ချစ်သူတိုင်း အသည်းကွဲဖူးမှသိတဲ့ အချက်အလက်များ - ၂

ချစ်သူတိုင်း အသည်းကွဲဖူးမှသိတဲ့ အချက်အလက်များ - ၂

 အချစ်ဟာ လမ်းညွှန်မပါတဲ့ခရီးတစ်ခုလိုပါပဲ။ ဘယ်အချိန်မှာ ပန်းတိုင်ရောက်မလဲ၊ ဘယ်အချိန်မှာ အခက်အခဲနဲ့ကြုံတွေ့မလဲ၊ ဘယ်နေရာမှာ ဘယ်သူနဲ့လမ်းခွဲရမယ်ဆိုကို ကြိုမသိနိုင်ပါဘူး။

 

ခရီးတစ်ခုပြီးဆုံးသွားတဲ့အခါ အတွေ့အကြုံအသစ်တွေကျန်ရစ်ခဲ့သလို အသည်းကွဲခြင်းကလည်း ပိုရင့်ကျက်သူတစ်ယောက်ဖြစ်လာဖို့ သင်ခန်းစာတွေရရှိစေပါတယ်။

 

ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်း

 

ကိုယ့်ကိုယ်ကိုယ် လေးစားပါ။ ချစ်ပါ။ တစ်ဖက်သားကိုစွဲလန်းနေတဲ့အချိန်မှာ စဉ်းစားတွေးခေါ်ပုံတွေကအစ သူ့အပေါ်မှာသာ မူတည်နေတဲ့အတွက် ကိုယ်ဟာကိုယ်တိုင်အတွက်တောင်မှ အရေးမပါတော့တဲ့သူဖြစ်သွားပါတယ်။


ငြင်းပယ်ခွင့်ရှိခြင်း

 

အကြိုက်ချင်းတူတယ်လို့ ခံယူထားပေမယ့် အချိန်နဲ့အမျှ မကြိုက်ပေမယ့်လည်း သဘောတူလိုက်ရတဲ့ကိစ္စ ဖြစ်ဖူးမှာပါ။

 

ကိုယ့်ရဲ့  ပါတနာကလဲ ကိုယ့်ရဲ့အမြင်၊ အကြိုက်တွေကိုလေးစားတတ်ဖို့လိုအပ်ပါတယ်။ ချစ်သူချင်း လေးစားမှုဟာ နားလည်မှုရဲ့အခြေခံဖြစ်ပါတယ်။


သူမရှိလည်း ပျော်စရာတွေအဆုံးသတ်မသွားခြင်း

 

ကိုယ့်ကိုပျော်ရွှင်အောင်ထားမယ့်သူတစ်ယောက်ကို မျှော်လင့်နေမယ့်အစား ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုပျော်ရွှင်အောင် ထားနိုင်တဲ့သူတစ်ယောက်ဖြစ်အောင်နေပါ။


သူနဲ့မတွေ့ခင်တုန်းကလဲ ကိုယ့်ဘ၀က အေးအေးချမ်းချမ်းရှိခြင်း

 

အသည်းကွဲပြီးတဲ့အခါ လူတွေဟာပိုရင့်ကျက်လာကြတယ်၊ အရင်ထက်ပို တော်လာတယ်၊ မိန်းကလေးတွေဆိုလဲ ပိုပြီးလှလာကြပါတယ်။


ဒါဟာ နာကျင်မှုတွေကို ဟန်ဆောင်ဖုံးကွယ်ခြင်းမဟုတ်ဘဲနဲ့ ခံနိုင်ရည်ရှိရှိကျော်ဖြတ်နိုင်သွားလို့သာ ဒီလိုမျိုး Update Version ဖြစ်သွားတယ်ဆိုတာကို အသည်းကွဲဖူးသူတိုင်း လက်ခံကြမှာပါ။

Read times
Rate this item
(2 votes)
Tagged under