ချစ်သူနဲ့ပတ်သက်ပြီးတစ်ခုခုဆိုအတွေးလွန်တတ်တဲ့ ကောင်မလေးတွေဆိုတာ ဒီလိုပါ

ချစ်သူနဲ့ပတ်သက်ပြီးတစ်ခုခုဆိုအတွေးလွန်တတ်တဲ့ ကောင်မလေးတွေဆိုတာ ဒီလိုပါ google.com

မိန်းကလေးတွေဟာ အတွေးလွန်တတ်တဲ့နေရာမှာတော့ နှစ်ယောက်မရှိပါဘူး။ အထူးသဖြင့်ကိုယ့် အချစ်ဆုံးသူတွေ၊ အမြတ်နိုးဆုံးသူတွေနဲ့ပတ်သက်ရင် ပိုပြီးအတွေးလွန်တတ်ပါတယ်။

အခုဖော်ပြပေးမှာကတော့ ချစ်သူနဲ့ပတ်သက်ပြီး တစ်ခုခုဆို အတွေးလွန်တတ်တဲ့ ကောင်မလေးတွေပဲဖြစ်ပါတယ်။ တကယ်လို့သင်ဟာ ဒီအချက်တွေနဲ့ကိုက်ညီနေတယ်ဆိုရင်တော့ ချစ်သူကိုအရမ်းချစ်တတ်တဲ့သူတစ်ယောက်ပါ။

 

 

() ဖုန်းမကိုင်ရင်

 

ချစ်သူဖုန်းမကိုင်တဲ့အခါ အတွေးလွန်တတ်တဲ့မိန်းကလေးတွေကတော့ သောကတွေရောက်နေရပါတယ်။ ချစ်သူဒုက္ခများရောက်နေသလား၊ လူဆိုးတွေများဖမ်းသွားသလားဆိုပြီး ကြံဖန်စိတ်ပူနေတတ်တဲ့သူတွေပါ။ အဆိုးဆုံးကတော့ ချစ်သူသေများသေသွားသလားဆိုပြီး ထင်တတ်ကြတာပါပဲ။ ဒီလိုအတွေးပေါင်းစုံတွေးပြီး တစ်ခါတလေ တိတ်တိတ်လေးငိုနေတတ်ပါတယ်။

 

 

() ချစ်သူအလုပ်များနေရင်

 

ချစ်သူကအလုပ်များနေလို့ ကိုယ့်ကိုအချိန်မပေးနိုင်ဘူး၊ သိပ်ပြီး ဂရုမစိုက်နိုင်ဘူးဆိုရင် မိန်းကလေးတွေဟာ အရမ်းကို စိတ်ထိခိုက်တတ်ကြပါတယ်။ အလုပ်များနေတယ်ဆိုတာ သိသိကြီးနဲ့ကို တခြားအကြောင်းရင်းများရှိနေမလားဆိုပြီး စိတ်ပူနေတတ်သူတွေပါ။ ချစ်သူကအရင်လိုမချစ်တော့လို့ ၊ အသစ်တွေ့သွားလို့ ဂရုမစိုက်တော့တာလို့ထင်တတ်ကြတာပါ။

 

 

() ဖုန်းမအားရင်

 

ဒီလိုမိန်းကလေးတွေဟာ ချစ်သူကို မကြာမကြာဖုန်းဆက်တတ်တဲ့သူတွေပါ။ ဖုန်းဆက်လိုက်လို့ ချစ်သူဖုန်းမအားတဲ့အခါတွေမှာ တန်းပြီးတွေးတတ်ကြတာကတော့ ဘယ်သူနဲ့ပြောနေတာလဲ၊ ကိုယ်ဖုန်းမဆက်တုန်း နောက်ရည်းစားကို ခိုးဆက်နေတာများလားဆိုတဲ့အတွေးတွေ ဝင်တတ်ကြတာပါပဲ။ ဒါပေမယ့် ဘယ်သူ့ဖုန်းမှ ၂၄ နာရီတော့ အားမနေဘူးဆိုတာလေး သတိရပြီး အတွေးလွန်တာလေးတွေလျှော့ပါနော်။

 

 

() စိတ်မရှည်ရင်

 

မိန်းကလေးတွေဟာ ချစ်သူရဲ့ စိတ်ရှည်မှုကို အမြဲစမ်းသပ်ချင်တဲ့သူတွေပါ။ သူတို့ဟာ ချစ်သူကို စမ်းသပ်ချင်လို့ တမင်တကာရစ်တာတွေ၊ စိတ်ဆိုးပြတာတွေ၊ စိတ်ကောက်ပြတာတွေ လုပ်တတ်တဲ့သူတွေပါ။ တကယ်လို့ အဲလိုစမ်းသပ်နေတဲ့အချိန်မှာ ချစ်သူက အကြောင်းအမျိုးမျိုးကြောင့် စိတ်မရှည်တဲ့အခါတွေမှာ အတွေးလွန်တတ်တဲ့ မိန်းကလေးတွေကချစ်သူစိတ်မရှည်ရခြင်းဟာ အသစ်တစ်ယောက်တွေ့နေလို့ ဒါမှမဟုတ် ကိုယ့်ကို အချစ်ပေါ့သွားလို့လို့ထင်တတ်ပြီး ကြိတ်ဝမ်းနည်းနေတတ်ပါတယ်။

 

 

() အော်ရင်

 

မိန်းကလေးတိုင်းရဲ့ အမုန်းဆုံးအရာကတော့ ချစ်သူကကိုယ့်ကို အော်တာပါပဲ။ သာမန်မိန်းကလေးတစ်ယောက်က ချစ်သူလာအော်ရင် ကိုယ်လည်းပြန်အော်၊ အချိန်တန်စိတ်ပြေသွားတယ်ဆိုပေမယ့် အတွေးလွန်တတ်တဲ့မိန်းကလေးတွေကတော့ ချစ်သူကအော်တဲ့အခါမှာ အရမ်းစိတ်ထိခိုက်သွားတဲ့အပြင် ချစ်သူက ကိုယ့်ကိုတန်ဖိုးမထားတော့ဘူး၊ အသစ်တွေ့နေပြီလို့ ထင်တတ်ကြပါတယ်။

 

 

Credit;Aunty May

Read times Last modified on Tuesday, 18 September 2018 15:54
Rate this item
(1 Vote)