အနာဂတ်အတွက် အမှတ်တရတွေကိုဖန်တီးခွင့်ရတဲ့ ကာလလေးဖြစ်တဲ့ Prewedding ရိုက်ကူးမှုမှာ…

အနာဂတ်အတွက် အမှတ်တရတွေကိုဖန်တီးခွင့်ရတဲ့ ကာလလေးဖြစ်တဲ့ Prewedding ရိုက်ကူးမှုမှာ… google

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့လေးမှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေထဲမှ Prewedding ရိုက်ကူးဖို့ပြင်ဆင်နေတဲ့

ပရိတ်သတ်တွေအတွက် Prewedding နဲ့ပတ်သက်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေကို ဝေမျှဖော်ပြပေးချင်ပါတယ်။

Prewedding ရိုက်ကူးတယ်ဆိုတာဟာ လက်မထပ်ခင်လပိုင်းအလိုမှာပြုလုပ်ရတာဖြစ်တာကြောင့် ချစ်သူနှစ်ဦးစလုံးအတွက် အတွေ့အကြုံသစ်၊ခံစားချက်အသစ်တွေရရှိခံစားရစေမှာဖြစ်သလို

တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းမေတ္တာတွေနဲ့ အနာဂတ်အတွက် အမှတ်တရတွေကိုဖန်တီးခွင့်ရတဲ့ ကာလလေးလည်းဖြစ်ပါတယ်။

Prewedding ရိုက်ကူးတော့မယ်ဆို အရင်ဆုံး Photographer ရွေးချယ်ပါ။

ကိုယ်ရိုက်ကူးချင်တဲ့ theme ကို အပြည့်အဝပုံဖော်ပေးနိုင်မယ့် Photographer ကိုသေချာရွေးချယ်ပါ။

ပြီးရင်တော့ Photographer နဲ့တစ်ရက်လောက် အချိန်ယူတွေ့ဆုံကာ ကိုယ့်ရဲ့စိတ်ကူးကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်ပါ။

ဒုတိယအနေနဲ့က ရိုက်ကွင်းတည်နေရာကိုဆုံဖြတ်ဖို့ပဲဖြစ်ပါတယ်။Indoor ရိုက်မှာလား၊ Outdoor ရိုက်မှာလားဆိုတာရွေးချယ်ပါ။

Indoor ဆို ပြင်ဆင်စရာအများကြီးမရှိပေမယ့် Outdoor ဆိုရင်တော့ ပြင်ဆင်စရာတွေ အရမ်းပဲများလာနိုင်ပါတယ်။

တကယ်လို့ ရိုက်ကွင်းနေရာရွေးချယ်ဖို့ကိုယ့်အတွက်အခက်အခဲရှိနေတယ်ဆိုရင်လည်း Photographer နဲ့ညှိနှိုင်းကာ အကြံဉာဏ်ရယူနိုင်ပါတယ်။

Prewedding ရိုက်ကူးဖို့ပြင်ဆင်တဲ့နေရာမှာ အရေးကြီးတဲ့နောက်တစ်ချက်ကတော့ ဝတ်စုံပဲဖြစ်ပါတယ်။

သတို့သားရောသတို့သမီးရောနဲ့လိုက်ဖက်တဲ့ဝတ်စုံကိုသေချာရွေးချယ်တတ်ဖို့ကလည်းအရေးကြီးတဲ့အချက်ပါပဲနော်။

ခန္ဓာကိုယ်အချိုးအစားနဲ့လိုက်ဖက်ညီတဲ့ ဝတ်စုံဖြစ်ဖို့လိုသလို သက်တောင့်သက်သာရှိဖို့ကိုလည်းဦးစားပေးရွေးချယ်ပေးဖို့လိုအပ်ပါတယ်။

ရိုက်ကူးချိန်ကိုလည်း မေ့ထားလို့မရပါဘူးနော်။ ဓာတ်ပုံရိုက်ကူးဖို့အတွက် အကောင်းဆုံးအချိန်တွေကတော့ မနက်နဲ့ညနေပိုင်းပဲဖြစ်ပါတယ်။

ဒါပေမယ့် တကယ်ကျွမ်းကျင်တဲ့ Photographer တွေဟာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ထူးခြားတဲ့ ဓာတ်ပုံတွေကိုဖန်တီးနိုင်တယ်ဆိုတာကို သတိရပေးပါနော်။

Photoshot နဲ့တခြား Application တွေကိုသုံးပြီးဓာတ်ပုံတွေကိုလှအောင်ပြုပြင်လို့ရပေမယ့်လည်း တကယ့်အပြုံးတွေနဲ့ ချစ်ခြင်းတွေကိုတော့ ဘာနဲ့မှဖန်တီးယူလို့မရပါဘူးနော်။

ဒါကြောင့် Prewedding ရိုက်ကူးနေချိန်မှာအကောင်းမွန်ဆုံးသောခံစားသက်ဝင်မှုတွေရှိနေဖို့ကလည်းအရေးကြီးပါတယ်။

အခုဖော်ပြပေးခဲ့တာတွေကတော့ Prewedding ရိုက်ကူးရာမှာ ပြင်ဆင်ထားသင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။

နောက်တစ်ပတ်မှာလည်း အခုလိုအကြောင်းအရာလေးတွေကို ရေးသားဖော်ပြပေးသွားဦးမှာဖြစ်လို့ ဆက်လက်ဖတ်ရှုပေးဖို့လည်း ဖိတ်ခေါ်ပါတယ်ရှင်။

Reference: pixelworks.com

Gold Shops/Goldsmiths (1829) ဆိုင်များရှာရန်နှိပ်ပါ။

 

 

Zawgyi ျဖင့္ဖတ္ရန္

အားလုံးပဲမဂၤလာပါရွင္။ဒီေန႔ေလးမွာေတာ့ Myanmar Wedding Guide ပရိတ္သတ္ေတြထဲမွ Prewedding ႐ိုက္ကူးဖို႔ျပင္ဆင္ေနတဲ့

ပရိတ္သတ္ေတြအတြက္ Prewedding နဲ႔ပတ္သက္တဲ့ ေဆာင္ရန္ေရွာင္ရန္ေလးေတြကို ေဝမွ်ေဖာ္ျပေပးခ်င္ပါတယ္။

Prewedding ႐ိုက္ကူးတယ္ဆိုတာဟာ လက္မထပ္ခင္လပိုင္းအလိုမွာျပဳလုပ္ရတာျဖစ္တာေၾကာင့္ ခ်စ္သူႏွစ္ဦးစလုံးအတြက္ အေတြ႕အႀကဳံသစ္၊ခံစားခ်က္အသစ္ေတြရရွိခံစားရေစမွာျဖစ္သလို

တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ျခင္းေမတၱာေတြနဲ႔ အနာဂတ္အတြက္ အမွတ္တရေတြကိုဖန္တီးခြင့္ရတဲ့ ကာလေလးလည္းျဖစ္ပါတယ္။

Prewedding ႐ိုက္ကူးေတာ့မယ္ဆို အရင္ဆုံး Photographer ေ႐ြးခ်ယ္ပါ။

ကိုယ္႐ိုက္ကူးခ်င္တဲ့ theme ကို အျပည့္အဝပုံေဖာ္ေပးႏိုင္မယ့္ Photographer ကိုေသခ်ာေ႐ြးခ်ယ္ပါ။

ၿပီးရင္ေတာ့ Photographer နဲ႔တစ္ရက္ေလာက္ အခ်ိန္ယူေတြ႕ဆုံကာ ကိုယ့္ရဲ႕စိတ္ကူးကို ပြင့္ပြင့္လင္းလင္းေဆြးေႏြးတိုင္ပင္ပါ။

ဒုတိယအေနနဲ႔က ႐ိုက္ကြင္းတည္ေနရာကိုဆုံျဖတ္ဖို႔ပဲျဖစ္ပါတယ္။Indoor ႐ိုက္မွာလား၊ Outdoor ႐ိုက္မွာလားဆိုတာေ႐ြးခ်ယ္ပါ။

Indoor ဆို ျပင္ဆင္စရာအမ်ားႀကီးမရွိေပမယ့္ Outdoor ဆိုရင္ေတာ့ ျပင္ဆင္စရာေတြ အရမ္းပဲမ်ားလာႏိုင္ပါတယ္။

တကယ္လို႔ ႐ိုက္ကြင္းေနရာေ႐ြးခ်ယ္ဖို႔ကိုယ့္အတြက္အခက္အခဲရွိေနတယ္ဆိုရင္လည္း Photographer နဲ႔ညႇိႏႈိင္းကာ အႀကံဉာဏ္ရယူႏိုင္ပါတယ္။

Prewedding ႐ိုက္ကူးဖို႔ျပင္ဆင္တဲ့ေနရာမွာ အေရးႀကီးတဲ့ေနာက္တစ္ခ်က္ကေတာ့ ဝတ္စုံပဲျဖစ္ပါတယ္။

သတို႔သားေရာသတို႔သမီးေရာနဲ႔လိုက္ဖက္တဲ့ဝတ္စုံကိုေသခ်ာေ႐ြးခ်ယ္တတ္ဖို႔ကလည္းအေရးႀကီးတဲ့အခ်က္ပါပဲေနာ္။

ခႏၶာကိုယ္အခ်ိဳးအစားနဲ႔လိုက္ဖက္ညီတဲ့ ဝတ္စုံျဖစ္ဖို႔လိုသလို သက္ေတာင့္သက္သာရွိဖို႔ကိုလည္းဦးစားေပးေ႐ြးခ်ယ္ေပးဖို႔လိုအပ္ပါတယ္။

႐ိုက္ကူးခ်ိန္ကိုလည္း ေမ့ထားလို႔မရပါဘူးေနာ္။ ဓာတ္ပုံ႐ိုက္ကူးဖို႔အတြက္ အေကာင္းဆုံးအခ်ိန္ေတြကေတာ့ မနက္နဲ႔ညေနပိုင္းပဲျဖစ္ပါတယ္။

ဒါေပမယ့္ တကယ္ကြၽမ္းက်င္တဲ့ Photographer ေတြဟာ ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ ထူးျခားတဲ့ ဓာတ္ပုံေတြကိုဖန္တီးႏိုင္တယ္ဆိုတာကို သတိရေပးပါေနာ္။

Photoshot နဲ႔တျခား Application ေတြကိုသုံးၿပီးဓာတ္ပုံေတြကိုလွေအာင္ျပဳျပင္လို႔ရေပမယ့္လည္း တကယ့္အၿပဳံးေတြနဲ႔ ခ်စ္ျခင္းေတြကိုေတာ့ ဘာနဲ႔မွဖန္တီးယူလို႔မရပါဘူးေနာ္။

ဒါေၾကာင့္ Prewedding ႐ိုက္ကူးေနခ်ိန္မွာအေကာင္းမြန္ဆုံးေသာခံစားသက္ဝင္မႈေတြရွိေနဖို႔ကလည္းအေရးႀကီးပါတယ္။

အခုေဖာ္ျပေပးခဲ့တာေတြကေတာ့ Prewedding ႐ိုက္ကူးရာမွာ ျပင္ဆင္ထားသင့္တဲ့အခ်က္ေတြပဲျဖစ္ပါတယ္။

ေနာက္တစ္ပတ္မွာလည္း အခုလိုအေၾကာင္းအရာေလးေတြကို ေရးသားေဖာ္ျပေပးသြားဦးမွာျဖစ္လို႔ ဆက္လက္ဖတ္ရႈေပးဖို႔လည္း ဖိတ္ေခၚပါတယ္ရွင္။

Reference: pixelworks.com

Gold Shops/Goldsmiths (1829) ဆိုင္မ်ားရွာရန္နွိပ္ပါ။

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under