ဖုန်းပွတ်ခြင်းရဲ့ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုထိန်းချုပ်မလဲ

ဖုန်းပွတ်ခြင်းရဲ့ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုထိန်းချုပ်မလဲ

ဖုန်းပွတ်ခြင်းကြောင့် သမီးရည်းစားဆက်ဆံရေးအဆုံးမသတ်စေဖို့ နည်းလမ်းလေးတွေရှိပါသေးတယ်။

အဲဒါတွေက ဘာတွေလဲဆိုတာကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

-သမီးရည်းစား နှစ်ယောက်ဆုံကြပြီဆိုရင် ဖုန်းတွေကိုဘေးဖယ်ထားပြီး ကိုယ့်ချစ်သူကိုပဲ အပြည့်အဝအချိန်ပေးပါ။

 

-အိပ်ယာထဲကို ဖုန်းယူသွားခြင်းကိုရှောင်ရှားပြီး ကိုယ့်ချစ်သူပြောစကားကို သေချာနားထောင်ပါ။ သူ့မှာ ပြောစရာစကားတွေရှိချင်ရှိနေနိုင်ပါတယ်။

 

-တစ်ယောက်ယောက် ကိုယ့်ကိုစကားပြောနေချိန်မှာ ဖုန်းစခရင်ကိုစိုက်ကြည့်နေတတ်ခြင်းကို ရှောင်ကြဉ်ပါ။ တစ်ဖက်လူကိုလေးစားပါ။

 

-ကိုယ့်ချစ်သူနဲ့အတူတူ အစားစားနေချိန်မှာလည်း ဖုန်းမပွတ်ပါနဲ့။ အစားကိုပဲအာရုံစိုက်စားပြီး ကိုယ့်ချစ်သူနဲ့အတူ ထွေရာလေးပါးစကားလေးတွေ ပြောပါ။

 

ဒီလိုရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေက ဖုန်းပွတ်ခြင်းကြောင့်ဖြစ်တဲ့ အကျိုးဆက်တွေကို ကာကွယ်နိုင်ပါတယ်။ တကယ်လို့ ကိုယ့်ရည်းစားက ဖုန်းအသေပွတ်တတ်သူဆိုရင် ဒီအချက်လေးတွေကို ပြသပြီး လိုက်နာဖို့တောင်းဆိုပါ။

 

တကယ်လို့ ခင်ဗျားက ဖုန်းပွတ်နေမိတတ်တဲ့တစ်ယောက်ဆိုရင် ဒီနည်းလမ်းလေးတွေကို လိုက်နာပြီး ခင်ဗျားတို့နှစ်ယောက်ကြားက ဆက်ဆံရေးကောင်းမွန်မှုကို ပြန်လည်တည်ဆောက်ပါ။

 

ဖုန်းပွတ်ခြင်းက ခင်ဗျားတို့နှစ်ယောက်ကို ဝေးအောင်မလုပ်ခင် ဖုန်းပွတ်ခြင်းကို ဝေးဝေးကရှောင်ရှားလိုက်ပါ။

Read times
Rate this item
(0 votes)
Tagged under