမရတာမျိုးပါ။ ဘာလို့လဲဆိုတော့ နှစ်ယောက်ကြားမှာ အချစ်ဆိုတဲ့ခံစားချက်ပါနေတာကြောင့်ပါ။ ဒါကြောင့် သူငယ်ချင်းတွေဆီမှာလည်း ဖြေရှင်းနိုင်မယ့်အဖြေဆိုတာမရှိပါဘူး။

 


ကိုယ့်ဘာသာကိုယ်ဖြေရှင်း

 

ကိုယ့်မှာ မိတ်ဆွေအများကြီးရင် အကြံတွေအများကြီးရမှာပါ။ ၎င်းအပြင် ဘယ်လိုပဲအကြံပေးပေး ဖြေရှင်းရမှာ ကိုယ်ကိုယ်တိုင်ပါ။ထို့ကြောင့် ပြဿနာဖြစ်တိုင်းမိတ်ဆွေများနဲ့ သွားမတိုင်ပင်ပါနဲ့။

 


ကြီးကြီးမားမား ကိုယ်တိုင်မဖြေရှင်းနိုင်တော့လို့ တကယ်အကူအညီလိုမှ တိုင်ပင်တာကောင်းပါတယ်။

 


ခံစားချက်တွေ လျော့မသွားခြင်း

 

ခံစားချက်တွေကို အရမ်းကြီးမြိုသိပ်ထားတာမကောင်းသလို၊ ဖြစ်သမျှအားလုံးရင်ဖွင့်နေတာလည်း မကောင်းပါဘူး။

 

 

အရာအားလုံးကိုဖွင့်ဟတိုင်ပင်လိုက်လို့ ခံစားနေရတာတွေက လျော့မသွားပါဘူး။

 

 

ဒါကြောင့် ရည်းစားနဲ့ပြဿနာဖြစ်ရင် ဖုန်းမခေါ်ဘဲနေခြင်း၊ မက်ဆေ့မပို့ဘဲနေခြင်း ဆိုရှယ်မီဒီယာတွေ နဲ့ခပ်ကင်းကင်းနေလိုက်တာကမှ သင့်ဝေဒနာတွေကိုသက်သာစေမှာပါ။

Read times
Rate this item
(1 Vote)
Tagged under